[Zawgyi]

ၾကာသပေတးေန႔ ေဘာလံုးသတင္းတိုမ်ားစုစည္းေဖာ္ျပမႈ

ဖီယင္ႏု – အာဆင္နယ္ ၊ မန္ယူအသင္းေတြရဲ႕ တိုက္စစ္မွဴးေဟာင္း လက္ရိွဖီယင္ႏု တိုက္စစ္မွဴး ဗန္ပါစီ Van Persie ဟာ ဒီႏွစ္ ေဘာလံုးရာသီကုန္မွာ ကစားသမားဘ၀ကေန အနားယူေတာ႔မွာျဖစ္ပါတယ္။

မန္စီးတီး – မန္စီးတီးအသင္းဟာ ဂ်ဴဗင္တပ္စ္အသင္းေနာက္ခံလူ အဲလက္စ္ဆန္ဒ႐ို Alex Sandro ေခၚယူဖို႔ စဥ္းစားေနပါတယ္။

အာဆင္နယ္ – အာဆင္နယ္အသင္းဟာ ေအဂ်က္စ္ဘယ္ေနာက္ခံလူ Tagliafico ကိုေခၚယူဖို႔ေစာင္႔ၾကည္႔ေနပါတယ္။

Mourinho-And-Martial

Mourinho-And-Martial

မန္ယူ – မန္ယူေတာင္ပံတိုက္စစ္ကစားသမား မာစီယဲလ္ Martial ကိုဂ်ဴဗင္တပ္စ္ ၊ PSG နဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ကေခၚယူဖို႔ စိတ္၀င္စားေနေပမယ္႔ ကစားသမားကေတာ႔ မန္ယူအသင္းမွာပဲဆက္ေနဖို႔ ဆႏၵရိွေနပါတယ္။

အင္တာမီလန္ – အင္တာမီလန္အသင္းမွာ ပြဲကစားခြင္႔ေပ်ာက္ဆံုးေနတဲ႔ ကြင္းလယ္လူ မာရီယို Mario ကို ပရီးမီးယားလိဂ္ကလပ္အသင္းေတြျဖစ္ၾကတဲ႔ ၀ုလ္ဗ္ ၊ လက္စတာ ၊ ေဆာက္သမ္တန္နဲ႔ ဖူလ္ဟမ္အသင္းေတြက ေခၚယူဖို႔ ခ်ိိတ္ဆက္ေနၾကပါတယ္။

ဖူလ္ဟမ္ – ဖူလ္ဟမ္လူငယ္ကြင္းလယ္လူ Matt O’Riley ကိုေခၚယူဖို႔အတြက္ ဂ်ဴဗင္တပ္စ္နဲ႔ ေဒါ႔မြန္အသင္းေတြက စိတ္၀င္စားေနၾကပါတယ္။

လက္စတာ – လက္စတာအသင္းဟာ မိုနာကိုနည္းျပေဟာင္း ယာဒင္း Jardim အေပၚစိတ္၀င္စားမႈေတြရိွေနပါတယ္။

လီဗာပူးလ္ – လီဗာပူးလ္နည္းျပ Jurgen Klopp ယာဂန္ကေလာ့ က အသင္းရဲ႕ တုိက္စစ္ကစားသမား ဆာလာ Salah ဟာ ျပီးျပည္႔စံုမႈရိွတဲ႔ ကစားသမားလို႔ ခ်ီးက်ဴးခဲ႔ပါတယ္။ ဆာလာဟာ ဇီဗက္ဒါအသင္းနဲ႔ ကစားခဲ႔တဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာအသင္းအတြက္ (၂)ဂိုးသြင္းယူခဲ႔ပါတယ္။

ဘာစီလိုနာ – ဘာစီလိုနာကစားသမား ရာဖင္ဟာ Rafinha က အင္တာမီလန္အသင္းကို အႏိုင္ရရိွခဲ႔တာေၾကာင္႔ ရီးယဲလ္နဲ႔ကစားမယ္႔ ပြဲစဥ္အတြက္ ဘာစီလိုနာအသင္းဟာ ယံုၾကည္မႈပိုရိွလာခဲ႔တယ္လို႔ ေျပာၾကားခဲ႔ပါတယ္။ ရာဖင္ဟာက အင္တာမီလန္နဲ႔ပဲြမွာ အသင္းအတြက္(၁)ဂိုးသြင္းယူေပးခဲ႔ပါတယ္။

Ref: BBC Sport , Goal.com , Sportskeeda , Ronaldo.com
Photo: 10z Soccer , Fortune
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကြာသပတေးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ဖီယင်နု – အာဆင်နယ် ၊ မန်ယူအသင်းတွေရဲ့ တိုက်စစ်မှူးဟောင်း လက်ရှိဖီယင်နု တိုက်စစ်မှူး ဗန်ပါစီ Van Persie ဟာ ဒီနှစ် ဘောလုံးရာသီကုန်မှာ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်ပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ ဂျူဗင်တပ်စ်အသင်းနောက်ခံလူ အဲလက်စ်ဆန်ဒရို Alex Sandro ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ အေဂျက်စ်ဘယ်နောက်ခံလူ Tagliafico ကိုခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။

Mourinho-And-Martial

Mourinho-And-Martial

မန်ယူ – မန်ယူတောင်ပံတိုက်စစ်ကစားသမား မာစီယဲလ် Martial ကိုဂျူဗင်တပ်စ် ၊ PSG နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ မန်ယူအသင်းမှာပဲဆက်နေဖို့ ဆန္ဒရှိနေပါတယ်။

အင်တာမီလန် – အင်တာမီလန်အသင်းမှာ ပွဲကစားခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ မာရီယို Mario ကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ ဝုလ်ဗ် ၊ လက်စတာ ၊ ဆောက်သမ်တန်နဲ့ ဖူလ်ဟမ်အသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်နေကြပါတယ်။

ဖူလ်ဟမ် – ဖူလ်ဟမ်လူငယ်ကွင်းလယ်လူ Matt O’Riley ကိုခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်နဲ့ ဒေါ့မွန်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

လက်စတာ – လက်စတာအသင်းဟာ မိုနာကိုနည်းပြဟောင်း ယာဒင်း Jardim အပေါ်စိတ်ဝင်စားမှုတွေရှိနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်နည်းပြ Jurgen Klopp ယာဂန်ကလော့ က အသင်းရဲ့ တိုက်စစ်ကစားသမား ဆာလာ Salah ဟာ ပြီးပြည့်စုံမှုရှိတဲ့ ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ ဆာလာဟာ ဇီဗက်ဒါပအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာအသင်းအတွက် (၂)ဂိုးသွင်းယူခဲ့ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာကစားသမား ရာဖင်ဟာ Rafinha က အင်တာမီလန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ရီးယဲလ်နဲ့ကစားမယ့် ပွဲစဉ်အတွက် ဘာစီလိုနာအသင်းဟာ ယုံကြည်မှုပိုရှိလာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ရာဖင်ဟာက အင်တာမီလန်နဲ့ပွဲမှာ အသင်းအတွက်(၁)ဂိုးသွင်းယူပေးခဲ့ပါတယ်။

Ref: BBC Sport , Goal.com , Sportskeeda , Ronaldo.com
Photo: 10z Soccer , Fortune
Ko Kyue(Akhayar)
www.akhayar.com