[Zawgyi]







Cristiano-Ronaldo

Cristiano-Ronaldo






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကြာသပတေးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်း တောင်ပံတိုက်စစ်ကစားသမား ဝီလီယံ Willian ဟာ ချယ်လ်ဆီးအသင်းမှာပျော်ရွှင်နေပြီး အသင်းကနေထွက်ခွာဖို့ အစီအစဉ်မရှိပါဘူး လို့ ပြောကြားခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်ခံအစွန်လူတွေဖြစ်ကြတဲ့ လုခ်ရှော Luke Shaw နဲ့ ဒါလော့ Dalot တို့ရဲ့ ခြေစွမ်းကိုချီးကျူးခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ အေဂျက်စ်အသင်းရဲ့ ကွင်းလယ်လူ ဒီယွန်း De Jong ကိုခေါ်ယူဖို့ မျက်စိကျနေပါတယ်။ ဒီယွန်း ကိုခေါ်ယူဖို့ ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေခဲ့တာပါ။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ ဆီဗီလာအသင်းကွင်းလယ်လူ ဘာနီဂါ Banega ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဆယ်လ်တာဗီဂို – ဆယ်လ်တာဗီဂိုအသင်း ကွင်းလယ်လူ Lobotka ကိုခေါ်ယူဖို့ PSG နဲ့ စပါးအသင်းတို့ဟာ အပြိုင်ဖြစ်နေကြပါတယ်။

Cristiano-Ronaldo

Cristiano-Ronaldo

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ယာနစ် Pjanic ဟာ အသင်းဖော် စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ အနီကတ်ပြစ်ဒဏ်က အဓိပ္ပာယ်မရှိတဲ့ ပြစ်ဒဏ်လို့ ပြောကြားခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်းနောက်ခံလူ လုခ်ရှော Luke Shaw က ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းအတွက်(၂)ဂိုးသွင်းယူခဲ့တဲ့ ပေါ့ဘာ Pogba ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းနည်းပြ အမ်မရီ Emery က အသင်းရဲ့ဂိုးသမား လေနို Leno ဟာ Vorskla အသင်းနဲ့ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲထွက်ပါဝင်ခွင့်ရမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ လူငယ်ကစားသမား အမ်ပါဒူ Ampadu ကို (၅)နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကိုဗက် Kovac ဟာ ဘင်ဖီကာနဲ့ချန်ပီယံလိဂ်ပွဲမှာ လူငယ်ကွင်းလယ်လူ ရီနာတိုဆန်းချက်စ် Renato Sanches ရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီးပျော်ရွှင်ရကြောင်း ပြောကြားခဲ့ပါတယ်။

Ref: BBC Sport , Goal.com , Sportskeeda , Merto , Ronaldo.com
Photo: SportsCity.us , Aire de Santa Fe
Ko Kyue(Akhayar)
www.akhayar.com