[Zawgyi]

‘Special One’က ‘Finished One’ ျဖစ္ေတာ့မွာလား ေမာ္ရင္ဟုိ Mourinho

၂၀၀၄-၀၅ ရာသီမွာ ခ်ယ္လ္ဆီးအသင္းကုိ ေမာ္ရင္ဟုိ Mourinho စေရာက္တ့ဲအခ်ိန္ သတင္းစာရွင္းလင္းပဲြ မွာ ေျပာခဲ့တဲ့စကားကုိ ပရိသတ္ေတြ မွတ္မိေနဦးမွာပါ။ ”ကၽြန္ေတာ့္ကုိ မာနႀကီးတဲ့သူ (Arrogant) တစ္ေယာက္လုိ႔ မေခၚပါနဲ႔။ ဒါေပမဲ့ ကၽြန္ေတာ္က ဥေရာပဖလားရခဲ့တာေၾကာင့္ Special One နည္းျပတစ္ေယာက္ျဖစ္ထုိက္တယ္လုိ႔ေတာ့ ထင္ပါတယ္”။ အဲဒီအခ်ိန္တုန္းက ေမာ္ရင္ဟုိဟာ ေပၚတိုနဲ႔အတူ ခ်န္ပီယံလိဂ္ ဖလားရၿပီးခါစ သူ႔နာမည္ကလည္း ဥေရာပေဘာလုံးေလာကမွာ ထင္ရွားလာစ၊ လူကလည္း ခပ္ငယ္ငယ္ဆုိ ေတာ့ ေလလုံးကလည္း ခပ္ထြားထြားေပ့ါ။ ဒါေပမဲ့ ေမာ္ရင္ဟုိဟာ သူေျပာသလုိ Special One ဂုဏ္ပုဒ္နဲ႔ ကုိက္ညီတဲ့ ေအာင္ျမင္မႈေတြကုိ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ရယူျပႏုိင္ခဲ့တယ္။ ပထမဆုံးရာသီမွာ ခ်ယ္လ္ဆီး အသင္းအတြက္ ပထမဆုံးပရီးမီးယားလိဂ္ဖလား၊ အဂၤလန္လိဂ္သမုိင္းတစ္ေလွ်ာက္ဆုိရင္ေတာ့ ဒုတိယအႀကိမ္ေျမာက္ အမွတ္ေပးဖလားအျပင္ လိဂ္ဖလားကုိ ရယူႏုိင္ခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္ရဲ႕ Old Service ေတြျဖစ္တဲ့ အာစင္၀င္းဂါး Arsene Wenger၊ ဖာဂူဆန္ Ferguson တို႔ လႊမ္းမုိးေနမႈကုိ အဆုံးသတ္ႏုိင္ခဲ့တယ္။

