အင်တာမီလန် – အင်တာမီလန်အသင်းဟာ နည်းပြစပယ်လက်တီ Spalletti ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီလို့ သိရပါတယ်။ စပယ်လက်တီ ဟာ ဒီရာသီမှာ အင်တာမီလန်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် နည်းပြရာထူးကိုတော့ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အင်တာမီလန်အသင်းနည်းပြသစ်ဖြစ်လာဖို့ ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ Conte က နီးစပ်နေပါတယ်။

ဝက်စ်ဟမ်း – ၀က်စ်ဟမ်းကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မှူးကာရိုးလ် Andy Carroll ၊ ဂိုးသမား အန်ဒရီယန် Adrian နဲ့ ကွင်းလယ်လူ နာဆရီ Samir Nasri တို့ဟာ ဒီနွေမှာအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ ဒီကစားသမား (၃)ဦးလုံးဟာ လာမယ့်(၆)လပိုင်းကုန်မှာ ၀က်စ်ဟမ်းအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကြမှာဖြစ်ပါတယ်။

မန်ယူ – မန်ယူအသင်းခေါင်းဆောင် အက်ရှ်လေယန်း Young ဟာ အသင်းဖော်ဟောင်း ရွန်နီ Rooney ကစားနေတဲ့ မေဂျာလိဂ်ကလပ် D.C. United အသင်းကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အက်ရှ်လေယန်း ဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ပွဲပေါင်း(၄၁)ပွဲကစား (၂)ဂိုးသွင်းယူခဲ့ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးနည်းပြဆာရီ Sarri ဟာ အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းနဲ့ သတင်းတွေထွက်နေတဲ့ ဆာရီ ဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်းအတွက် ယူရိုပါလိဂ်ချန်ပီယံဆုကို ရယူပေးခဲ့ပြီး သူရဲ့နည်းပြဘ၀ ပထမဆုံးအကြိမ် အဓိကဆုဖလားအောင်မြင်မှုလည်းဖြစ်ခဲ့ပါတယ် ။

လိုင်လီ – လိုင်လီတောင်ပံကစားသမား ပီပီ Nicolas Pepe ကို လီဗာပူးလ်အသင်းက ပေါင်သန်း(၇၀)နဲ့ ခေါ်ယူသွားဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ပီပီ ကိုခေါ်ယူနိုင်ဖို့အတွက် မန်ယူနဲ့ PSG အသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။

Ref: BBC Sports , Goal.com
Photo: Daily Mail , Chicago Tribune , Red Devil Armada , Football Fancast
Ko Kyue(Akhayar)
www.akhayar.com