[Zawgyi]






Ranieri

Ranieri






Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကြာသပတေးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

အဲဗာတန် – အဲဗာတန်အသင်းဟာ မန်ယူနောက်ခံလူ စမောလင်း Smalling ကို ဒီနှစ်ဘောလုံးရာသီကုန်မှာခေါ်ယူလိုနေပါတယ်။ စမောလင်း ဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ဖူလ်ဟမ် – လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ရာနီရေးရီ Ranieri ဟာ ဖူလ်ဟမ်အသင်း နည်းပြသစ်ဖြစ်လာခဲ့ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ပူလီရှစ် Pulisic ကို လာမယ့်နွေရာသီမှာ ခေါ်ယူလိုနေပါတယ်။

ရိုးမား – ရိုးမားအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ယူတောင်ပံကစားသမား အက်ရှ်လေယန်း Young ကို ကမ်းလှမ်းသွားဖို့ရှိနေပါတယ်။

Ranieri

Ranieri

ဖူလ်ဟမ် – ဖူလ်ဟမ်အသင်းနည်းပြသစ် ရာနီရေးရီ Ranieri ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်နောက်ခံလူ မာတစ် Matip ကိုခေါ်ယူလိုနေပါတယ်။

ဝုလ်ဗ် – ဝုလ်ဗ်အသင်းဟာ မန်ယူနောက်ခံလူ ရိုဟို Rojo ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဖူလ်ဟမ် – အာစင်ဝင်းဂါး Arsene Wenger ၊ ဘိုအာ့စ် Boas နဲ့ ယာဒင်း Jardim တို့ဟာ ဖူလ်ဟမ်အသင်း နည်းပြဖြစ်လာဖို့ အခွင့်အရေးရခဲ့ကြပေမယ့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူ – မန်ယူနည်းပြ မော်ရင်ဟို Mourinho ဟာ နောက်ခံလူ ဒါမီယန် Darmian ကိုအသင်းမှာ ဆက်ရှိစေချင်နေပါတယ်။

နယူးကာဆယ် – နယူးကာဆယ်အသင်းဟာ မေဂျာလိဂ်ကလပ် Atlanta United အသင်းရဲ့ကွင်းလယ်လူ Miguel Almiron ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Ref: BBC Sport , Goal.com
Photo: Fulham Twitter , The Independent
Ko Kyue(Akhayar)
www.akhayar.com