မန်ယူ – မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ဟာ အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်မှာ PSG အသင်းကို တစ်ပတ်လုပ်ခပေါင်(၄၂၉၀၀၀)နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရပါတယ်။ ဒါပေမယ့် PSG တိုက်စစ်ကစားသမား နေမာ Neymar ဟာ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့နိုင်ခဲ့တာကြောင့် ပေါ့ဘာ ရဲ့ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။

နာပိုလီ – နာပိုလီကွင်းလယ်လူ ဖေဘီယန်ရုဇ် Fabian Ruiz ကို ခေါ်ယူဖို့ ဥရောပကလပ်အသင်းကြီးတွေဖ်ြကြတဲ့ လီဗာပူးလ် ၊ ဘာစီလိုနာ ၊ ရီးယဲလ် နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက အပြိုင်ဖြစ်နေကြတယ်လို့ သိရပါတယ်။ ဖေဘီယန်ရုဇ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကစပြီး ထွန်းတောက်လာတဲ့ ကစားသမားဖြစ်ပါတယ်။

စပါး – စပါးအသင်းဟာ လာမယ့်ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ ကွင်းလယ်လူ အဲရစ်ဆင် Eriksen နဲ့ ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလား Dybala ကို အလဲအထပ်လုပ်နိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲရစ်ဆင် ကို ဂျူဗင်တပ်စ်အသင်းက ခေါ်ယူလိုနေသလို စပါးအသင်းကလည်း ဒီဘားလား ကို ခေါ်ယူလိုနေပါတယ်။

အာဆင်နယ် – အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါး Arsene Wenger ဟာ ဆန်ချို Sancho ဒေါ့မွန်အသင်းကို မပြောင်းခင် မန်စီးတီးအသင်းမှာ ကစားတုန်းကခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာတော့ ဆန်ချို ဟာ ခြေစွမ်းကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်နေပါပြီ။

လီဗာပူးလ် – လီဗာပူးလ်အသင်း ဂိုးသမား အယ်လစ်ဆန် Alisson ဟာ အပေါ့စားလေ့ကျင့်ခန်းတွေ လုပ်နေပြီလို့ သိရပါတယ်။ အယ်လစ်ဆန် ဟာ ဒဏ်ရာပြဿနာကြောင့် လီဗာပူးလ်အသင်းရဲ့ ရာသီအစပိုင်းပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။

ဘရက်စီယာ – ဘရက်စီယာအသင်းမှာ ဘာလိုတယ်လီ Balotelli ဟာ အောင်မြင်လိမ့်မယ်လို့ မန်စီးတီးအသင်းဖော်ဟောင်း ဒီယွန်း De Jong က ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ ဘာလိုတယ်လီ ဟာ ဘရက်စီယာအသင်းအတွက် တစ်ပွဲမှမကစားထားရသေးပါဘူး။

ဘီလ်ဘာအို – ဘီလ်ဘာအိုအသင်းတိုက်စစ်မှူး ၀ီလီယံစ် Inaki Williams ဟာ အသင်းနဲ့ နှစ်ရှည်စာချုပ်မချုပ်ခင်မှာ မန်ယူအသင်းရဲ့ဆက်သွယ်မှုကို ရရှိခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ၀ီလီယံစ် ဟာ အခုနောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းပိုင်းတိုးတက်လာပြီး ရေရှည်မှာပိုကောင်းလာနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။

လီဗာပူးလ် – လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် Van Dijk ဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံးနောက်ခံလူလို့ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ Kompany ကချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ် Ramos ကလည်း ဗန်ဒိုက် Ballon d’Or ဆုကိုရနိုင်တယ်လို့ ယုံကြည်နေပါတယ်။

စပို့တင်းလစ္စဘွန်း – စပို့တင်းလစ္စဘွန်းအသင်းဟာ ကွင်းလယ်လူ ဖာနန်ဒက်ဇ် Bruno Fernandes အတွက် ပေါင်(၆၂)သန်းရရှိရင် ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ဖာနန်ဒက်ဇ် ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူ ၊ စပါး ၊ ရီးယဲလ်အသင်းတွေနဲ့ အသံတွေထွက်ခဲ့ပါတယ်။

ဗလင်စီယာ – ဗလင်စီယာအသင်းဟာ နည်းပြ မာစီလီနို Marcelino ကို ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအခြေအနေဟာ မထင်မှတ်ထားတဲ့ အနေအထားတစ်ခုဖြစ်ခဲ့သလို မာစီလီနို ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဗလင်စီယာအသင်းကို စပိန်ဘုရင့်ဖလားရရှိအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။

Ref: BBC Sports , Daily Mail , Ronaldo.com , Sportskeeda
Photo: Goal.com
Ko Kyue(Akhayar)
www.akhayar.com