PSG – PSG အသင်းဟာ ဘာစီလိုနာအသင်းရဲ့ နေမာ Neymar အတွက် နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ယူရိုသန်း(၁၅၀)အရစ်ကျပေးချေပြီး ဒမ်ဘီလီ Dembele နဲ့ ရာကီတစ် Rakitic တို့ကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

မန်ယူ – မန်ယူတောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ် Sanchez ဟာ အင်တာမီလန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့အတွက် မီလန်မြို့ကိုရောက်ရှိနေပြီလို့ သိရပါတယ်။ ဒီအနေအထားတွေကြောင့် သိပ်မကြာခင်မှာ ဆန်းချက်ဇ် ရဲ့ အပြောင်းအရွှေ့ကိုတရားဝင်ကြေညာဖို့ ရှိနေပါတယ်။

မိုနာကို – မိုနာကိုအသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကို Bakayoko ကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ဘာကာယိုကို ကို မိုနာကိုအသင်းဟာ အပြီးသတ်ခေါ်ယူမယ်ဆိုရင်တော့ ပေါင်(၃၁.၈)သန်း အသုံးပြုသွားရမှာဖြစ်ပါတယ်။

လီဗာပူးလ် – လီဗာပူးလ်နောက်ခံလူ လိုဗရန် Lovren ဟာ ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့အတွက် လီဗာပူးလ်အေသင်းကနေထွက်ခွာနိုင်တုန်းပဲ သိရပါတယ်။ ရိုးမားအသင်းကလည်း လိုဗရန် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် အပြောင်းအရွှေ့ကတော့ ကြန့်ကြာနေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်း ဂိုးသမား နာဗတ်စ် Navas ဟာ PSG အသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ နာဗတ်စ် ဟာ အခုနောက်ပိုင်းနှစ်တွေမှာ ပုံမှန်နေရာပျောက်ဆုံးလာတာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းကနေထွက်ခွာလိုနေသူဖြစ်ပါတယ်။

မန်ယူ – ဒေါ့မွန်တိုက်စစ်ကစားသမား ဆန်ချို Sancho ဟာ မန်ယူအသင်းရဲ့လာမယ့်နွေရာသီ ထိပ်တန်းပစ်မှတ်ကစားသမားအဖြစ် ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ဆန်ချိုကို အတွက် ပေါင်သန်း(၁၀၀)နဲ့ အထက် အသုံးပြုရဖို့ ရှိနေပါတယ်။

PSG – PSG အသင်းဟာ နေမာ Neymar ရဲ့နေရာအစားထိုးဖို့အတွက် စပါးကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင် Eriksen ကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ လက်ရှိမှာတော့ အဲရစ်ဆင် ကို ဥရောပရဲ့နာမည်ကျော်ကလပ်တော်တော်များများ က စိတ်ဝင်စားနေပါတယ်။

ဆီဗီလာ – ဆီဗီလာအသင်းဟာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး မာရီယာနို Mariano ကိုခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မာရီယာနို ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ပွဲကစားခွင့်ပျောက်ဆုံးနေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းတိုက်စစ်ကစားသမား မန်ဇူကစ် Mandzukic ဟာ PSG အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ မန်ဇူကစ် ဟာ သိပ်မကြာခင်အချိန်တုန်းက မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူဖြစ်ပါတယ်။

Ref: BBC Sports , Mirror , Sportskeeda , Marca , The Sun
Photo: The Sun
Ko Kyue(Akhayar)
www.akhayar.com