လီဗာပူးလ် – လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး အော်ရီဂီ Origi ကို နှစ်ရှည်စာချုပ်သစ် တစ်ရပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အော်ရီဂီ ဟာ ၂၀၁၄ ခုနှစ်က လိုင်လီအသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် သွင်းဂိုး(၂၈)ဂိုးသွင်းယူထားပါတယ်။

မန်ယူ – မန်ယူကွင်းလယ်လူ မာတာ Mata ဟာ တရုတ်စူပါလိဂ်ကလပ် Shanghai SIPG အသင်းရဲ့ တစ်ပတ်လုပ်ခပေါင်(၅၅၀၀၀၀)နဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ မာတာ ဟာ မန်ယူအသင်းမှာ ကစားလာတာ (၆)ရာသီရှိခဲ့ပြီဖြစ်သလို ပရိသတ်အကြိုက်ကစားသမားအဖြစ်လည်း ရပ်တည်နေသူဖြစ်ပါတယ်။

အာဆင်နယ် -အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား မယ်လ်ကွန် Malcom ကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ မယ်လ်ကွန် ဟာ ဘာစီလိုနာအသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲနေသူဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ အသင်းအတွက် သွင်းဂိုး(၄)ဂိုးသွင်းယူခဲ့ပါတယ်။

နယူးကာဆယ် – နယူးကာဆယ်အသင်းဟာ နည်းပြဟောင်း ဆမ်အလာဒွိုက်စ် Sam Allardyce ကို ပြီးခဲ့တဲ့ တစ်ပတ်က အသင်းရဲ့ နည်းပြသစ်ရာထူးအတွက် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒီကမ်းလှမ်းမှုကို ဆမ်အလာဒွိုက်စ် က ပယ်ချခဲ့ပြီး လက်ရှိမှာတော့ Sheffield Wednesday အသင်းနည်းပြ စတိဗ်ဘရုစ် Steve Bruce က နယူးကာဆယ်နည်းပြသစ် ရာထူးအတွက် အသံတွေထွက်နေပါတယ်။

အက်သလက်တီကို – အက်သလက်တီကိုအသင်းဟာ စပါးညာနောက်ခံလူ ထရစ်ပီယာ Trippier ကို ပေါင်သန်း(၃၀)နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ စပါးအသင်းကလည်း ထရစ်ပီယာ ကို ရောင်းချဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းရဲ့ စပိန်လူငယ်နောက်ခံလူ ဗယ်လ်လေဟို Vallejo ဟာ အသင်းမှာ ဆက်နေဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းဟာ မလိုအပ်တဲ့ ကစားသမားတွေကို ရှင်းထုတ်နေပြီး ဒီအထဲမှာ ဗယ်လ်လေဟို ကလည်း ပါဝင်ဖို့ရှိနေသူဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Ronaldo.com
Photo: Liverpool Twitter
Ko Kyue(Akhayar)
www.akhayar.com