Mourinho-with-Premier-League-Trophy

Mourinho-with-Premier-League-Trophy

ခ်ယ္လ္ဆီးအသင္းကုိ ကုိင္တြယ္ခဲ့တဲ့ (၃)ႏွစ္နီးပါး ကာလအတြင္း ဆုဖလား(၈)ခုရယူၿပီး အသင္းသမုိင္း တစ္ေလွ်ာက္ ေအာင္ျမင္မႈအမ်ားဆုံး နညး္ျပျဖစ္ခဲ့တယ္။ ခ်ယ္လ္ဆီးနဲ႔ လမ္းခဲြခဲ့ၿပီးေတာ့ အင္တာမီလန္ကုိ ေရာက္တယ္။ ၂၀၀၉-၁၀ ရာသီမွာ စီးရီးေအ၊ ခ်န္ပီယံလိဂ္၊ ကုိပါအီတာလီယာဖလားတို႔ကုိ ရယူခဲ့ၿပီး အသင္းသမုိင္း တစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဖလား(၃)လုံးခ်န္ပီယံျဖစ္ေစခဲ့တယ္။ အဲဒီေနာက္ပုိင္း ရီးယဲလ္၊ ခ်ယ္လ္ဆီး တစ္ေက်ာ႔ျပန္ခရီးေတြမွာလည္း ထုိက္သင့္တာထက္ ပုိတဲ့ ေအာင္ျမင္မႈေတြကုိ ရယူခဲ့ၿပီး Special One ဆုိတဲ့ ဂုဏ္ပုဒ္ကုိ ဆက္ထိန္းခဲ့တယ္။ ေမာ္ရင္ဟုိရဲ႕ Philosophy ၊ ေျပာင္ေျမာက္တဲ့ နည္းဗ်ဴဟာ( Tactical Prowess)၊ Game Management ၊ ပဲြအေျခအေနေပၚ မူတည္ၿပီး နည္းဗ်ဴဟာ ေျပာင္းလဲမႈ(Adaptability to different situations) စတဲ့အခ်က္ေတြက ေမာ္ရင္ဟုိရဲ႕ထင္ရွားတဲ့ အရည္ အေသြးေတြပါပဲ။ ဖာဂူဆန္ Ferguson ေခတ္လြန္ ေအာင္ျမင္မႈေတြေ၀းကြာၿပီး ပုံရိပ္က် ဆင္းေနတဲ့ မန္ယူအသင္းကုိ ေမာ္ရင္ဟုိ ကုိင္တြယ္ခဲ့ခ်ိန္မွာ မန္ယူပရိသတ္ေတြက လႈိက္လိႈက္လဲွလဲွ ႀကိဳဆုိခဲ့ၾကၿပီး တစ္ေကာ်႔ျပန္ေအာင္ျမင္မႈေတြ ရဖုိ႔ ေမွ်ာ္လင့္ခ်က္ေတြ တစ္ေပြ႕တစ္ပုိက္နဲ႔ေပ့ါ။ရာသီအစမွာ ေပါ့ဘာ Pogba ကုိ ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚ၊ ဆြီဒင္၀ါရင့္တိုက္စစ္မွဴး အီဘရာဟီမုိဗစ္ Ibrahimovic ေရာက္လာ၊ ဘာယီ Baily၊ မစ္ခီတာရီယန္ Mkhitaryan တို႔လုိ အရည္အေသြးျမင့္ ကစားသမားေတြကုိ ေခၚယူအားျဖည့္ခဲ့တယ္။ ပထမဆုံးရာသီမွာ မန္ယူအသင္း ပရီးမီးယားလိဂ္အဆင့္(၆)သာရခဲ့ေပမယ့္ ယူ႐ုိပါလိဂ္၊ လိဂ္ဖလားရယူခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္ေက်နပ္စရာျဖစ္ခဲ့တယ္။ ဒါေပမဲ့ တစ္ရာသီလုံးေျခစြမ္းကုိ ၾကည့္မယ္ဆုိရင္ အားရစရာမရွိခဲ့တာေၾကာင့္ ေ၀ဖန္သံထြက္လာခဲ့ေပမယ့္ ရာသီကုန္မွာ ဖလား(၂)လုံးရခဲ့တဲ့ ေအာင္ျမင္မႈက အဲဒီေ၀ဖန္သံေတြကုိ ဖုံးလႊမ္းသြားခဲ့တယ္။ ေနာက္ၿပီး ေမာ္ရင္ဟုိဟာ သူ႔ နညး္ျပဘ၀တစ္ေလွ်ာက္ ပထမရာသီထက္ ဒုတိယရာသီမွာ ပုိေအာင္ျမင္မႈ ရယူေလ့ရွိသူအျဖစ္ နာမည္ေက်ာ္တာေၾကာင့္ ဒုတိယရာသီမွာ ဘာေတြလုပ္ျပမလဲဆုိတာ ပရိသတ္ေတြ ေစာင့္ၾကည့္ခဲ့ၾကပါတယ္။

