[ZawGyi]

Time ကေရြးခ်ယ္တဲ႔လႊမ္းမိုးမႈအရွိဆံုး လူ ၁၀၀ ထဲက Pioneer မ်ား (၁)

Time မဂၢဇင္းၾကီးကေနေရြးခ်ယ္တဲ႔ ၂၀၁၈ အတြက္ Most influential people list ကေတာ႔ထြက္ရွိလာပါျပီ။ Time မဂၢဇင္းၾကီး အေနနဲ႔ Most influential people စာရင္းကို ၁၉၉၉ ခုနစ္ကေနစတင္ေရြးခ်ယ္ခဲ႔ၾကတာျဖစ္ျပီး နယ္ပယ္အသီးသီးကေနေရြးထုတ္တာျဖစ္ပါတယ္။ ၂၀၁၈ ခုနစ္အတြက္လည္း လူ ၁၀၀ ကိုေရြးထုတ္ခဲ႔ျပီး Pioneer ေတြအျဖစ္ လႊမ္းမိုးမႈရွိခဲ႔တဲ႔သူ ၁၉ ေယာက္ရွိခဲ႔တာမုိ႔ ပထမဆံုး ၉ ေယာက္အေၾကာင္းကိုအၾကမ္းဖ်င္းမိတ္ဆက္တင္ျပေပးလုိက္ပါတယ္။

သူတုိ႔ေတြရဲ႕ အ႔ံမခန္းတဲ႔လုပ္ေဆာင္ခ်က္ေတြ ၾကိဳးပမ္းမႈေတြကေတာ႔အမ်ားၾကီးပါ။ ဒီအမ်ားၾကီးထဲကမွ အထင္ကရအရွိဆံုးေသာအရည္အခ်င္းနဲ႔လုပ္ေဆာင္ခ်က္ေတြကို အက်ဥ္းခ်ံဳးေဖာ္ျပေပးထားတာျဖစ္ပါတယ္။

၁) Tiffany Haddish

time-100-tiffany-haddish

time-100-tiffany-haddish

Tiffany Sarac Haddish ဟာ အေမရိကန္လူမ်ိဳး သရုပ္ေဆာင္၊ ဟာသပညာရွင္ျဖစ္ပါတယ္။ သူမဟာ ရုပ္သံစီးရီးေတြအမ်ားၾကီးမွာ သရုပ္ေဆာင္ခဲ႔ျပီး Girls Trip မွာ Dina အျဖစ္ပါဝင္ခဲ႔ျခင္းက သူမကိုအလွည္႔အေျပာင္းအၾကီးၾကီးျဖစ္သြားေစခဲ႔ပါတယ္။ လူသားေတြကိုေပ်ာ္ရႊင္ျခင္းေတြပဲ ေပးဖုိ႔ၾကိဳးစားေနသူ ေႏြးေထြးတဲ႔ႏွလံုးသားရွိသူ သူမက အရာရာကို စိတ္ရွည္သည္းခံမႈ အေကာင္းျမင္စိတ္နဲ႔ျဖတ္ေက်ာ္ႏိုင္ခဲ႔တာခ်ည္းပါပဲတဲ႔။ မႏွစ္ကပဲထြက္ရွိခဲ႔တဲ႔ သူမရဲ႕ The last black unicorn ဆိုတဲ႔စာအုပ္ေလးဟာ The New York Time best-seller list မွာ နံပါတ္ ၁၅ ခ်ိတ္ခဲ႔ပါေသးတယ္။

၂) Cameron Kasky,Jaclyn Corin,David Hogg,Emma Gonzalez ,Alex Wind

Cameron Kasky , Jaclyn Corin, David Hogg,Emma Gonzalez ,Alex Wind

Cameron Kasky , Jaclyn Corin, David Hogg,Emma Gonzalez ,Alex Wind

အေမရိကန္ႏိုင္ငံက ေက်ာင္းေတြမွာ လက္နက္ကိုင္ပစ္ခတ္မႈေတြအမ်ားၾကီးျဖစ္ပြားခဲ႔ျပီး ဝမ္းနည္းဖြယ္အျဖစ္ဆိုးေတြ မၾကာခဏၾကံဳေတြ႔ေနရခ်ိန္မွာ သူတုိ႔ေလးေတြက #NeverAgain ဆိုျပီး Twitter နဲ႔ အျခားေသာလူမႈကြန္ယက္ေတြမွာ Gun Control လႈပ္ရွားမႈကို က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ေဆာင္ခဲ႔တာပါ။ သူတုိ႔ေလးေတြအတြက္ အေမရိကန္သမၼတေဟာင္း ဘာရက္အိုဘားမားက အေလးအနက္ထားညႊန္းဆုိတဲ႔စာကိုေရးခဲ႔ပါတယ္။

