[Zawgyi]

အဓိပၸါယ္ရွိတဲ့အခ်ိန္ေတြ ကုန္ရက်ိိဳးနပ္မယ့္ကိုရီးယားဇာတ္ကားမ်ား

တကယ္ကို အခ်ိန္ကုန္ရက်ိဳးနပ္ၿပီး ဇာတ္ကားၾကည့္ၿပီးတာနဲ႕ တန္ဖိုးရွိတဲ့ အခ်ိန္ေတြကိုေပး လိုက္ရတာတန္တယ္ဆိုတဲ့ဇာတ္ကားတခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ပါတယ္။ဒီဇာတ္ကားေတြဟာ ကိုရီးယားနိုင္ငံမွာလည္း လူႀကိဳက္မ်ားတဲ့နာမည္ႀကီးဇာတ္ကားေတြပါ။ အခ်ိန္အၾကာၿပီးေပးၾကည့္ရတဲ့ ဇာတ္လမ္းတြဲေတြမဟုတ္တာေၾကာင့္လည္း ရံုးပိတ္ရက္ေတြမွာၾကည့္လိုသူေတြအတြက္ ေရြးခ်ယ္ၿပီးၾကည့္နုိင္မယ့္ဇာတ္ကားေတြလည္းျဖစ္ပါတယ္။ဇာတ္ကားေတြကေတာ့ Battleship Island (2017) ၊ A Taxi Driver (2017)၊ Mother (2009) ၊ Silenced (2011) ၊ Hope (2013) တို႕ပဲျဖစ္ပါတယ္။

ဒီဇာတ္ကားေတြထဲမွာမွ Battleship Island (2017) ၊ A Taxi Driver (2017) ကေတာ့နို္င္ငံေရးကို စိတ္ဝင္စားၿပီး ဇာတ္ကားတစ္ခုလံုးကိုု သိုင္းသိုင္းဝိုင္းဝိုင္း ဇာတ္အိမ္က်ယ္က်ယ္နဲ႔ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ ေရြးခ်ယ္ၿပီးၾကည့္သင့္ပါတယ္။ဒီဇာတ္ကားနွစ္ခုလံုးက စိတ္ဓါတ္ျပင္းထန္ၿပီး မိမိနိုင္ငံအတြက္လႈပ္ရွားတဲ့ ဇာတ္လမ္းပံုစံမ်ိဳးေတြျဖစ္ပါတယ္။

Hope Movie

Silenced (2011) ၊ Hope (2013) ကေတာ့ သက္ငယ္မုဒိမ္းကိုအေျခခံၿပီး ပညာေပးရိုက္ကူးထားတဲ့ ဇာတ္ကားနွစ္ကားျဖစ္ပါတယ္။ ဒီထဲကမွ Hope(2013)အေၾကာင္းအနည္းငယ္ေျပာျပခ်င္ပါတယ္။ ဒီဇာတ္ကားကို ကိုရီးယား ဒါ႐ိုက္တာ Lee Joon-ik  ႐ိုက္ကူးထားၿပီး ဆုေတြ အမ်ားႀကီးရ႐ွိထားတဲ့အျပင္ ပရိသတ္ရဲ႕ ရင္ထဲကို Message တစ္ခုခု ေရာက္ေစတဲ့အထိကို ေကာင္းတဲ့ ဇာတ္ကားေလးပါ။ ဇာတ္လမ္းရဲ႕ အဓိကေပးခ်င္တဲ့ Message ကေတာ့ မိဘေတြအရမ္းအလုပ္ရႈပ္ေနရင္ေတာင္ ကိုယ့္ရဲ႕သားသမီးကို ဂရုမစိုက္မိဘဲထားလိုက္တဲ့အခါ ဘယ္လိုဆိုးက်ိဳးေတြၾကံဳေတြ႕ရတတ္သလဲ ဆိုတာကို အဓိကေျပာျပခဲ့တာလည္းျဖစ္ပါတယ္။ သက္ငယ္မုဒိမ္းေတြရဲ႕ျဖစ္ေနၾကပံုစံေတြနဲ႕လည္း ဆင္တူတာမို႕ဇာတ္ကားၾကည့္ေနရင္း ဘယ္လိုအေၾကာင္းတရားေတြေၾကာင့္ဒီလိုကိစၥ ေတြျဖစ္ေပၚလာတက္သလဲ ဆိုတာကိုလည္း သိျမင္နိုင္မယ္လို႕ထင္ပါတယ္။ သမီးမိန္းကေလးေမြးထားတဲ့ မိခင္ေတြ အရြယ္ေရာက္ၿပီးသား သူေတြအေနနဲ႕ ျပန္လည္မွ်ေဝၾကည့္ရႈ႕နုိင္တဲ့ဇာတ္ကားေကာင္းတစ္ခုျဖစ္ပါတယ္။

