[Zawgyi]







Messi

Messi




Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကြာသပတေးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

အင်္ဂလန် – အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် Southgate ဟာလာမယ့် ၂၄ နာရီအတွင်းအသင်းနဲ့ (၄)နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ရှိနေပါတယ်။

PSG – PSG အသင်းကွင်းလယ်လူ ရာဘီယူ Rabiot ဟာစာချုပ်သစ်အတွက် အသင်းရဲ့ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှုးဟောင်း လက်ရှိဘယ်လ်ဂျီယံအသင်း လက်ထောက်နည်းပြ အွန်နရီ Henry ဟာ ဗီလာအသင်းနည်းပြရာထူးကို စိတ်ဝင်စားနေပါတယ်။

ဝက်စ်ဟမ်း – ဝက်စ်ဟမ်းအသင်း တိုက်စစ်မှုး ကာရိုးလ် Carroll ဟာ လာမယ့် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ဒဏ်ရာကနေပြန်လာဖို့ မျှော်လင့်နေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်း ကွင်းလယ်လူ မစ်ခီတာရီယန် Mkhitaryan ဟာကရာဘတ်အသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ် အသင်းရဲ့လူစာရင်းမှာ ပါဝင်မှာမဟုတ်ဘူး လို့သိရပါတယ်။

Messi

Messi

ဘာစီလိုနာ – ဘာစီလိုနာကွင်းလယ်လူ Rakitic က မက်ဆီ Messi ဟာတခြားကစားသမားတွေနဲ့ မတူပဲ ကွဲပြားခြားနားမှုတွေရှိသူပါ လို့ပြောကြားခဲ့ပါတယ်။

PSG – PSG အသင်းနည်းပြ တူချယ် Tuchel က အသင်းရဲ့တိုက်စစ်မှုး နေမာ Neymar ဟာ ဥရောပရဲ့ အကောင်းဆုံးကစားသမား တစ်ဦးပါလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

အက်သလက်တီကို – အက်သလက်တီကိုအသင်း နည်းပြ ဆီမြွန်နီ Simeone က အသင်းရဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

Ref: BBC Sport , Sportskeeda
Photo: TV Tambaú , MAX Sports News
Ko Kyue(Akhayar)
www.akhayar.com