Mourinho-was-criticized-for-his-Boring-Tatic

Mourinho-was-criticized-for-his-Boring-Tatic

ဒီရာသီအစမွာလည္း ေမာ္ရင္ဟုိက လူကာကူ Lukaku၊ မာတစ္ Matic၊ ေဆာင္းရာသီမွာ အလက္ဆစ္ဆန္းခ်က္ဇ္ Alexis Sánchez စတဲ့ကစားသမားေတြကုိ ေခၚယူခဲ့တာေၾကာင့္ မန္ယူရဲ႕ ကစားသမားစာရငး္က ဆုဖလားေတြကုိ စိန္ေခၚလုိ႔ရႏုိင္တဲ့အေနအထားကုိ ေရာက္လာခဲ့တယ္။ ဒါေပမဲ့ ပရိသတ္ေတြ သိတဲ့အတိုင္းပဲ ဒီရာသီမွာ မန္ယူဟာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ လိဂ္ဖလားေတြကုိ လက္လႊတ္ခဲ့ရၿပီး အခုေနာက္ဆုံး FA ဖလားတစ္လုံးသာ ေမွ်ာ္လင့္စရာရွိပါေတာ့တယ္။ ပရိသတ္ေတြ ေမွ်ာ္လင့္ခဲ့တဲ့ ေမာ္ရင္ဟုိ ရဲ႕ ဒုတိယရာသီကလည္း စိတ္ပ်က္စရာအတိ။ အဲဒါေတြထက္ အဆုိးဆုံးက မန္ယူရဲ႕ ေျခစြမ္းပဲ။ မန္ယူဆုိတာက အစဥ္အလာတစ္ေလွ်ာက္မွာ ေျဖေဖ်ာ္မႈေပးႏုိင္တဲ့ကစားပုံ၊ Effective Attacking Style ၊ ေနာက္ဆုံးမိနစ္အထိ အႏုိင္မခံအ႐ႈံးမေပးတတ္တဲ့ Fighting Spirit ၊ Winning Mentality စတဲ့အခ်က္ေတြနဲ႔အတူ နာမည္ေက်ာ္ခဲ့တဲ့အသငး္။ ဒါေပမဲ့ ေမာ္ရင္ဟုိလက္ထက္မွာ အဲဒီလုိ တိုက္စစ္အားသန္အသင္းကုိ ခံစစ္အသားေပးအသင္းအျဖစ္ ေျပာင္းျပန္လွန္ပစ္လုိက္တယ္။ အရင္တုန္းက ေမာ္ရင္ဟုိဆုိရင္ Special One လုိ႔ နာမည္ႀကီးေပမယ့္ အခုေမာ္ရင္ဟုိဆုိရင္ ဘတ္စ္ကားကြက္ သုံးတဲ့နည္းျပဆုိၿပီး ျပည္တြင္းမွာသာမက ျပည္ပက မန္ယူပရိသတ္ေတြ ေ၀ဖန္ေနၾကၿပီ။ မန္ယူရဲ႕ အားသာခ်က္ေတြကုိ ဂြါဒီယုိလာ Guardiola ရဲ႕ မန္စီးတီးက လဲႊေျပာင္းရယူသြားၿပီ၊ ဒီရာသီ ပရီးယားလိဂ္ဖလားကုိ ဆြတ္ခူးခဲ့တဲ့အျပင္ ေျဖေဖ်ာ္မႈေပးႏုိင္တဲ့ ကစားပုံ၊ စိတ္လႈပ္ရွားစရာေကာင္းတဲ့ တိုက္စစ္ စတဲ့ အရည္အေသြးေကာင္းေတြကုိပါ ျပသႏုိင္ခဲ့တယ္။

