[Zawgyi]

Alex Jones ကုိ ဘာေၾကာင့္ ျဖဳတ္ခ်လုိက္သလဲဆုိတာ Tim Cook ေျပာလုိက္ၿပီ

Apple ဟာ ၾသဂုတ္လ (၆) ရက္ေန႔တုန္းက Alex Jones နဲ႔ သူ႕ရဲ႕ InfoWars သတင္းဌာနကုိ iTune ကေန ျဖဳတ္ခ်ခဲ့ပါတယ္။ InfoWars App ကုိလည္း App Store ကေန ျဖဳတ္ခ်လုိက္ပါေသးတယ္။ Facebook ၊ YouTube ၊ Spotify နဲ႔ Twitter တုိ႔ကလည္း Alex Jones နဲ႔ သူ႕ရဲ႕ InfoWars သတင္းေတြအကုန္လုံးကုိ ျဖဳတ္ခ်ပစ္ခဲ့ပါတယ္။ InfoWars ဟာ အမုန္းစကား၊ ဝါဒျဖန္႔ခ်ိမႈနဲ႔ သတင္းမွားေတြကုိ တင္ဆက္ေပးေနတဲ့ သတင္းဌာနအျဖစ္ နာမည္ႀကီးေနတာျဖစ္ပါတယ္။

Alex Jones တင္ဆက္ေနတဲ့ သတင္းေတြကုိ နည္းပညာကုမၸဏီႀကီးေတြက တစ္ၿပိဳင္တည္းနီးပါး ျဖဳတ္ခ်လုိက္တဲ့အတြက္ အခ်င္းခ်င္းသေဘာတူညီခ်က္နဲ႔ လုပ္လုိက္တယ္လုိ႔ေတာင္ ေဝဖန္ၾကတာျဖစ္ပါတယ္။ သူဟာ လက္ယာယိမ္းႏုိင္ငံေရးဝါဒီတစ္ဦးျဖစ္ၿပီး ၂ဝ၁၆ခုႏွစ္တုန္းက Donald Trump ကုိ ေထာက္ခံခဲ့သူပါ။ Alex Jones ရဲ႕ သတင္းေတြကုိ ျဖဳတ္ခ်တာနဲ႔ ပတ္သက္ၿပီး တခ်ိဳ႕က ႏုိင္ငံေရးနဲ႔ သက္ဆုိင္ေနတယ္လို႔ ထင္ျမင္ေနၾကပါတယ္။ ဒီအေၾကာင္းအရာကုိ Vice News Tonight ရုပ္သံအစီအစဥ္ရဲ႕ ေမးျမန္းခ်က္ေတြကုိ Apple ရဲ႕ CEO ျဖစ္တဲ့ Tim Cook က အခုလုိေျပာၾကားသြားပါတယ္။

“Alex Jones ကုိ App Store နဲ႔ iTune မွာ ျဖဳတ္ခ်လုိက္တာက Content Curation မူဝါဒအရပါ။ ပလက္ေဖာင္းနဲ႔ ကုိက္ညီမယ့္ တင္ဆက္မႈေတြကုိပဲ လုိလားတဲ့အတြက္ အခုလုိ ျဖဳတ္ခ်လုိက္တာပါ။ ႏုိင္ငံေရးနဲ႔ ပတ္သက္မႈမရွိပါဘူး။ ၿပီးေတာ့ တျခားနည္းပညာကုမၸဏီႀကီးေတြနဲ႔ တုိင္ပတ္ၿပီး လုိက္တာ မဟုတ္ပါဘူး။ ဘယ္သူ႕ရဲ႕ လႈံ႕ေဆာ္မႈမွ မပါဘဲ ကုိယ္ပုိင္ဆုံးျဖတ္ခ်က္နဲ႔ပဲ အလုပ္လုပ္တာပါ။ ဒီအခ်က္က အေရးႀကီးပါတယ္” လုိ႔ Tim Cook က ဆုိခဲ့ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Alex Jones ကို ဘာကြောင့် ဖြုတ်ချလိုက်သလဲဆိုတာ Tim Cook ပြောလိုက်ပြီ

Apple ဟာ သြဂုတ်လ (၆) ရက်နေ့တုန်းက Alex Jones နဲ့ သူ့ရဲ့ InfoWars သတင်းဌာနကို iTune ကနေ ဖြုတ်ချခဲ့ပါတယ်။ InfoWars App ကိုလည်း App Store ကနေ ဖြုတ်ချလိုက်ပါသေးတယ်။ Facebook ၊ YouTube ၊ Spotify နဲ့ Twitter တို့ကလည်း Alex Jones နဲ့ သူ့ရဲ့ InfoWars သတင်းတွေအကုန်လုံးကို ဖြုတ်ချပစ်ခဲ့ပါတယ်။ InfoWars ဟာ အမုန်းစကား၊ ဝါဒဖြန့်ချိမှုနဲ့ သတင်းမှားတွေကို တင်ဆက်ပေးနေတဲ့ သတင်းဌာနအဖြစ် နာမည်ကြီးနေတာဖြစ်ပါတယ်။

Alex Jones တင်ဆက်နေတဲ့ သတင်းတွေကို နည်းပညာကုမ္ပဏီကြီးတွေက တစ်ပြိုင်တည်းနီးပါး ဖြုတ်ချလိုက်တဲ့အတွက် အချင်းချင်းသဘောတူညီချက်နဲ့ လုပ်လိုက်တယ်လို့တောင် ဝေဖန်ကြတာဖြစ်ပါတယ်။ သူဟာ လက်ယာယိမ်းနိုင်ငံရေးဝါဒီတစ်ဦးဖြစ်ပြီး ၂ဝ၁၆ခုနှစ်တုန်းက Donald Trump ကို ထောက်ခံခဲ့သူပါ။ Alex Jones ရဲ့ သတင်းတွေကို ဖြုတ်ချတာနဲ့ ပတ်သက်ပြီး တချို့က နိုင်ငံရေးနဲ့ သက်ဆိုင်နေတယ်လို့ ထင်မြင်နေကြပါတယ်။ ဒီအကြောင်းအရာကို Vice News Tonight ရုပ်သံအစီအစဉ်ရဲ့ မေးမြန်းချက်တွေကို Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook က အခုလိုပြောကြားသွားပါတယ်။

“Alex Jones ကို App Store နဲ့ iTune မှာ ဖြုတ်ချလိုက်တာက Content Curation မူဝါဒအရပါ။ ပလက်ဖောင်းနဲ့ ကိုက်ညီမယ့် တင်ဆက်မှုတွေကိုပဲ လိုလားတဲ့အတွက် အခုလို ဖြုတ်ချလိုက်တာပါ။ နိုင်ငံရေးနဲ့ ပတ်သက်မှုမရှိပါဘူး။ ပြီးတော့ တခြားနည်းပညာကုမ္ပဏီကြီးတွေနဲ့ တိုင်ပတ်ပြီး လိုက်တာ မဟုတ်ပါဘူး။ ဘယ်သူ့ရဲ့ လှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ အလုပ်လုပ်တာပါ။ ဒီအချက်က အရေးကြီးပါတယ်” လို့ Tim Cook က ဆိုခဲ့ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com