[Zawgyi]





သူရိယ

သူရိယ



သူရိယ

သူရိယ



Photo Credit:Thu Riya

www.akhayar.com
<strong[Unicode]

ပြန်ဆိုတေးဆိုမိလို့ ပရိသတ်ဝေဖန်လာခဲ့ရင်လည်းကျေနပ်မှာပါဆိုတဲ့ သူရိယ

လတ်တလောမှာတော့ သရုပ်ဆောင်သူရိယ တစ်ယောက်ဇာတ်လမ်းတွဲတွေရိုက်ဖို့ရှိပြီး“ကြာဖြူ”ဆိုတဲ့ ဗီဒီယို ဇာတ်ကားအပြင် ရိုက်ထားပြီးသား ရုပ်ရှင် ကားကြီးတွေ ရုံတင်တော့မယ် လို့သိရပါတယ်။ ဒါ့အပြင် ဂီတဘက်ကိုရပ်တည်ဖို့ ခြေလှမ်းပြင်ဆင် နေပြီလို့ သိရတာကြောင့်သူရိယနဲ့တွေ့ဆုံခိုက်မှာ သိလိုသမျှမေးဖြစ်ခဲ့ပါတယ်။

သူရိယအနေနဲ့ဇာတ်ကားရိုက်ကူးမှုကာရိုက်တာအပိုင်းမှာကိုယ့်စိတ်ကြိုက်ရွေးချယ်ခွင့်ရနေပြီလား။

“လူအမျိုးမျိုး၊ စရိုက်အမျိုးမျိုးရှိတဲ့ပုံစံတွေ၊စရိုက်တွေကိုသရုပ်ဆောင်ရတဲ့အတွက် ကျွန်တော် သရုပ်မဆောင် ဖူးတာတွေ အများကြီးပဲရှိပါသေးတယ်။အခုချိန် မှာတော့ကိုယ်ကြိုက်တဲ့ဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ရတဲ့ အနေအထားတွေ ရှိပါတယ်။ ကျွန်တော်ကတော့ ဂျစ်ကန်ကန်ပုံစံမျိုး သရုပ်ဆောင်ရတာကြိုက်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကအပြင်မှာလည်း နည်းနည်းဂျစ်ကန် ကန်နိုင်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

သူရိယ

သူရိယ

ရုပ်ရှင်ဘက်ကနေဂီတဘက်ကိုခြေချဖြစ်တာနဲ့ပတ်သက်ပြီးလည်း ခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တစ်ကိုယ်တော်အခွေလုပ်နေပါတယ်။ ဒါပေမယ့်လောလောဆယ် အဲဒီဘက်ကိုမလှည့်နိုင်သေးလို့ ခဏနားထားပါတယ်။ ၄၊၅ပုဒ်လောက်တော့ အသံသွင်းပြီးနေပါပြီ။ ဒီနှစ်ထဲမှာထွက်ဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေဝင်လာတော့ အဲဒီဘက်ကိုဦးစားမပေးနိုင်သေး ဘူးဖြစ်နေတယ်။ ပရိသတ်တွေကို ကျွန်တော့်ရဲ့ အနုပညာနောက်တစ်ခုအနေနဲ့ သီချင်းဆိုရတာလည်းဝါဿနာပါတော့ လုပ်ချင်တာနဲ့ပဲ ပရိသတ်တွေ ကို လည်း သိစေချင်တဲ့အတွက် အရင်တုန်းကသီချင်းဟောင်းတွေလည်း ၅ပုဒ်လောက် ပါပါတယ်” လို့ဆိုပါတယ်။

သူရိယ

သူရိယ

ပြန်ဆိုတေးတွေဆိုရင်ပရိသတ်တွေကဝေဖန်ကြတာများတော့အဲဒီလိုဝေဖန်လာတဲ့အခါကျရင် ကျေနပ်နိုင်ပါ့မလားလို့ ထပ်မံမေးကြည့်လိုက်တော့

“ဂီတဘက်ကိုအဲဒီလောက်မကျွမ်းဘူး။ ဒါပေမယ့် ကျွန်တော်ဝါသနာပါလို့၊ ကျွန်တော်ကြိုက်လို့ဆိုတာပါ။ ဒီအခွေမှာ Popတွေများမယ်။ နောက်ပြီးအရင်တုန်းက ဦးသိန်းတန်ဆိုထားတဲ့ “စတိတ်ရှိုးနဲ့တိတ်တခိုး” ကျွန်တော်ကြိုက်လို့ဆို တာဖြစ်တဲ့အတွက် ကျေနပ်တယ်။ ပရိသတ်ထဲမှာလည်း ကြိုက်တဲ့သူရှိမယ်။ မကြိုက်တဲ့သူရှိမှာပါပဲ။ ကျွန်တော်ကတော့ ဝေဖန်လာမယ့်အပေါ်မှာကျေနပ်ပါတယ်”ဆိုပြီးပြောပြခဲ့ပါတယ်။

Photo Credit:Thu Riya

www.akhayar.com