Manchester-City-fans-taunt-Mourinho

Manchester-City-fans-taunt-Mourinho

မန္စီးတီး-မန္ခ်က္စတာ ဒါဘီပဲြမွာ မန္စီးတီးပရိသတ္ေတြက ေမာ္ရင္ဟုိကုိ “The Finished One” ဆုိတဲ့စာတန္းနဲ႔ ေလွာင္ေျပာင္ခ့ဲၾကတယ္။ တကယ္ပဲ ေမာ္ရင္ဟုိရဲ႕ေခတ္ကုန္သြားၿပီလားဆုိတာကုိ ေမးခြန္းထုတ္ရမယ့္အခ်ိန္လည္းျဖစ္ပါတယ္။ ေမာ္ရင္ဟုိဟာ နည္းျပဘ၀တစ္ေလွ်ာက္ တစ္ရာသီကုိ အနညး္ဆုံးဆုဖလားတစ္ခု ရယူခဲ့တဲ့မွတ္တမ္းေကာင္းရွိေပမယ့္ ဒီရာသီမွာ အဲဒီမွတ္တမ္း က်ိဳးပ်က္ေလာက္ႏုိင္မယ့္အေနအထားကုိ ရင္ဆုိင္ေနရၿပီ။ တကယ္လုိ႔သာ FA ဖလား ဗုိလ္လုပဲြမွာသာ ခ်ယ္လ္ဆီးကုိ ႐ႈံးနိမ့္ခဲ့မယ့္ဆုိရင္ ေမာ္ရင္ဟုိအတြက္ အႀကီးအက်ယ္ သိကၡာက်စရာ၊ မန္စီးတီးပရိသတ္ေတြအတြက္ အႀကီးအက်ယ္ေလွာင္ေျပာင္စရာတစ္ခုျဖစ္သြားပါလိ့မ္ယ္။ မန္ယူတာ၀န္ရွိသူေတြကေတာ့ ေမာ္ရင္ဟုိကုိ ဆက္ၿပီး အခြင့္အေရးေပးဦးမွာပါပဲ။ ေမာ္ရင္ဟုိကလည္း လာမယ့္ရာသီမွာ ျပင္ဆင္မႈေတြလုပ္ဖုိ႔ ေနာက္ထပ္ ေငြေတြ အမ်ားႀကီး သုံးစဲြဦးမွာပါပဲ။ ဒါေၾကာင့္ မန္ယူပရိသတ္ေတြ ျမင္ခ်င္ေနတဲ့ မန္ယူအသင္းပုံရိပ္ အစစ္အမွန္ကုိ ျပန္ရဖုိ႔၊ ဒါဘီၿပိဳင္ဘက္ မန္စီးတီးနဲ႔ မဟာၿပိဳင္ဘက္ ဂြါဒီယုိလာ ကုိ ေက်ာ္ျဖတ္ဖုိ႔က ေမာ္ရင္ဟုိ ႀကိဳးစားရေတာ့မွာပါ။ ‘Special One’ဆုိတဲ့ ဂုဏ္ပုဒ္ေနရာမွာ ‘Finished One’ဆုိတဲ့ စိတ္ပ်က္စရာဂုဏ္ပုဒ္ အစားထုိး၀င္မလာဖုိ႔ ေမာ္ရင္ဟုိ သက္ေသျပရမယ့္ အခ်ိန္ေရာက္ေနပါၿပီ . . .

Naing Linn(Akhayar)
Photo:Pinterest,Squawka,Goal.com
www.akhayar.com

 

[Unicode]

