[Zawgyi]





Pogba

Pogba






Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကြာသပတေးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ဝက်စ်ဟမ်း – ဝက်စ်ဟမ်းအသင်းဟာ ချယ်လ်ဆီးအသင်းတိုက်စစ်မှုး ဂျရူး Giroud နဲ့ ရိုးမားတိုက်စစ်မှုး ဂျက်ကို Dzeko တို့ကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

PSV – PSV လူငယ်တောင်ပံကစားသမား Steven Bergwijn ရဲ့ ခြေစွမ်းကို မန်ယူနဲ့ လီဗာပူးလ်အသင်းတွေက စောင့်ကြည့်နေကြပါတယ်။

အေဂျက်စ် – အေဂျက်စ် လူငယ်နောက်ခံလူ ဒီလိဂ် De Ligt ကိုခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ် ၊ ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

Pogba

Pogba

ဘာစီလိုနာ – ဘာစီလိုနာအသင်းရဲ့ ပြင်သစ်ကစားသမားတွေဟာ မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ကို အသင်းမှာလာရောက်ကစားစေချင်နေကြပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းဟာ ဟော်ဖန်ဟင်မ် ကွင်းလယ်လူ Demirbay ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဆဲလ်တစ် – ဆဲလ်တစ်အသင်းဟာ မန်ယူကွင်းလယ်လူ တွမ်မီနေး Tominay ကို အငှားနဲ့ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ဘယ်တော့မှ ပြန်သွားတော့မှာမဟုတ်ဖူးလို့ သိရပါတယ်။

အင်တာမီလန် – အင်တာမီလန် နောက်ခံလူ Skriniar ကို မန်ယူနဲ့ မန်စီးတီးအသင်းတွေက ချိတ်ဆက်နေကြပြီး သူကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ လာရောက်ကစားဖို့ စိတ်ဝင်စားနေပါတယ်။

Ref: BBC Sport , Goal.com
Photo: Full Press Coverage , CFCnet
Ko Kyue(Akhayar)
www.akhayar.com