မန်ယူ – မန်ယူနောက်ခံလူ လင်ဒီလော့ဖ် Lindelof ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသွားဖို့ရှိတယ်လို့ သိရပါတယ်။ ဒီစာချုပ်သစ်မှာတော့ လင်ဒီလော့ဖ် ဟာ လက်ရှိရရှိနေတဲ့ လစာပေါင်(၇၅၀၀၀၀)ထက် တိုးမြင့် ရရှိသွားဖို့ ရှိနေပါတယ်။

PSG – PSG အသင်းဟာ တိုက်စစ်ကစားသမား နေမာ Neymar အတွက် ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတွေဟာ နေမာ အတွက် ငွေကြေးနဲ့ ကစားသမားအလိုက်ပေး ကမ်းလှမ်းခဲ့ကြတာဖြစ်ပါတယ်။

ဘရက်စီယာ – နာမည်ကျော်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဘာလိုတယ်လီ Balotelli ဟာ စီးရီးအေတန်းတက်ကလပ် ဘရက်စီယာအသင်းကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။ ဘာလိုတယ်လီ ဟာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သူဖြစ်ပါတယ်။

မန်ယူ – မန်ယူတိုက်စစ်ကစားသမား ဆန်းချက်ဇ် Sanchez ဟာ ဒီနွေမှာအသင်းကနေ ထွက်ခွာသွားမှာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ဆန်းချက်ဇ် ကိုခေါ်ယူဖို့ စီးရီးအေကလပ်အသင်းတွေဖြစ်ကြတဲ့ ရိုးမား ၊ အေစီမီလန် ၊ ဂျူဗင်တပ်စ်နဲ့ နာပိုလီအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း စတာရစ်ခ်ျ Sturridge ဟာ တူရကီကလပ် ထရာဇွန်စပေါ်အသင်းကို ပြောင်းရွှေ့ဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ထရာဇွန်စပေါ်အသင်းမှာ စတာရစ်ခ်ျ ဟာ တစ်နှစ်လုပ်ခပေါင်(၂.၈)သန်းရရှိသွားမှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကိုဗက် Kovac ဟာ အင်တာမီလန်အသင်းကနေ ကနဦးအငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ပါရီဆစ် Perisic ဆီကနေ အကောင်းဆုံးတွေရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ပါရီဆစ် ဟာ ပထမတစ်ကြိမ်ဂျာမန်မြေမှာ ဒေါ့မွန်နဲ့ ၀ုလ်ဖ်ဘတ်အသင်းတွေမှာ ကစားတုန်းက အောင်မြင်ခဲ့သူဖြစ်တာကြောင့် ဒီတစ်ကြိမ်မှာလည်း အောင်မြင်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ရိုးမား – ရိုးမားကွင်းလယ်လူ အန်ဇွန်ဇီ Nzonzi ဟာ ဂါလာတာစာရေးအသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အန်ဇွန်ဇီ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ရိုးမားအသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းနောက်ခံလူ လိုဗရန် Lovren ဟာ ရိုးမားအသင်းနဲ့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ လိုဗရန် ဟာ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတိုရဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ အသင်းရဲ့ အရန်လူစာရင်းမှာတောင် မပါဝင်ခဲ့တာကြောင့် အခြေအနေတွေက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

မိုနာကို – မိုနာကိုအသင်းဟာ ဂျူဗင်တပ်စ်ကစားသမားတွေဖြစ်ကြတဲ့ မာတွီဒီ Matuidi နဲ့ ရူဂါနီ Rugani တို့ကိုခေါ်ယူရန် ကြိုးပမ်းဖို့ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း မိုနာကိုအသင်းဟာ ဆီဗီလာတိုက်စစ်မှူး Ben Yedder ကိုခေါ်ယူထားပါတယ်။

Ref: BBC Sports , Ronaldo.com , Mirror
Photo: Lindelof  Twitter
Ko Kyue(Akhayar)
www.akhayar.com