‘Special One’က ‘Finished One’ ဖြစ်တော့မှာလား မော်ရင်ဟို Mourinho

၂၀၀၄-၀၅ ရာသီမှာ ချယ်လ်ဆီးအသင်းကို မော်ရင်ဟို Mourinho စရောက်တဲ့အချိန် သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့တဲ့စကားကို ပရိသတ်တွေ မှတ်မိနေဦးမှာပါ။ ”ကျွန်တော့်ကို မာနကြီးတဲ့သူ (Arrogant) တစ်ယောက်လို့ မခေါ်ပါနဲ့။ ဒါပေမဲ့ ကျွန်တော်က ဥရောပဖလားရခဲ့တာကြောင့် Special One နည်းပြတစ်ယောက်ဖြစ်ထိုက်တယ်လို့တော့ ထင်ပါတယ်”။ အဲဒီအချိန်တုန်းက မော်ရင်ဟိုဟာ ပေါ်တိုနဲ့အတူ ချန်ပီယံလိဂ် ဖလားရပြီးခါစ သူ့နာမည်ကလည်း ဥရောပဘောလုံးလောကမှာ ထင်ရှားလာစ၊ လူကလည်း ခပ်ငယ်ငယ်ဆို တော့ လေလုံးကလည်း ခပ်ထွားထွားပေ့ါ။ ဒါပေမဲ့ မော်ရင်ဟိုဟာ သူပြောသလို Special One ဂုဏ်ပုဒ်နဲ့ ကိုက်ညီတဲ့ အောင်မြင်မှုတွေကို ချယ်လ်ဆီးအသင်းနဲ့အတူ ရယူပြနိုင်ခဲ့တယ်။ ပထမဆုံးရာသီမှာ ချယ်လ်ဆီး အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ဖလား၊ အင်္ဂလန်လိဂ်သမိုင်းတစ်လျှောက်ဆိုရင်တော့ ဒုတိယအကြိမ်မြောက် အမှတ်ပေးဖလားအပြင် လိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်ရဲ့ Old Service တွေဖြစ်တဲ့ အာစင်ဝင်းဂါး Arsene Wenger၊ ဖာဂူဆန် Ferguson တို့ လွှမ်းမိုးနေမှုကို အဆုံးသတ်နိုင်ခဲ့တယ်။

Mourinho-with-Premier-League-Trophy

Mourinho-with-Premier-League-Trophy

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ (၃)နှစ်နီးပါး ကာလအတွင်း ဆုဖလား(၈)ခုရယူပြီး အသင်းသမိုင်း တစ်လျှောက် အောင်မြင်မှုအများဆုံး နည်းပြဖြစ်ခဲ့တယ်။ ချယ်လ်ဆီးနဲ့ လမ်းခွဲခဲ့ပြီးတော့ အင်တာမီလန်ကို ရောက်တယ်။ ၂၀၀၉-၁၀ ရာသီမှာ စီးရီးအေ၊ ချန်ပီယံလိဂ်၊ ကိုပါအီတာလီယာဖလားတို့ကို ရယူခဲ့ပြီး အသင်းသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ဖလား(၃)လုံးချန်ပီယံဖြစ်စေခဲ့တယ်။ အဲဒီနောက်ပိုင်း ရီးယဲလ်၊ ချယ်လ်ဆီး တစ်ကျော့ပြန်ခရီးတွေမှာလည်း ထိုက်သင့်တာထက် ပိုတဲ့ အောင်မြင်မှုတွေကို ရယူခဲ့ပြီး Special One ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းခဲ့တယ်။ မော်ရင်ဟိုရဲ့ Philosophy ၊ ပြောင်မြောက်တဲ့ နည်းဗျူဟာ( tactical prowess)၊ Game Management ၊ ပွဲအခြေအနေပေါ် မူတည်ပြီး နည်းဗျူဟာ ပြောင်းလဲမှု(adaptability to different situations) စတဲ့အချက်တွေက မော်ရင်ဟိုရဲ့ထင်ရှားတဲ့ အရည် အသွေးတွေပါပဲ။ ဖာဂူဆန် Ferguson ခေတ်လွန် အောင်မြင်မှုတွေဝေးကွာပြီး ပုံရိပ်ကျ ဆင်းနေတဲ့ မန်ယူအသင်းကို မော်ရင်ဟို ကိုင်တွယ်ခဲ့ချိန်မှာ မန်ယူပရိသတ်တွေက လှိုက်လှိုက်လဲှလဲှ ကြိုဆိုခဲ့ကြပြီး တစ်ကောျ့ပြန်အောင်မြင်မှုတွေ ရဖို့ မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ပေ့ါ။ရာသီအစမှာ ပေါ့ဘာ Pogba ကို ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်၊ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ် Ibrahimovic ရောက်လာ၊ ဘာယီ Baily၊ မစ်ခီတာရီယန် Mkhitaryan တို့လို အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့တယ်။ ပထမဆုံးရာသီမှာ မန်ယူအသင်း ပရီးမီးယားလိဂ်အဆင့်(၆)သာရခဲ့ပေမယ့် ယူရိုပါလိဂ်၊ လိဂ်ဖလားရယူခဲ့တာကြောင့် ပရိသတ်တွေ စိတ်ကျေနပ်စရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ တစ်ရာသီလုံးခြေစွမ်းကို ကြည့်မယ်ဆိုရင် အားရစရာမရှိခဲ့တာကြောင့် ဝေဖန်သံထွက်လာခဲ့ပေမယ့် ရာသီကုန်မှာ ဖလား(၂)လုံးရခဲ့တဲ့ အောင်မြင်မှုက အဲဒီဝေဖန်သံတွေကို ဖုံးလွှမ်းသွားခဲ့တယ်။ နောက်ပြီး မော်ရင်ဟိုဟာ သူ့ နည်းပြဘဝတစ်လျှောက် ပထမရာသီထက် ဒုတိယရာသီမှာ ပိုအောင်မြင်မှု ရယူလေ့ရှိသူအဖြစ် နာမည်ကျော်တာကြောင့် ဒုတိယရာသီမှာ ဘာတွေလုပ်ပြမလဲဆိုတာ ပရိသတ်တွေ စောင့်ကြည့်ခဲ့ကြပါတယ်။