၃) Kumail Nanjiani

Kumail Nanjiani

Kumail Nanjiani

ပါကစၥတန္-အေမရိကန္ ဟာသပညာရွင္၊ သရုပ္ေဆာင္၊ စာေရးဆရာ ျဖစ္တဲ႔ Kumail Nanjiani ဟာ Silicon Valley ရုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သရုပ္ေဆာင္ခဲ႔ျပီးနာမည္ရလာသူပါ။ သူနဲ႔သူ႕ဇနီးတုိ႔ကိုယ္တုိင္ေရးတဲ႔ ဇာတ္လမ္း The Big Sick ဟာ ၂၀၁၇ မွာအေတာ္ေလးေအာင္ျမင္ခဲ႔ျပီး မတ္လ ၄ ရက္ေန႔မွာက်င္းပေတာ႔မယ္႔ အၾကိမ္ ၉၀ ေျမာက္အကယ္ဒမီဆုေပးပြဲရဲ႕ Best Original Screenplay ဆုဆန္ခါတင္စာရင္းမွာပါဝင္ေနပါတယ္။

၄) Cardi Bi

Cardi Bi

Cardi Bi

ပြဲဦးထြက္အယ္လ္ဘမ္နဲ႔တင္ Billboard 200 မွာ နံပါတ္ ၁ ခ်ိတ္ခဲ႔တဲ႔ Rapper Cardi Bi အေနနဲ႔ ဒီစာရင္းထဲပါလာေတာ႔ တကယ္ကိုထိုက္တန္တယ္လုိ႔ဆုိရမွာပါ။ ဆိုရွယ္မီဒီယာေခတ္ကိုေကာင္းေကာင္းၾကီး အသံုးခ်ႏိုင္ခဲ႔တဲ႔သူမက Internet Celebrity တစ္ေယာက္ျဖစ္ျပီး
Instagram မွာ Follower ၂၂.၄ သန္းရွိသူျဖစ္ပါတယ္။

၅) Nice Nailantei Leng’ete

Nice Nailantei Lengete

Nice Nailantei Lengete

Nice Nailantei Leng’ete ဟာ ကင္ညာကလူ႔အခြင္႔အေရးလႈပ္ရွားသူ၊ အမ်ိဳးသမီးေတြရဲ႕ ဘဝကိုကယ္တင္ခဲ႔သူ၊ သူမကိုယ္တုိင္ကလည္းအမ်ိဳးသမီးေတြရဲ႕ဘဝကိုထိပါးေစာ္ကားတဲ႔ရိုးရာဓေလ႔ကေန ပုန္ကန္ရုန္းထြက္လာရသူ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ႔ ကင္ညာမွာရွိတဲ႔ Amref Health Africa မွာ Project Officer အျဖစ္နဲ႔လုပ္ကိုင္ေနသူျဖစ္ပါတယ္။

၆) Chloe Kim

Chloe Kim

Chloe Kim

အသက္ ၁၇ ႏွစ္သာရွိေသးတဲ႔ American snowboarder ေလးကင္မ္ဟာ ၂၀၁၈ Winter Olympics မွာေရႊဆုရခဲ႔တဲ႔ အသက္အငယ္ဆံုးအမ်ိဳးသမီးေလးျဖစ္ပါတယ္။ X Games မွာေတာ႔ ေရႊဆု ၄ ဆုရခဲ႔ပါတယ္။ သူမရဲ႕မိဘေတြက ကိုရီးယားလူမ်ိဳးစစ္စစ္ေတြျဖစ္ျပီး လက္ရွိကယ္လ္ဖိုးနီးယားမွာေနထိုင္လ်က္ရွိပါတယ္။ သူမကို အေမရိကန္နဲ႔ ကိုရီးယားႏွစ္ႏိုင္ငံလံုးက လႈိက္လႈိက္လွဲလွဲခ်ီးက်ဴး အားေပးၾကတာပါ။

