This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဆြစ္ဇာလန္အသငး္ကစားမယ့္ပဲြကုိ အားေပးဖုိ႔အတြက္ ႐ုရွားႏုိင္ငံကုိ ခရီးၾကမ္းႏွင္ခဲ့ၾကတဲ့ ဆြစ္ဇာလန္ပရိသတ္(၃)ဦး

ဆြစ္ဇာလန္က Die Hard Fan (၃)ဦးရဲ႕ လုပ္ရပ္ကေတာ့ ခ်ီးက်ဴးစရာလုိ႔ပဲ ေျပာရမလား၊ ႐ူးသြပ္မႈတစ္ခုလုိ႔ပဲ သတ္မွတ္ရမလားပဲ။ ဒီေန႔ည(စေနေန႔ နံနက္ ၁၂း၃၀)ကစားမယ့္ ဆြစ္ဇာလန္-ဆားဘီးယားပဲြကုိ ၾကည့္႐ႈအားေပးဖုိ႔အတြက္ ဆြစ္ဇာလန္ႏုိင္ငံ၊ လူဆာေနးၿမိဳ႕ကေန အဲဒီပဲြကစားမယ့္ ႐ုရွားႏုိင္ငံက Kaliningrad ကြင္းဆီ ကီလုိမီတာ(၂၀၀၀)နီးပါး(မုိင္ေပါင္း ၁၀၀၀ေက်ာ္)ခရီးကုိ လယ္ထြန္စက္လုိမ်ိဳး ကားတစ္စီးနဲ႔ (၁၂)ရက္ၾကာ ခရီးၾကမ္းႏွင္ခဲ့ၿပီး ၾကာသပေတးေန႔က Kaliningrad ကြင္းကုိ ေရာက္ရွိခဲ့တယ္။ ဒီလုိခရီးၾကမ္းႏွင္ခဲ့ၾကတဲ့ ဆြစ္ဇာလန္ပရိသတ္ေတြဟာ လူလတ္ပုိင္းေတြလုိ႔ထင္ရင္ မွားသြားပါလိမ့္မယ္။ သူတို႔(၃)ဦးစလုံးက အသက္(၆၀)ေက်ာ္ လူႀကီးပုိင္းအရြယ္ေတြျဖစ္ၾကၿပီး “ႏြားပ်ိဳသန္လွ ႏြားအုိေပါင္က်ိဳး”ဆုိတဲ့ စကားပုံအတိုင္းပဲ သူတို႔ ႏုိင္ငံအသင္းကစားပုံကုိ မ်က္၀ါးထင္ထင္ၾကည့္ဖုိ႔ ႐ုရွားေျမဆီ ခ်ီတက္ခဲ့တာပါ။

Studer-and-two-friends-Werner-Zimmermann-and-Josef-Wyer

Studer-and-two-friends-Werner-Zimmermann-and-Josef-Wyer

အဲဒီ Die Hard Fans (၃)ဦးရဲ႕အမည္ကေတာ့ ဘိဒ္စတူဒါ Beat Studer၊ ၀ါနာဇင္မာမန္း Werner Zimmermann ၊ ဂ်ိဳးဆပ္ဖ္၀ုိင္ယာ Josef Wyer တို႔ျဖစ္ၿပီး သူတို႔က ဆြစ္ဇာလန္အသင္း ကမၻာ႔ဖလားေျခစစ္ပဲြ ေအာင္ၿပီးကတည္းက ဒီလုိမ်ိဳးလုပ္ျပဖုိ႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္။ သူတို႔ဟာ ဒီခရီးစဥ္နဲ႔အတူ ဆြစ္ဇာလန္ႏုိင္ငံက ကေလးငယ္ေတြအတြက္ ရန္ပုံေငြရွာဖုိ႔ပါ တစ္ပါတည္းေဆာင္ရြက္ခဲ့ၿပီး အခုဆုိရင္ ရန္ပုံေငြအျဖစ္ ဆြစ္ဖရန္႔ (၂၀၀၀၀)(ေပါင္ ၁၅၂၁၆)အထိ ရခဲ့ပါၿပီ။ သူတို႔(၃)ဦးဟာ ႐ုရွားႏုိင္ငံကုိ မေရာက္ခင္ ပုိလန္ႏုိင္ငံထဲကုိ ၀င္ခ်ိန္မွာ ပုိလန္ရဲေတြက သူတို႔စီးနင္းလာတဲ့ယာဥ္ကုိ တားဆီးခဲ့ၿပီး စတူဒါကုိ အရက္ေသာက္သုံးခဲ့တယ္လုိ႔ သံသယရွိခဲ့တဲ့အတြက္ စစ္ေဆးခံခဲ့ရပါေသးတယ္။ ဒါေပမဲ့ ကံေကာင္းစြာနဲ႔ပဲ ဘာမွ ျပႆနာႀကီးႀကီးမားမားမရွိခဲ့ဘဲ သူတို႔ရဲ႕ ခရီးစဥ္ကုိ ေအာင္ျမင္စြာ အဆုံးသတ္ႏုိင္ခဲ့တယ္။ သူတို႔(၃)ဦးမတိုင္ခင္ ဂ်ာမန္ပရိသတ္တစ္ဦးျဖစ္တ့ဲ ဟူဘတ္၀စ္သ္ Hubert Wirth ဆုိသူကလည္း ဂ်ာမနီပဲြကုိၾကည့္ဖုိ႔ ဂ်ာမနီကေန ႐ုရွားေျမကုိ ယာဥ္တစ္စီးနဲ႔ လာေရာက္ခဲ့တယ္လုိ႔ သိရတယ္။

