မန်ယူ – မန်ယူအသင်းရဲ့ တိုက်စစ်မှူး လူကာကူ Lukaku ဟာ လာမယ့်နွေမှာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ လက်ရှိမှာ လူကာကူ ဟာ ရက်ရှ်ဖို့ဒ် Rashford ရဲ့နောက် အရန်တိုက်စစ်မှူးအဖြစ်သာ ကစားနေရသူဖြစ်ပါတယ်။ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာတော့ လူကာကူ ဟာ မန်ယူအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သွင်းဂိုး(၂)ဂိုးသွင်းယူခဲ့ပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ ဘင်ဖီကာအသင်းကနေ ဖရန့်ဖတ်အသင်းမှာ အငှားနဲ့လာကစားနေတဲ့ တိုက်စစ်မှူး ဂျိုဗစ် Jovic ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့သိရပါတယ်။ ဂျိုဗစ် ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဖရန့်ဖတ်အသင်းအတွက် ခြေစွမ်းပြကစား နေသူဖြစ်ပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ(၃၁)ပွဲကစား (၂၁)ဂိုးသွင်းယူထားပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်ဘယ်နောက်ခံလူ မာဆယ်လို Marcelo ဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေဟာ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။ မာဆယ်လို ဟာ ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်မှာ ကစားခွင့်မရခဲ့သလို အရန်ခုံကနေ ခပ်ပြောင်ပြောင်အမူအယာတွေ လုပ်နေခဲ့တာကြောင့်လည်း အခုလို သတင်းတွေကြီးထွားလာခဲ့တာပဲဖြစ်ပါတယ်။

အင်တာမီလန် – အင်တာမီလန်တိုက်စစ်မှူး အီကာဒီ Icardi ဟာ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အီကာဒီ ဟာ အင်တာမီလန်အသင်းမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပြီး အသင်းခေါင်းဆောင်ရာထူးကိုလည်း ဆုံးရှုံးထားသူပါ။ ဒီနှစ်ဘောလုံးရာသီမှာတော့ လက်ရှိအချိန်ထိ အီကာဒီ ဟာ အင်တာမီလန်အသင်းအတွက် ပွဲပေါင်း(၂၈)ပွဲကစား (၁၅)ဂိုးသွင်းယူထားပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ Sarri က ကီပါ Kepa ဟာ အသင်းရဲ့ နံပါတ်(၁)ဂိုးသမားအဖြစ်ရှိနေဆဲလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ စပါးအသင်းနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဆာရီ ဟာ ကာဘယ်လီရို Caballero ကိုပွဲထွက်ခွင့်ပေးခဲ့ပြီး ချယ်လ်ဆီးအသင်းဟာလည်း စပါးကို ( ၂ – ၀ )နဲ့အနိုင်ရရှိခဲ့ပါတယ်။

Ref: BBC Sports , Goal.com , Sportskeeda
Photo:  Of Headbands and Heartbreak , Worldvoz , Chicago Tribune
Ko Kyue(Akhayar)
www.akhayar.com