မန်ယူ – မန်ယူကွင်းလယ်လူ ဟာရဲရား Herrera ဟာ ရာသီကုန်မှာအသင်းကနေ ထွက်ခွာပြီး PSG အသင်းကိုပြောင်းရွှေ့ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း မန်ယူအသင်းဟာ ဟာရဲရားရဲ့နေရာမှာ အစားထိုးဖို့ အဲဗာတန်ကွင်းလယ်လူ ဂေးယီ Gueye ကို မျက်စိကျနေပါတယ်။

အက်သလက်တီကို – အက်သလက်တီကို ကွင်းလယ်လူ ဆာအူလ် Saul Niguez ဟာ လာမယ့်နွေမှာ အသင်းကနေထွက်ခွာဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။ ဆာအူလ် ကိုခေါ်ယူဖို့အတွက် အသင်းကြီးတွေဖြစ်ကြတဲ့ မန်စီးတီး ၊ မန်ယူ နဲ့ ဘာစီလိုနာအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းဟာ အေဂျက်စ်အသင်းရဲ့ ဘရာဇီးလ်လူငယ်တိုက်စစ်မှူး ဒေးဗစ်နီယက်စ် David Neres ခေါ်ယူရန်ကြိုးပမ်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒေးဗစ်နီယက်စ် ဟာ အေဂျက်စ်အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး သူ့ကိုခေါ်ယူဖို့အတွက် အဲဗာတန်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်ဇ် Fernandes ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဖာနန်ဒက်ဇ် ဟာ ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် သွင်းဂိုး(၂၆)ဂိုးသွင်းယူထားပါတယ်။

လက်စတာ – လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ Brendan Rodgers ဟာ လာမယ့်နွေမှာ ဗာဒီ Vardy နဲ့ အပြိုင်ဖြစ်ဖို့အတွက် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဗာဒီ ဟာ လက်စတာအသင်းအတွက် သွင်းဂိုး(၁၅)ဂိုးသွင်းယူထားပါတယ်။

Ref: BBC Sports , Goal.com
Photo: The Independent , ToffeeWeb , Yahoo Style UK  , Flipboard
Ko Kyue(Akhayar)
www.akhayar.com