Mother(2009) ဆိုတဲ့ဇာတ္ကားကေတာ့ သိပ္ကိုထူးဆန္းစြာရိုက္ကူးထားတဲ့ မိခင္ေမတၱာဖြဲ႕ဇာတ္ကားပါ။သားျဖစ္သူက စိတ္ေဝဒနာျဖစ္ေနေတာ့မိခင္ျဖစ္သူမွာ အခ်စ္ေတြပိုလို႔ဒီသားေလးကို ဇာတ္ကားအစမွဆံုးသည္အထိဘယ္လိုေတြ ခ်စ္ၿပီးေစာင့္ေရွာက္ေပးသြားသလဲ ဆိုတာကိုေတြ႕ျမင္ရမွာျဖစ္ပါတယ္။ အခုေဖာ္ျပေပးခဲ့တဲ့ဇာတ္ကားေတြဟာ စိတ္သပ္သပ္သာသာနဲ႕ၾကည့္ရႈနိုင္မယ့္ ဇာတ္ကားမ်ိဳးေတြမဟုတ္ေပမယ့္လည္း တကယ္ကိုအခ်ိန္ကုန္ရက်ိဳးနပ္ၿပီး ဇာတ္ကားၾကည့္ၿပီးတာနဲ႕ရင္ထဲမွာ အားရေက်နပ္မႈေတြ အျပည့္နဲ႕ လူ႕ေလာကမွာ ၾကံဳေတြ႕ေနက် အေထြေထြဗဟုသုတေတြကိုေပးနိုင္မယ့္ ဇာတ္ကား ၅ ကားပဲျဖစ္ပါတယ္။

Photo Credit:Film Misery

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အဓိပ္ပါယ်ရှိတဲ့အချိန်တွေ ကုန်ရကျိုးနပ်မယ့်ကိုရီးယားဇာတ်ကားများ

တကယ်ကို အချိန်ကုန်ရကျိုးနပ်ပြီး ဇာတ်ကားကြည့်ပြီးတာနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကိုပေး လိုက်ရတာတန်တယ်ဆိုတဲ့ဇာတ်ကားတချို့ကိုဖော်ပြပေးလိုက်ပါတယ်။ဒီဇာတ်ကားတွေဟာ ကိုရီးယားနိုင်ငံမှာလည်း လူကြိုက်များတဲ့နာမည်ကြီးဇာတ်ကားတွေပါ။ အချိန်အကြာပြီးပေးကြည့်ရတဲ့ ဇာတ်လမ်းတွဲတွေမဟုတ်တာကြောင့်လည်း ရုံးပိတ်ရက်တွေမှာကြည့်လိုသူတွေအတွက် ရွေးချယ်ပြီးကြည့်နိုင်မယ့်ဇာတ်ကားတွေလည်းဖြစ်ပါတယ်။ဇာတ်ကားတွေကတော့ Battleship Island (2017) ၊ A Taxi Driver (2017)၊ Mother (2009) ၊ Silenced (2011) ၊ Hope (2013) တို့ပဲဖြစ်ပါတယ်။