၇) Carl June

Carl June

Carl June

Carl H. June ဟာ University of Pennsylvania ရဲ႕ကင္ဆာဌာနမွာတာဝန္ထမ္းေဆာင္တဲ႔သုေတသနပညာရွင္ျဖစ္ပါတယ္။ ကင္ဆာေရာဂါကိုကုသရာမွာသံုးတဲ႔ T-cell Therapies ကိုေဖာ္ထုတ္ေတြ႔ရွိခဲ႔တာျဖစ္ျပီး ထိုအခ်က္ေၾကာင္႔သူဟာနာမည္ေက်ာ္ၾကားပါတယ္။

၈) Jan Rader

 Jan Rader

Jan Rader

Huntington မီးသတ္ရဲ႕အၾကီးအကဲ Jan Rader ဟာ ႏွစ္ ၂၀ နီးပါးမီးသတ္ဌာနမွာ အလုပ္လုပ္ခဲ႔သူပါ။ ကမၻာေပၚမွာ မီးသတ္ဝန္ထမ္းအျဖစ္ႏွစ္အရွည္ၾကာဆံုး ရြပ္ရြပ္ခၽြံခၽြံအလုပ္လုပ္ခဲ႔တဲ႔ အမ်ိဳးသမီးေတြထဲမွာ သူကတတိယေျမာက္ျဖစ္ပါတယ္။

၉) Peggy Whitson

Peggy Whitson

Peggy Whitson

Peggy Whitson ကေတာ႔ NASA အာကာသယာဥ္မွဴးအၾကီးအကဲေဟာင္းျဖစ္ျပီး ဇီဝဓာတုပညာရွင္လည္းျဖစ္ပါတယ္။ နာဆာရဲ႕အမ်ိဳးသမီးအာကာသယာဥ္မွဴးေတြထဲမွာ အသက္အၾကီးဆံုးျဖစ္သလို အာကာသထဲမွာ ၆၆၅ ရက္ၾကာေနထိုင္ျခင္း spacewalking မွာ အခ်ိန္အၾကာဆံုးလုပ္ေဆာင္ႏိုင္ျခင္း စသျဖင္႔ စံခ်ိန္အခ်ိဳးႏိုင္ဆံုးအမ်ိဳးသမီးျဖစ္ပါတယ္။ သူမအေနနဲ႔ အျခားေသာဂုဏ္ျပဳဆုေတြကလည္း အေျမာက္အျမားရရွိပိုင္ဆုိင္ထားပါတယ္။

ေနာက္ထပ္ပါဝင္လာတဲ႔ Pioneerေတြကေတာ႔ Issa Rae ၊ Bhavish Aggarwal ၊ Jesmyn Ward ၊ Ruth Davidson ၊ Whitney Wolfe Herd ၊ Marica Branchesi ၊ Ann Mckee ၊ Trevor Noah နဲ႔ Jian Wei Pan တို႔ပဲျဖစ္ပါတယ္။ သူတုိ႔ေတြအေၾကာင္းကို ဆက္လက္ေဖာ္ျပေပးသြားပါဦးမယ္။

www.akhayar.com

[Unicode]

Time ကရွေးချယ်တဲ့လွှမ်းမိုးမှုအရှိဆုံး လူ ၁၀၀ ထဲက Pioneer များ (၁)

Time မဂ္ဂဇင်းကြီးကနေရွေးချယ်တဲ့ ၂၀၁၈ အတွက် Most influential people list ကတော့ထွက်ရှိလာပါပြီ။ Time မဂ္ဂဇင်းကြီး အနေနဲ့ Most influential people စာရင်းကို ၁၉၉၉ ခုနစ်ကနေစတင်ရွေးချယ်ခဲ့ကြတာဖြစ်ပြီး နယ်ပယ်အသီးသီးကနေရွေးထုတ်တာဖြစ်ပါတယ်။ ၂၀၁၈ ခုနစ်အတွက်လည်း လူ ၁၀၀ ကိုရွေးထုတ်ခဲ့ပြီး Pioneer တွေအဖြစ် လွှမ်းမိုးမှုရှိခဲ့တဲ့သူ ၁၉ ယောက်ရှိခဲ့တာမို့ ပထမဆုံး ၉ ယောက်အကြောင်းကိုအကြမ်းဖျင်းမိတ်ဆက်တင်ပြပေးလိုက်ပါတယ်။

သူတို့တွေရဲ့ အံ့မခန်းတဲ့လုပ်ဆောင်ချက်တွေ ကြိုးပမ်းမှုတွေကတော့အများကြီးပါ။ ဒီအများကြီးထဲကမှ အထင်ကရအရှိဆုံးသောအရည်အချင်းနဲ့လုပ်ဆောင်ချက်တွေကို အကျဉ်းချုံးဖော်ပြပေးထားတာဖြစ်ပါတယ်။

