[Zawgyi]

ႏိုင္ငံလက္ေရြးစင္အသင္းက အနားယူေၾကာင္း ေၾကညာခဲ့တဲ့ ဝါရင့္တိုက္စစ္မွဴး တင္မ္ကာေဟးလ္

ၾသစေၾတးလ်အသင္းရဲ႕ ဝါရင့္တိုက္စစ္မွဴး တင္မ္ကာေဟးလ္ Tim Cahill က ႏိုင္ငံလက္ေရြးစင္အသင္းက အနားယူေၾကာင္း တရားဝင္ေၾကညာခဲ့ပါတယ္။ ၾသစေၾတးလ်အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆံုး သြင္းယူေပးထားတဲ့ တိုက္စစ္မွဴးအျဖစ္ ရပ္တည္ေနတဲ့ တင္မ္ကာေဟးလ္ Tim Cahill က ႏိုင္ငံအသင္းအတြက္ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ (၄)ႀကိမ္ဆက္ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ကစားသမားဘဝက အနားယူခဲ့တာျဖစ္ပါတယ္။ ဒီေန႔ (အဂၤါေန႔)မွာ ႏိုင္ငံလက္ေရြးစင္အသင္းက အနားယူေၾကာင္း အသက္ (၃၈)ႏွစ္အရြယ္ရွိ ဝါရင့္တိုက္စစ္မွဴး တင္မ္ကာေဟးလ္ Tim Cahill က ေၾကညာခဲ့တာပါ။ တင္မ္ကာေဟးလ္ Tim Cahill အေနနဲ႔ ၾသစေၾတးလ်အသင္းအတြက္ (၁၀၇)ပြဲအထိ ကစားေပးခဲ့ၿပီး ဂိုး (၅၀)အထိ သြင္းယူေပးခဲ့တဲ့ ႏိုင္ငံလက္ေရြးစင္အသင္းရဲ႕ ထိပ္တန္းတိုက္စစ္မွဴးတစ္ဦးျဖစ္ပါတယ္။

Tim-Cahill-confirms-retirement-from-international-football

Tim-Cahill-confirms-retirement-from-international-football

ၾသစေၾတးလ်အသင္းရဲ႕ သမိုင္းမွာ ဂိုးအမ်ားဆံုး သြင္းယူေပးခဲ့တဲ့ ကစားသမားအျဖစ္ မွတ္တမ္းတင္ထားတဲ့ တင္မ္ကာေဟးလ္ Tim Cahill ကို ၂၀၁၉ ခုႏွစ္အထိ ႏိုင္ငံအသင္းအတြက္ ဆက္ကစားေပးဖို႔ ပရိသတ္ေတြက ဆႏၵရွိေနခဲ့ေၾကာင္း သိရပါတယ္။ လက္ရွိခ်န္ပီယံဘြဲ႔ကို ကာကြယ္ရမယ့္ ၂၀၁၉ အာရွဖလားၿပိဳင္ပြဲမွာ တင္မ္ကာေဟးလ္ Tim Cahill လို ဝါရင့္တိုက္စစ္မွဴးကို ပါဝင္ကစားေပးဖို႔ ပရိသတ္ေတြက ေတာင္းဆိုမႈေတြ ျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။ တင္မ္ကာေဟးလ္ Tim Cahill ကေတာ့ အသက္အရြယ္ပိုင္းအရ ႏိုင္ငံအသင္းအတြက္ ဆက္ကစားေပးဖို႔ မလြယ္ကူေတာ့တာေၾကာင့္ အနားယူဖို႔ ဆံုးျဖတ္လိုက္တာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံလက္ေရြးစင္ ကစားသမားဘဝ ေအာင္ျမင္မႈမ်ား
၂၀၁၅ – အာရွဖလားခ်န္ပီယံ
၂၀၀၄ – သမုဒၵရာပိုင္းဇုန္ခ်န္ပီယံ

REF:The Sun
Photo:WWOS – Nine, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

နိုင်ငံလက်ရွေးစင်အသင်းက အနားယူကြောင်း ကြေညာခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး တင်မ်ကာဟေးလ်

သြစတြေးလျအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး တင်မ်ကာဟေးလ် Tim Cahill က နိုင်ငံလက်ရွေးစင်အသင်းက အနားယူကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ သြစတြေးလျအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့ တိုက်စစ်မှူးအဖြစ် ရပ်တည်နေတဲ့ တင်မ်ကာဟေးလ် Tim Cahill က နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၄)ကြိမ်ဆက် ပါဝင်ကစားပေးခဲ့ပြီးနောက် ကစားသမားဘဝက အနားယူခဲ့တာဖြစ်ပါတယ်။ ဒီနေ့ (အင်္ဂါနေ့)မှာ နိုင်ငံလက်ရွေးစင်အသင်းက အနားယူကြောင်း အသက် (၃၈)နှစ်အရွယ်ရှိ ဝါရင့်တိုက်စစ်မှူး တင်မ်ကာဟေးလ် Tim Cahill က ကြေညာခဲ့တာပါ။ တင်မ်ကာဟေးလ် Tim Cahill အနေနဲ့ သြစတြေးလျအသင်းအတွက် (၁၀၇)ပွဲအထိ ကစားပေးခဲ့ပြီး ဂိုး (၅၀)အထိ သွင်းယူပေးခဲ့တဲ့ နိုင်ငံလက်ရွေးစင်အသင်းရဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။

Tim-Cahill-confirms-retirement-from-international-football

Tim-Cahill-confirms-retirement-from-international-football

သြစတြေးလျအသင်းရဲ့ သမိုင်းမှာ ဂိုးအများဆုံး သွင်းယူပေးခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်ထားတဲ့ တင်မ်ကာဟေးလ် Tim Cahill ကို ၂၀၁၉ ခုနှစ်အထိ နိုင်ငံအသင်းအတွက် ဆက်ကစားပေးဖို့ ပရိသတ်တွေက ဆန္ဒရှိနေခဲ့ကြောင်း သိရပါတယ်။ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ တင်မ်ကာဟေးလ် Tim Cahill လို ဝါရင့်တိုက်စစ်မှူးကို ပါဝင်ကစားပေးဖို့ ပရိသတ်တွေက တောင်းဆိုမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ တင်မ်ကာဟေးလ် Tim Cahill ကတော့ အသက်အရွယ်ပိုင်းအရ နိုင်ငံအသင်းအတွက် ဆက်ကစားပေးဖို့ မလွယ်ကူတော့တာကြောင့် အနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံလက်ရွေးစင် ကစားသမားဘဝ အောင်မြင်မှုများ
၂၀၁၅ – အာရှဖလားချန်ပီယံ
၂၀၀၄ – သမုဒ္ဒရာပိုင်းဇုန်ချန်ပီယံ

REF:The Sun
Photo:WWOS – Nine, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com