[Zawgyi]





Smalling

Smalling






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကြာသပတေးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်ယူ – မန်ယူလူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် Rashford ဟာ သူ့ရဲ့ လက်ရှိအနေအထားတွေကြောင့်  ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဆွေးနွေးဖို့ အဆင့်သင့်ရှိနေပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာလည်း ရပ်ရှ်ဖို့ဒ် ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

ချယ်လ်ဆီး – မန်ယူအသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အင်တာမီလန်နောက်ခံလူ Skriniar ကို ချယ်လ်ဆီးအသင်းဟာ လည်းခေါ်ယူဖို့စိတ်ဝင်စားလာခဲ့ပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်လူ Weigl ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Smalling

Smalling

မန်ယူ – မန်ယူအသင်းဟာ နောက်ခံလူ စမောလင်း Smalling နဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ အော်ရီဂီ Origi နဲ့ မာတစ် Matip တို့ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တူရကီမြေကိုပြောင်းရွှေ့ဖို့ ရှိနေကြပါတယ်။ အော်ရီဂီ ကို ဂါလာတာစာရေးအသင်းက ခေါ်ယူလိုနေပြီး မာတစ် ကိုတော့ ဖီနာဘာချီအသင်းက ပစ်မှတ်ထားနေတာပါ။

ကာဒစ် – ကာဒစ်အသင်းဟာ လီဗာပူးလ်ညာနောက်ခံလူ ကလိုင်း Clyne ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဖီအိုရင်တီးနားနောက်ခံလူ Milenkovic ကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

မန်စီးတီး – မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola ဟာ အနာဂတ်မှာ နိုင်ငံအသင်းနည်းပြအဖြစ် လုပ်ကိုင်ဖို့ စိတ်ဝင်စားနေပါတယ်။

Ref: BBC Sports , Goal.com , Sportskeeda
Photo: Football Fancast 
Ko Kyue(Akhayar)
www.akhayar.com