၁) Tiffany Haddish

time-100-tiffany-haddish

time-100-tiffany-haddish

Tiffany Sarac Haddish ဟာ အမေရိကန်လူမျိုး သရုပ်ဆောင်၊ ဟာသပညာရှင်ဖြစ်ပါတယ်။ သူမဟာ ရုပ်သံစီးရီးတွေအများကြီးမှာ သရုပ်ဆောင်ခဲ့ပြီး Girls Trip မှာ Dina အဖြစ်ပါဝင်ခဲ့ခြင်းက သူမကိုအလှည့်အပြောင်းအကြီးကြီးဖြစ်သွားစေခဲ့ပါတယ်။ လူသားတွေကိုပျော်ရွှင်ခြင်းတွေပဲ ပေးဖို့ကြိုးစားနေသူ နွေးထွေးတဲ့နှလုံးသားရှိသူ သူမက အရာရာကို စိတ်ရှည်သည်းခံမှု အကောင်းမြင်စိတ်နဲ့ဖြတ်ကျော်နိုင်ခဲ့တာချည်းပါပဲတဲ့။ မနှစ်ကပဲထွက်ရှိခဲ့တဲ့ သူမရဲ့ The last black unicorn ဆိုတဲ့စာအုပ်လေးဟာ The New York Time best-seller list မှာ နံပါတ် ၁၅ ချိတ်ခဲ့ပါသေးတယ်။

၂) Cameron Kasky,Jaclyn Corin,David Hogg,Emma Gonzalez ,Alex Wind

Cameron Kasky , Jaclyn Corin, David Hogg,Emma Gonzalez ,Alex Wind

Cameron Kasky , Jaclyn Corin, David Hogg,Emma Gonzalez ,Alex Wind

အမေရိကန်နိုင်ငံက ကျောင်းတွေမှာ လက်နက်ကိုင်ပစ်ခတ်မှုတွေအများကြီးဖြစ်ပွားခဲ့ပြီး ဝမ်းနည်းဖွယ်အဖြစ်ဆိုးတွေ မကြာခဏကြုံတွေ့နေရချိန်မှာ သူတို့လေးတွေက #NeverAgain ဆိုပြီး Twitter နဲ့ အခြားသောလူမှုကွန်ယက်တွေမှာ Gun Control လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့တာပါ။ သူတို့လေးတွေအတွက် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက အလေးအနက်ထားညွှန်းဆိုတဲ့စာကိုရေးခဲ့ပါတယ်။

၃) Kumail Nanjiani

Kumail Nanjiani

Kumail Nanjiani

ပါကစ္စတန်-အမေရိကန် ဟာသပညာရှင်၊ သရုပ်ဆောင်၊ စာရေးဆရာ ဖြစ်တဲ့ Kumail Nanjiani ဟာ Silicon Valley ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနာမည်ရလာသူပါ။ သူနဲ့သူ့ဇနီးတို့ကိုယ်တိုင်ရေးတဲ့ ဇာတ်လမ်း The Big Sick ဟာ ၂၀၁၇ မှာအတော်လေးအောင်မြင်ခဲ့ပြီး မတ်လ ၄ ရက်နေ့မှာကျင်းပတော့မယ့် အကြိမ် ၉၀ မြောက်အကယ်ဒမီဆုပေးပွဲရဲ့ Best Original Screenplay ဆုဆန်ခါတင်စာရင်းမှာပါဝင်နေပါတယ်။

၄) Cardi Bi

Cardi Bi

Cardi Bi

ပွဲဦးထွက်အယ်လ်ဘမ်နဲ့တင် Billboard 200 မှာ နံပါတ် ၁ ချိတ်ခဲ့တဲ့ Rapper Cardi Bi အနေနဲ့ ဒီစာရင်းထဲပါလာတော့ တကယ်ကိုထိုက်တန်တယ်လို့ဆိုရမှာပါ။ ဆိုရှယ်မီဒီယာခေတ်ကိုကောင်းကောင်းကြီး အသုံးချနိုင်ခဲ့တဲ့သူမက Internet Celebrity တစ်ယောက်ဖြစ်ပြီး
Instagram မှာ Follower ၂၂.၄ သန်းရှိသူဖြစ်ပါတယ်။

