[Zawgyi]






Lallana

Lallana






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကြာသပတေးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

လိုင်လီ – လိုင်လီတောင်ပံကစားသမား ပီပီ Pepe ကိုခေါ်ယူဖို့အတွက် အာဆင်နယ် ၊ မန်ယူနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီး ဘယ်နောက်ခံလူ အလွန်ဆို Alonso ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေပါတယ်။

အေစီမီလန် – မန်ယူအသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အေစီမီလန်နောက်ခံလူ Romagnoli ကို ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ လာမယ့်အပတ်မှာ လင်ဂတ် Lingard နဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးဖို့ ရှိနေပါတယ်။

Lallana

Lallana

လီဗာပူးလ် – လီဗာပူးလ်ကစားသမား လယ်လာနာ Lallana ဟာ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ ဒဏ်ရာကနေ ပြန်လာဖို့ရှိနေပါတယ်။

ဝေးလ်စ် – ဝေးလ်စ်အသင်း တောင်ပံတိုက်စစ်ကစားသမား ဘေးလ် Bale ဟာ ဒဏ်ရာပြဿနာကြောင့် စပိန်နဲ့ ကစားမယ့် ခြေစမ်းပွဲကိုလွဲချော်မှာ ဖြစ်ပါတယ်။

မန်ယူ – မန်ယူ နောက်ခံလူ ဘာယီ Bailly ကို အာဆင်နယ်နဲ့ စပါးအသင်းတွေက ခေါ်ယူဖို့ပစ်မှတ်ထားနေကြပါတယ်။

PSG – PSG အသင်းက လိုင်ယွန်အသင်းကို ( ၅ – ၀ )နဲ့အနိုင်ရရှိခဲ့တဲ့ လီဂူးပွဲစဉ်မှာ အနီကတ်ထိခဲ့တဲ့ PSG နောက်ခံလူ Kimpembe ဟာ (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အေစီမီလန် – ဖလာမင်ဂိုအသင်းရဲ့ လူငယ်ကွင်းလယ်လူ Paqueta ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ယူရိုသန်း(၃၀)နဲ့ အေစီမီလန်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

Ref: BBC Sport , Sportskeeda , Bleacher Report Football
Photo: Chicago Tribune , am1.news
Ko Kyue(Akhayar)
www.akhayar.com