[Zawgyi]






Sanchez

Sanchez






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကြာသပတေးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

အိုင်ယာလန် – လိဒ်စ် ၊ စပါး ၊ လီဗာပူးလ် နဲ့ LA Galaxy အသင်းတွေရဲ့ အိုင်ယာလန်တိုက်စစ်မှူးဟောင်း ရော်ဘီကိန်း Robbie Keane ဟာ ကစားသမားဘ၀ ကနေ အနားယူခဲ့ပြီလို့သိရပါတယ်။ လက်ရှိမှာတော့ ရော်ဘီကိန်း ဟာ အိုင်ယာလန်အသင်းရဲ့ လက်ထောက်နည်းပြ အဖြစ်တာဝန်ယူသွားမှာဖြစ်ပါတယ်။

စပါး – စပါးကွင်းလယ်လူ ဒမ်ဘီလီ Dembele ကို စီးရီးအေထိပ်သီးအသင်းတွေဖြစ်ကြတဲ့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်နေကြပါတယ်။ ဒမ်ဘီလီ ဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ စပါးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ဟတ်ဒါဖီးလ် – ဟတ်ဒါဖီးလ်အသင်းဟာ လီဗာပူးလ် လူငယ်တိုက်စစ်မှူး ဆိုလန်ကီ Solanke ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ခေါ်ယူလိုနေပါတယ်။

အဲဗာတန် – အဲဗာတန်နည်းပြ မာကိုဆေးဗားလ် Marco Silva ဟာ ဝက်ဖို့ဒ်ကွင်းလယ်လူ Doucoure ကိုခေါ်ယူလိုနေပါတယ်။

Sanchez

Sanchez

မန်ယူ – မန်ယူတောင်ပံ တိုက်စစ်ကစားသမား ဆန်းချက်စ် Sanchez ဟာ အသင်းကနေထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ်။

လက်စတာ – လက်စတာကွင်းလယ်လူ အန်ဒီကင်း Andy King ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေထွက်ခွာဖို့ ရှိနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ဒီဂီယာ De Gea ရဲ့နေရာကို အစားထိုးဖို့အတွက် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် Pickford နဲ့ အက်သလက်တီကို ဂိုးသမား အိုဘလက် Oblak တို့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

New York City – New York City တိုက်စစ်မှူး ဒေးဗစ်ဗီလာ David Villa ဟာ အသင်းနဲ့ လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။

အာဆင်နယ် – အာဆင်နယ် ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါး Arsene Wenger ဟာ နည်းပြလောကထဲကို ပြန်လာဖို့ အဆင့်သင့်ဖြစ်နေပြီလို့ အာဆင်နယ်ကစားသမားဟောင်း မာတီဆက်ကာ Mertesacker ကပြောကြားခဲ့ပါတယ်။

Ref: BBC Sports , Goal.com , Sportskeeda
Photo: Life Style Sports Blog , TheWorldNews
Ko Kyue(Akhayar)
www.akhayar.com