၅) Nice Nailantei Leng’ete

Nice Nailantei Lengete

Nice Nailantei Lengete

Nice Nailantei Leng’ete ဟာ ကင်ညာကလူ့အခွင့်အရေးလှုပ်ရှားသူ၊ အမျိုးသမီးတွေရဲ့ ဘဝကိုကယ်တင်ခဲ့သူ၊ သူမကိုယ်တိုင်ကလည်းအမျိုးသမီးတွေရဲ့ဘဝကိုထိပါးစော်ကားတဲ့ရိုးရာဓလေ့ကနေ ပုန်ကန်ရုန်းထွက်လာရသူ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကင်ညာမှာရှိတဲ့ Amref Health Africa မှာ Project Officer အဖြစ်နဲ့လုပ်ကိုင်နေသူဖြစ်ပါတယ်။

၆) Chloe Kim

Chloe Kim

Chloe Kim

အသက် ၁၇ နှစ်သာရှိသေးတဲ့ American snowboarder လေးကင်မ်ဟာ ၂၀၁၈ Winter Olympics မှာရွှေဆုရခဲ့တဲ့ အသက်အငယ်ဆုံးအမျိုးသမီးလေးဖြစ်ပါတယ်။ X Games မှာတော့ ရွှေဆု ၄ ဆုရခဲ့ပါတယ်။ သူမရဲ့မိဘတွေက ကိုရီးယားလူမျိုးစစ်စစ်တွေဖြစ်ပြီး လက်ရှိကယ်လ်ဖိုးနီးယားမှာနေထိုင်လျက်ရှိပါတယ်။ သူမကို အမေရိကန်နဲ့ ကိုရီးယားနှစ်နိုင်ငံလုံးက လှိုက်လှိုက်လှဲလှဲချီးကျူး အားပေးကြတာပါ။

၇) Carl June

Carl June

Carl June

Carl H. June ဟာ University of Pennsylvania ရဲ့ကင်ဆာဌာနမှာတာဝန်ထမ်းဆောင်တဲ့သုတေသနပညာရှင်ဖြစ်ပါတယ်။ ကင်ဆာရောဂါကိုကုသရာမှာသုံးတဲ့ T-cell Therapies ကိုဖော်ထုတ်တွေ့ရှိခဲ့တာဖြစ်ပြီး ထိုအချက်ကြောင့်သူဟာနာမည်ကျော်ကြားပါတယ်။

၈) Jan Rader

 Jan Rader

Jan Rader

Huntington မီးသတ်ရဲ့အကြီးအကဲ Jan Rader ဟာ နှစ် ၂၀ နီးပါးမီးသတ်ဌာနမှာ အလုပ်လုပ်ခဲ့သူပါ။ ကမ္ဘာပေါ်မှာ မီးသတ်ဝန်ထမ်းအဖြစ်နှစ်အရှည်ကြာဆုံး ရွပ်ရွပ်ချွံချွံအလုပ်လုပ်ခဲ့တဲ့ အမျိုးသမီးတွေထဲမှာ သူကတတိယမြောက်ဖြစ်ပါတယ်။

၉) Peggy Whitson

Peggy Whitson

Peggy Whitson

Peggy Whitson ကတော့ NASA အာကာသယာဉ်မှူးအကြီးအကဲဟောင်းဖြစ်ပြီး ဇီဝဓာတုပညာရှင်လည်းဖြစ်ပါတယ်။ နာဆာရဲ့အမျိုးသမီးအာကာသယာဉ်မှူးတွေထဲမှာ အသက်အကြီးဆုံးဖြစ်သလို အာကာသထဲမှာ ၆၆၅ ရက်ကြာနေထိုင်ခြင်း spacewalking မှာ အချိန်အကြာဆုံးလုပ်ဆောင်နိုင်ခြင်း စသဖြင့် စံချိန်အချိုးနိုင်ဆုံးအမျိုးသမီးဖြစ်ပါတယ်။ သူမအနေနဲ့ အခြားသောဂုဏ်ပြုဆုတွေကလည်း အမြောက်အမြားရရှိပိုင်ဆိုင်ထားပါတယ်။

နောက်ထပ်ပါဝင်လာတဲ့ Pioneerတွေကတော့ Issa Rae ၊ Bhavish Aggarwal ၊ Jesmyn Ward ၊ Ruth Davidson ၊ Whitney Wolfe Herd ၊ Marica Branchesi ၊ Ann Mckee ၊ Trevor Noah နဲ့ Jian Wei Pan တို့ပဲဖြစ်ပါတယ်။ သူတို့တွေအကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။

www.akhayar.com