ဘာစီလိုနာ – ဘာစီလိုနာအသင်းဂိုးသမား စတီဂန် Stegen ဟာ ဒူးဒဏ်ရာကြောင့် ဗလင်စီယာအသင်းနဲ့ ကစားမယ့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ဗိုလ်လုပွဲမှာ ဒဏ်ရာပြဿနာကြောင့် အဓိကကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူးဆွာရက်ဇ် Suarez နဲ့ ဂိုးသမား စတီဂန် တို့ကို ဆုံးရှုံးရမှာဖြစ်ပါတယ်။

မစ်ဒယ်ဘရော့ – ချယ်လ်ဆီးဂန္ထ၀င်ကစားသမား လက်ရှိဗီလာအသင်းရဲ့ လက်ထောက်နည်းပြ ဂျွန်တယ်ရီ John Terry ဟာ မစ်ဒယ်ဘရော့အသင်းရဲ့ နည်းပြသစ်ရာထူးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တယ်ရီ ရဲ့ ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ကို တက်ရောက်နိုင်ဖို့အတွက် ဒါဘီအသင်းနဲ့ Play Offs Final ပွဲကစားဖို့ရှိနေပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ ဂျူဗင်တပ်စ်ညာနောက်ခံလူ ကန်ဆယ်လို Cancelo ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ကန်ဆယ်လို ရဲ့ လက်ရှိတန်ကြေးဟာ ပေါင်(၅၂.၉)သန်းဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ပွဲပေါင်း(၃၄)ပွဲကစား (၁)ဂိုးသွင်းယူခဲ့ပါတယ်။

မာဆေးလ် – မာဆေးလ်အသင်းနည်းပြ ရူဒီဂါစီယာ Rudi Garcia ဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်လီဂူးဟာ လက်ရှိမှာ ပြီးဆုံးဖို့ ပွဲစဉ်တစ်ပွဲလိုသေးပြီး ဒီပွဲပြီးရင် ရူဒီဂါစီယာ က မာဆေးလ်အသင်းကနေ ထွက်ခွာမှာဖြစ်ပါတယ်။

ဒေါ့မွန် – ဒေါ့မွန်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ခပ်မြန်မြန်လှုပ်ရှားနေပြီး ခြေစွမ်းကောင်းတဲ့ ကစားသမားတွေဖြစ်တဲ့ လေဗာကူဆင်ကွင်းလယ် တိုက်စစ်ကစားသမား ဘရန့်တ် Julian Brandt ၊ မိုချန်ဂလာဘတ် ကွင်းလယ် တိုက်စစ်ကစားသမား သော်ဂန်ဟာဇက် Thorgan Hazard နဲ့ ဟော်ဖန်ဟင်ဘယ်နောက်ခံလူ Nico Schulz တို့ကိုခေါ်ယူလိုက်ပြီလို့ သိရပါတယ်။

Ref: BBC Sports , The Guardian
Photo: The Guardian , Télé Star , SportsUpdate.news | Sports News Update , The Top Flight
Ko Kyue(Akhayar)
www.akhayar.com