Mourinho-was-criticized-for-his-Boring-Tatic

Mourinho-was-criticized-for-his-Boring-Tatic

ဒီရာသီအစမှာလည်း မော်ရင်ဟိုက လူကာကူ Lukaku၊ မာတစ် Matic၊ ဆောင်းရာသီမှာ အလက်ဆစ်ဆန်းချက်ဇ် Alexis Sánchez စတဲ့ကစားသမားတွေကို ခေါ်ယူခဲ့တာကြောင့် မန်ယူရဲ့ ကစားသမားစာရင်းက ဆုဖလားတွေကို စိန်ခေါ်လို့ရနိုင်တဲ့အနေအထားကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ ပရိသတ်တွေ သိတဲ့အတိုင်းပဲ ဒီရာသီမှာ မန်ယူဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ လိဂ်ဖလားတွေကို လက်လွှတ်ခဲ့ရပြီး အခုနောက်ဆုံး FA ဖလားတစ်လုံးသာ မျှော်လင့်စရာရှိပါတော့တယ်။ ပရိသတ်တွေ မျှော်လင့်ခဲ့တဲ့ မော်ရင်ဟို ရဲ့ ဒုတိယရာသီကလည်း စိတ်ပျက်စရာအတိ။ အဲဒါတွေထက် အဆိုးဆုံးက မန်ယူရဲ့ ခြေစွမ်းပဲ။ မန်ယူဆိုတာက အစဉ်အလာတစ်လျှောက်မှာ ဖြေဖျော်မှုပေးနိုင်တဲ့ကစားပုံ၊ Effective Attacking Style ၊ နောက်ဆုံးမိနစ်အထိ အနိုင်မခံအရှုံးမပေးတတ်တဲ့ Fighting Spirit ၊ Winning Mentality စတဲ့အချက်တွေနဲ့အတူ နာမည်ကျော်ခဲ့တဲ့အသင်း။ ဒါပေမဲ့ မော်ရင်ဟိုလက်ထက်မှာ အဲဒီလို တိုက်စစ်အားသန်အသင်းကို ခံစစ်အသားပေးအသင်းအဖြစ် ပြောင်းပြန်လှန်ပစ်လိုက်တယ်။ အရင်တုန်းက မော်ရင်ဟိုဆိုရင် Special One လို့ နာမည်ကြီးပေမယ့် အခုမော်ရင်ဟိုဆိုရင် ဘတ်စ်ကားကွက် သုံးတဲ့နည်းပြဆိုပြီး ပြည်တွင်းမှာသာမက ပြည်ပက မန်ယူပရိသတ်တွေ ဝေဖန်နေကြပြီ။ မန်ယူရဲ့ အားသာချက်တွေကို ဂွါဒီယိုလာ Guardiola ရဲ့ မန်စီးတီးက လွဲှပြောင်းရယူသွားပြီ၊ ဒီရာသီ ပရီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့တဲ့အပြင် ဖြေဖျော်မှုပေးနိုင်တဲ့ ကစားပုံ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်စစ် စတဲ့ အရည်အသွေးကောင်းတွေကိုပါ ပြသနိုင်ခဲ့တယ်။

