ကိုပါအီတာလီယာ – လာဇီယိုအသင်းဟာ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာ အတ္တလန်တာအသင်းကို ( ၀ – ၂ )နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ်။ လာဇီယိုအသင်းအတွက် သွင်းဂိုးတွေကိုတော့ မီလင်ကိုဗစ် Milinkovic နဲ့ ကော်ရီယာ Correa တို့ကသွင်းယူခဲ့ကြတာဖြစ်ပါတယ်။ အခုရရှိခဲ့တဲ့ ကိုပါအီတာလီယာချန်ပီယံဆုဟာ လာဇီယိုအသင်းအတွက် (၇)ကြိမ်မြောက်ဆုဖလားဖြစ်ခဲ့ပါတယ်။ ကိုပါအီတာလီယာဖလားချန်ပီယံဆုကို ရရှိခဲ့တာကြောင့် လာဇီယိုအသင်းဟာယူရိုပါလိဂ်ပြိုင်ပွဲ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်းရဲ့ လူငယ်ကွင်းလယ်တိုက်စစ်ကစားသမား အိန်ဂျယ်ဂိုးမက်စ် Angel Gomes ကိုခေါ်ယူဖို့ အတွက် ဘာစီလိုနာ နဲ့ PSG အသင်းတွေက စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ အိန်ဂျယ်ဂိုးမက်စ် ဟာ မန်ယူလူငယ်အသင်းမှာ ခြေစွမ်းပြကစားနေသူဖြစ်ပေမယ့် စီနီယာအသင်းမှာ ကစားခွင့်ရဖို့က ခက်ခဲနေသူဖြစ်ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ အက်သလက်တီကို တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann ကို ခေါ်ယူနိုင်ဖို့အတွက် ယုံကြည်ချက်ရှိနေတယ်လို့ သိရပြီး သူ့ကိုခေါ်ယူဖို့အတွက် PSG အသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ဂရစ်ဇ်မန်း ဟာ ရာသီကုန်မှာ အက်သလက်တီကိုအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် သွင်းဂိုး(၂၁)ဂိုးသွင်းယူထားပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်း ကွင်းလယ်လူ လောဖ့်တပ်ချိခ် Loftus-Cheek ဟာ New England အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို လွဲချော်ဖို့ရှိနေပြီး လာမယ့်ရာသီအစလောက်ထိ အနားယူရဖို့ရှိတယ်လို့ သိရပါတယ်။ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ လောဖ့်တပ်ချိခ် ဟာ ခြေစွမ်းပြကစားနေသူဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းအတွက် နစ်နာခဲ့ရပါတယ်။

မန်ယူ – မန်ယူအသင်းဟာ တိုက်စစ်မှူး လူကာကူ Lukaku ရဲ့ နေရာမှာ အစားထိုးဖို့အတွက် လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီ Dembele ကို မျက်စိကျနေတယ်လို့ သိရပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဒမ်ဘီလီ ဟာ ဒီရာသီမှာ လိုင်ယွန်အသင်းအတွက် လက်ရှိအချိန်ထိ သွင်းဂိုး(၁၇)ဂိုးသွင်းယူပေးထားပါတယ်။

Ref: BBC Sports , Goal.com Talksports
Photo: Metro , The Independent , The Sun , Lazio Twitter
Ko Kyue(Akhayar)
www.akhayar.com