REF:The Sun
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဆွစ်ဇာလန်အသင်းကစားမယ့်ပွဲကို အားပေးဖို့အတွက် ရုရှားနိုင်ငံကို ခရီးကြမ်းနှင်ခဲ့ကြတဲ့ ဆွစ်ဇာလန်ပရိသတ်(၃)ဦး

ဆွစ်ဇာလန်က Die Hard Fan (၃)ဦးရဲ့ လုပ်ရပ်ကတော့ ချီးကျူးစရာလို့ပဲ ပြောရမလား၊ ရူးသွပ်မှုတစ်ခုလို့ပဲ သတ်မှတ်ရမလားပဲ။ ဒီနေ့ည(စနေနေ့ နံနက် ၁၂း၃၀)ကစားမယ့် ဆွစ်ဇာလန်-ဆားဘီးယားပွဲကို ကြည့်ရှုအားပေးဖို့အတွက် ဆွစ်ဇာလန်နိုင်ငံ၊ လူဆာနေးမြို့ကနေ အဲဒီပွဲကစားမယ့် ရုရှားနိုင်ငံက Kaliningrad ကွင်းဆီ ကီလိုမီတာ(၂၀၀၀)နီးပါး(မိုင်ပေါင်း ၁၀၀၀ကျော်)ခရီးကို လယ်ထွန်စက်လိုမျိုး ကားတစ်စီးနဲ့ (၁၂)ရက်ကြာ ခရီးကြမ်းနှင်ခဲ့ပြီး ကြာသပတေးနေ့က Kaliningrad ကွင်းကို ရောက်ရှိခဲ့တယ်။ ဒီလိုခရီးကြမ်းနှင်ခဲ့ကြတဲ့ ဆွစ်ဇာလန်ပရိသတ်တွေဟာ လူလတ်ပိုင်းတွေလို့ထင်ရင် မှားသွားပါလိမ့်မယ်။ သူတို့(၃)ဦးစလုံးက အသက်(၆၀)ကျော် လူကြီးပိုင်းအရွယ်တွေဖြစ်ကြပြီး “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”ဆိုတဲ့ စကားပုံအတိုင်းပဲ သူတို့ နိုင်ငံအသင်းကစားပုံကို မျက်ဝါးထင်ထင်ကြည့်ဖို့ ရုရှားမြေဆီ ချီတက်ခဲ့တာပါ။

Studer-and-two-friends-Werner-Zimmermann-and-Josef-Wyer

Studer-and-two-friends-Werner-Zimmermann-and-Josef-Wyer

အဲဒီ Die Hard Fans (၃)ဦးရဲ့အမည်ကတော့ ဘိဒ်စတူဒါ Beat Studer၊ ဝါနာဇင်မာမန်း Werner Zimmermann ၊ ဂျိုးဆပ်ဖ်ဝိုင်ယာ Josef Wyer တို့ဖြစ်ပြီး သူတို့က ဆွစ်ဇာလန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ပြီးကတည်းက ဒီလိုမျိုးလုပ်ပြဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ သူတို့ဟာ ဒီခရီးစဉ်နဲ့အတူ ဆွစ်ဇာလန်နိုင်ငံက ကလေးငယ်တွေအတွက် ရန်ပုံငွေရှာဖို့ပါ တစ်ပါတည်းဆောင်ရွက်ခဲ့ပြီး အခုဆိုရင် ရန်ပုံငွေအဖြစ် ဆွစ်ဖရန့် (၂၀၀၀၀)(ပေါင် ၁၅၂၁၆)အထိ ရခဲ့ပါပြီ။ သူတို့(၃)ဦးဟာ ရုရှားနိုင်ငံကို မရောက်ခင် ပိုလန်နိုင်ငံထဲကို ဝင်ချိန်မှာ ပိုလန်ရဲတွေက သူတို့စီးနင်းလာတဲ့ယာဉ်ကို တားဆီးခဲ့ပြီး စတူဒါကို အရက်သောက်သုံးခဲ့တယ်လို့ သံသယရှိခဲ့တဲ့အတွက် စစ်ဆေးခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဘာမှ ပြဿနာကြီးကြီးမားမားမရှိခဲ့ဘဲ သူတို့ရဲ့ ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့တယ်။ သူတို့(၃)ဦးမတိုင်ခင် ဂျာမန်ပရိသတ်တစ်ဦးဖြစ်တဲ့ ဟူဘတ်ဝစ်သ် Hubert Wirth ဆိုသူကလည်း ဂျာမနီပွဲကိုကြည့်ဖို့ ဂျာမနီကနေ ရုရှားမြေကို ယာဉ်တစ်စီးနဲ့ လာရောက်ခဲ့တယ်လို့ သိရတယ်။

REF:The Sun
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com