Manchester-City-fans-taunt-Mourinho

Manchester-City-fans-taunt-Mourinho

မန်စီးတီး-မန်ချက်စတာ ဒါဘီပွဲမှာ မန်စီးတီးပရိသတ်တွေက မော်ရင်ဟိုကို “The Finished One” ဆိုတဲ့စာတန်းနဲ့ လှောင်ပြောင်ခဲ့ကြတယ်။ တကယ်ပဲ မော်ရင်ဟိုရဲ့ခေတ်ကုန်သွားပြီလားဆိုတာကို မေးခွန်းထုတ်ရမယ့်အချိန်လည်းဖြစ်ပါတယ်။ မော်ရင်ဟိုဟာ နည်းပြဘဝတစ်လျှောက် တစ်ရာသီကို အနည်းဆုံးဆုဖလားတစ်ခု ရယူခဲ့တဲ့မှတ်တမ်းကောင်းရှိပေမယ့် ဒီရာသီမှာ အဲဒီမှတ်တမ်း ကျိုးပျက်လောက်နိုင်မယ့်အနေအထားကို ရင်ဆိုင်နေရပြီ။ တကယ်လို့သာ FA ဖလား ဗိုလ်လုပွဲမှာသာ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့မယ့်ဆိုရင် မော်ရင်ဟိုအတွက် အကြီးအကျယ် သိက္ခာကျစရာ၊ မန်စီးတီးပရိသတ်တွေအတွက် အကြီးအကျယ်လှောင်ပြောင်စရာတစ်ခုဖြစ်သွားပါလိ့မ်ယ်။ မန်ယူတာဝန်ရှိသူတွေကတော့ မော်ရင်ဟိုကို ဆက်ပြီး အခွင့်အရေးပေးဦးမှာပါပဲ။ မော်ရင်ဟိုကလည်း လာမယ့်ရာသီမှာ ပြင်ဆင်မှုတွေလုပ်ဖို့ နောက်ထပ် ငွေတွေ အများကြီး သုံးစွဲဦးမှာပါပဲ။ ဒါကြောင့် မန်ယူပရိသတ်တွေ မြင်ချင်နေတဲ့ မန်ယူအသင်းပုံရိပ် အစစ်အမှန်ကို ပြန်ရဖို့၊ ဒါဘီပြိုင်ဘက် မန်စီးတီးနဲ့ မဟာပြိုင်ဘက် ဂွါဒီယိုလာ ကို ကျော်ဖြတ်ဖို့က မော်ရင်ဟို ကြိုးစားရတော့မှာပါ။ ‘Special One’ဆိုတဲ့ ဂုဏ်ပုဒ်နေရာမှာ ‘Finished One’ဆိုတဲ့ စိတ်ပျက်စရာဂုဏ်ပုဒ် အစားထိုးဝင်မလာဖို့ မော်ရင်ဟို သက်သေပြရမယ့် အချိန်ရောက်နေပါပြီ . . .

Naing Linn(Akhayar)
Photo:Pinterest,Squawka,Goal.com
www.akhayar.com