ဒီဇာတ်ကားတွေထဲမှာမှ Battleship Island (2017) ၊ A Taxi Driver (2017) ကတော့နိုင်ငံရေးကို စိတ်ဝင်စားပြီး ဇာတ်ကားတစ်ခုလုံးကိုု သိုင်းသိုင်းဝိုင်းဝိုင်း ဇာတ်အိမ်ကျယ်ကျယ်နဲ့ကြည့်ချင်တယ်ဆိုရင်တော့ ရွေးချယ်ပြီးကြည့်သင့်ပါတယ်။ဒီဇာတ်ကားနှစ်ခုလုံးက စိတ်ဓါတ်ပြင်းထန်ပြီး မိမိနိုင်ငံအတွက်လှုပ်ရှားတဲ့ ဇာတ်လမ်းပုံစံမျိုးတွေဖြစ်ပါတယ်။

Hope Movie

Silenced (2011) ၊ Hope (2013) ကတော့ သက်ငယ်မုဒိမ်းကိုအခြေခံပြီး ပညာပေးရိုက်ကူးထားတဲ့ ဇာတ်ကားနှစ်ကားဖြစ်ပါတယ်။ ဒီထဲကမှ Hope(2013)အကြောင်းအနည်းငယ်ပြောပြချင်ပါတယ်။ ဒီဇာတ်ကားကို ကိုရီးယား ဒါရိုက်တာ Lee Joon-ik ရိုက်ကူးထားပြီး ဆုတွေ အများကြီးရရှိထားတဲ့အပြင် ပရိသတ်ရဲ့ ရင်ထဲကို Message တစ်ခုခု ရောက်စေတဲ့အထိကို ကောင်းတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းရဲ့ အဓိကပေးချင်တဲ့ Message ကတော့ မိဘတွေအရမ်းအလုပ်ရှုပ်နေရင်တောင် ကိုယ့်ရဲ့သားသမီးကို ဂရုမစိုက်မိဘဲထားလိုက်တဲ့အခါ ဘယ်လိုဆိုးကျိုးတွေကြုံတွေ့ရတတ်သလဲ ဆိုတာကို အဓိကပြောပြခဲ့တာလည်းဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းတွေရဲ့ဖြစ်နေကြပုံစံတွေနဲ့လည်း ဆင်တူတာမို့ဇာတ်ကားကြည့်နေရင်း ဘယ်လိုအကြောင်းတရားတွေကြောင့်ဒီလိုကိစ္စ တွေဖြစ်ပေါ်လာတက်သလဲ ဆိုတာကိုလည်း သိမြင်နိုင်မယ်လို့ထင်ပါတယ်။ သမီးမိန်းကလေးမွေးထားတဲ့ မိခင်တွေ အရွယ်ရောက်ပြီးသား သူတွေအနေနဲ့ ပြန်လည်မျှဝေကြည့်ရှု့နိုင်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

Mother(2009) ဆိုတဲ့ဇာတ်ကားကတော့ သိပ်ကိုထူးဆန်းစွာရိုက်ကူးထားတဲ့ မိခင်မေတ္တာဖွဲ့ဇာတ်ကားပါ။သားဖြစ်သူက စိတ်ဝေဒနာဖြစ်နေတော့မိခင်ဖြစ်သူမှာ အချစ်တွေပိုလို့ဒီသားလေးကို ဇာတ်ကားအစမှဆုံးသည်အထိဘယ်လိုတွေ ချစ်ပြီးစောင့်ရှောက်ပေးသွားသလဲ ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အခုဖော်ပြပေးခဲ့တဲ့ဇာတ်ကားတွေဟာ စိတ်သပ်သပ်သာသာနဲ့ကြည့်ရှုနိုင်မယ့် ဇာတ်ကားမျိုးတွေမဟုတ်ပေမယ့်လည်း တကယ်ကိုအချိန်ကုန်ရကျိုးနပ်ပြီး ဇာတ်ကားကြည့်ပြီးတာနဲ့ရင်ထဲမှာ အားရကျေနပ်မှုတွေ အပြည့်နဲ့ လူ့လောကမှာ ကြုံတွေ့နေကျ အထွေထွေဗဟုသုတတွေကိုပေးနိုင်မယ့် ဇာတ်ကား ၅ ကားပဲဖြစ်ပါတယ်။

Photo Credit:Film Misery

ကြည်သာ (Akhayar)

www.akhayar.co