[Zawgyi]







ခနတာပါ။
ဘီယာလေးတစ်ဘူးပါ။
အေးမြစေချင်လို့။
မကြိုက်ရင်လဲ





ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ကလေးတွေကိုမဆူဘဲ ဇာဂနာရဲ့ပါးသာလာရိုက်ပါလို့ပြောတဲ့ ဦးသူရ

ထိန်ပင်အမှိုက်ပုံမှာ မီးသတ်နေတဲ့ မီးသတ်ဝန်ထမ်းတွေကို သရုပ်ဆောင်ဇာဂနာနဲ့ အဖွဲ့တွေဟာ သွားရောက်ကူညီခဲ့ရင်း ဘီယာတိုက်ခဲ့တယ်လို့သိရပါတယ်။ အခုလိုဘီယာတိုက်ရတာကဘာကြောင့်လဲ ဆိုတာကို ဇာဂနာကပြန်လည်ရှင်းပြထားပြီး ကလေးတွေကို မဆူဖို့ကိုလည်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့တာကိုတွေ့ရပါတယ်။

သွားရောက်လှူဒါန်းခဲ့တဲ့ ဦးသူရ (ဇာဂနာ) တို့အဖွဲ့

သွားရောက်လှူဒါန်းခဲ့တဲ့ ဦးသူရ (ဇာဂနာ) တို့အဖွဲ့

သွားရောက်လှူဒါန်းခဲ့တဲ့ ဦးသူရ (ဇာဂနာ) တို့အဖွဲ့

သွားရောက်လှူဒါန်းခဲ့တဲ့ ဦးသူရ (ဇာဂနာ) တို့အဖွဲ့

“မလုပ်သင့်ဖူး လို့ပြောလဲ ခံပါ့မယ်
တာဝန်ရှိ အထက်လူကြီးများက ၊ ကလေးတွေကိုမဆူပါနဲ့ ။ ဇာဂနာကို ပါးလာရိုက်ပါ။
နေပူထဲ အပူပေါ်ရပ် ရေဖြန်းနေရတာ ကိုယ်ချင်းစာပါတယ်
ထို့ကြောင့် ဘီယာတိုက်တာပါ။
စိတ်ရော ရင်ရော အေးစေချင်တာပါ။
ခနတာပါ။
ဘယ်သူမှ ထမင်းမစားနိုင်၊
ဘယ်သူမှ ခင်ဗျားတို့ပေးတာတွေ ချက်မစားနိုင်။
ဘီယာလေးတစ်ဘူးပါ။
အေးမြစေချင်လို့။
မကြိုက်ရင်လဲ
ဇာဂနာ့ပါး သာ လာရိုက်ကြပါ။
(ပြောမဲ့သာ ပြောရတာ သူတို့ကျ အရိပ်ထဲ သောက်နေတာနော်)”ဆိုပြီးတော့ ရေးသားထားတာလည်း ဖြစ်ပါတယ်။

သွားရောက်ကူညီခဲ့တဲ့ လူရွှင်တော်များ

သွားရောက်ကူညီခဲ့တဲ့ လူရွှင်တော်များ

မီးလောင်ပြင်မှာဦးသူရနဲ့အတူ ကူညီကြသောလူရွှင်တော်များ မှာ စိန်သီး၊ ကြယ်သီး၊ဇီးသီး(သီးလေးသီး) ၊ ချက်ကြီး၊ဖိုးသဲ(ဂလက်စီ စတား) နဲ့ အာလူး၊ဇောက်ထိုး၊ဒိုပေါက်(ဇွဲ)
တို့ဖြစ်ပါတယ် လို့လည်းသိရပါတယ်။

Photo Credit:UThura Zarganar Facebook

ကြည်သာ (Akhayar)

www.akhayar.com