အာဆင်နယ် – ICC Cup ပြိုင်ပွဲမှာ အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ( ၂ – ၁ )နဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲမှာတော့ (၂)သင်းလုံးဟာ လူငယ်ကစားသမားတွေနဲ့ နာမည်ကျော်ကစားသမားတွေကို အသုံးပြုခဲ့ကြပါတယ်။ အာဆင်နယ်အသင်းအတွက် ဂိုးတွေကိုတော့ Poznanski (OG) နဲ့ Nketiah က သွင်းယူပေးခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုးကိုတော့ လီဝန်ဒေါစကီး Lewandowski က သွင်းယူခဲ့တာဖြစ်ပါတယ်။

PSG – PSG အသင်းတိုက်စစ်ကစားသမား နေမာ Neymar ရဲ့ဖခင်ဟာ တူရင်မှာ ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာ Fabio Paratici နဲ့တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိမှာ နေမာ ဟာ PSG အသင်းကနေ ထွက်ခွာလိုနေသူဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကလည်း ကစားသမားခေါ်ယူမှုအပိုင်းမှာ ကျွမ်းကျင်တဲ့အသင်းဖြစ်တာကြောင့် အနေအထားတွေက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အာဖရိကနိုင်ငံများဖလား – ၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ တတိယနေရာလုပွဲ တူနီးရှား – နိုက်ဂျီးရီးယားပွဲမှာတော့ နိုင်ဂျီးရီးယားအသင်းက ( ၀ – ၁ )နဲ့ အနိုင်ရရှိခဲ့ပြီး တတိယနေရာရရှိခဲ့ပါတယ်။ နိုက်ဂျီးရီးယားအသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး အီဂါလို ghalo က ပွဲချိန်(၃)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ် – နယူးကာဆယ်အသင်းဟာ Sheffield Wednesday အသင်းနည်းပြ စတိဗ်ဘရုစေ် Steve Bruce ကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ စတိဗ်ဘရုစေ် ဟာ သူ့ရဲ့နည်းပြဘ၀မှာ ပရီးမီးယားလိဂ်အသင်းပေါင်းများစွာကို ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ၀ါရင့်နည်းပြတစ်ဦးဖြစ်ပါတယ်။

ဝက်စ်ဟမ်း – ၀က်စ်ဟမ်းအသင်းဟာ ဖရန့်ဖတ်အသင်း တိုက်စစ်မှူး ဟော်လာ Haller ကို ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၄၅)သန်း ၊ (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ဟော်လာ ဟာ ဖရန့်ဖတ်အသင်းအတွက် သွင်းဂိုး(၁၉)ဂိုးသွင်းယူပေးခဲ့ပါတယ်။

အေစီမီလန် – နယ်သာလန်ကစားသမားတွေဖြစ်တဲ့ လိုင်ယွန်တိုက်စစ်ကစားသမား ဒီပိုင်း Depay နဲ့ အတ္တလန်တာကွင်းလယ်လူ ဒီရွန်း De Roon တို့ရဲ့အေးဂျင့်ဖြစ်တဲ့ Kees Vos ဟာ မနေ့က အေစီမီလန်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီ Maldini နဲ့တွေ့ဆုံပြီး ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လာမယ့်ရာသီအသင်းရဲ့ လူစာရင်းတောင့်တင်းဖို့ အေစီမီလန်အသင်းဟာ အာရုံစိုက်ထားပါတယ်။

စပါး – စပါးအသင်းဟာ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့သွားတဲ့ ထရစ်ပီယာ Trippier ရဲ့ နေရာမှာ အစားထိုးဖို့အတွက် နာပိုလီ ညာနောက်ခံလူ ဟေဆိုင် Hysaj နဲ့ ရိုးမား ညာနောက်ခံလူ ဖလော်ရန်ဇီ Florenzi တို့ကို ခေါ်ယူဖို့ မျက်စိကြနေတယ်လို့ သိရပါတယ်။ ဒီကစားသမား (၂)ဦးလုံးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက သက်ဆိုင်ရာကလပ်အသင်းတွေမှာ ပုံစံကောင်းပြနိုင်ခဲ့ကြပါတယ်။

မန်စီးတီး – မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ချိတ်ဆက်ခြင်းကို ခံနေရတဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာနေး Sane ကို အသင်းမှာပဲ ဆက်ရှိနေဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းကတော့ ဆာနေး ရဲ့ တန်ကြေးကို ပေါင်သန်း(၉၀)၀န်းကျင် သတ်မှတ်ထားပါတယ်။

Ref: BBC Sports , Goal.com , Daily Mail , Sky Sports
Photo: Arsenal Twitter
Ko Kyue(Akhayar)
www.akhayar.com