[Zawgyi]






Barkley

Barkley






Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကြာသပတေးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ဘာစီလိုနာ – ဘာစီလိုနာအသင်းလူငယ်တိုက်စစ်ကစားသမား မဲလ်ကွန် Malcom ကိုခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့ စပါးအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ မဲလ်ကွန် ဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရသူပါ။

ဒေါ့မွန် – ဒေါ့မွန်အသင်းဟာ မန်စီးတီး လူငယ်ကွင်းလယ်လူ ဖိုဒန် Foden ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

စပါး – စပါးအသင်းဟာကွင်းလယ်လူ အဲရစ်ဆင် Eriksen ကို စာချုပ်သက်တမ်းတိုးဖို့ရှိနေပါတယ်။

အာဆင်နယ် – အာဆင်နယ် ကွင်းလယ်လူ ရမ်ဆေး Ramsey ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Barkley

Barkley

ချယ်လ်ဆီး – ချယ်လ်ဆီးဂန္ထဝင်ကစားသမား Pat Nevin က အသင်းရဲ့ကွင်းလယ်လူ ဘာကလေ Barkley ဟာ လမ်းပတ် Lampard နောက်တစ်ယောက်ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ မန်ယူကွင်းလယ်လူ မာတာ Mata ကိုခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ မာတာ ဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

မိုနာကို – မိုနာကိုအသင်းနည်းပြ အွန်နရီ Henry ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နောက်ခံအစွန်လူ ၊ ဗဟိုကွင်းလယ်လူ နဲ့ တိုက်စစ်မှူးစတဲ့နေရာတွေအတွက် ကစားသမားတွေခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ် – အာဆင်နယ်ဂန္ထဝင် နည်းပြ အာစင်ဝင်းဂါး Arsene Wenger ဟာ ၂၀၁၉ ခုနှစ်မှာ ဘောလုံးလောကကိုပြန်လည်ဝင်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

နာပိုလီ – နာပိုလီအသင်းဟာ အသင်းရဲ့တောင်ပံကစားသမား ကယ်လီဟွန် Callejon ကို စာချုပ်သစ်ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပါတယ်။

Ref: BBC Sport , Goal.com
Photo: Evening Standard , The Independent
Ko Kyue(Akhayar)
www.akhayar.com