[Zawgyi]

မဂၤလာဧည္႔ခံပဲြမွာ ဘာေၾကာင္႔ အလွဆံုးအခ်ိန္ေတြကို မွတ္တမ္းတင္သင့္တာလဲ

တစ္သက္မွာ တစ္ခါပဲ က်င္းပခြင့္ရတဲ႔ မဂၤလာပဲြကို လူပင္ပန္း စိတ္ပင္ပန္း ေငြကုန္ေၾကးက် အမ်ားႀကီးခံ က်င္းပၿပီးတဲ႔ေနာက္ ပဲြၿပီးသြားတဲ႔အခါ အမွတ္တရအျဖစ္ တစ္သက္လံုးသိမ္းဆည္းခြင့္ရတာဆိုလို႔ Pre Wedding ရုိက္ခဲ့တဲ႔ ဓာတ္ပံုေတြ၊ ဗီဒီယိုေတြနဲ႔ မဂၤလာပဲြတစ္ေလွ်ာက္ ရုိက္ကူးခဲ႔တဲ႔ အမွတ္တရ ဓာတ္ပံုေတြ၊ ဗီဒီယိုေတြသာ က်န္ရွိခဲ႔တာပါ။

Wedding Ring

Wedding Ring

အသက္အရြယ္ရလာလို႔ ဒီဓာတ္ပံုေတြ၊ ဗီဒီယိုေတြကို ျပန္ၾကည့္လိုက္တိုင္း ငါတို႔မဂၤလာပဲြေလးက ဒီလုိေလးပါလား ဘယ္လိုအခက္အခဲေတြ ေက်ာ္ျဖတ္ၿပီး ဘယ္္လို ေအာင္ေအာင္ျမင္ျမင္နဲ႔ ခမ္းခမ္းနားနားက်င္းပႏိုင္ခဲ႔တယ္ဆိုတာကို ျပန္ေျပာင္း သတိရခြင္႔ဆိုတာ ဒီလိုအမွတ္တရေတြထဲမွာပဲ က်န္ခဲ႔တာပါ။

အမွတ္တရဆိုတာဟာလည္း ဘာနဲ႔မွ တန္ဖိုးမျဖတ္ႏိုင္တဲ႔အရာျဖစ္လို႔ မဂၤလာပဲြအမွတ္တရေတြအတြက္ တစ္ခါေတာ့ ရင္းႏွီးျမွဳပ္ႏွံမႈ ႀကီးႀကီးျပဳလုပ္ၿပီး သိမ္းဆည္းထားသင္႔ပါတယ္။ ဒီလိုသိမ္းဆည္းႏိုင္ဖို႔ Wedding Photography ေတြနဲ႔ Studio ေတြဆီမွာ ဘာေၾကာင္႔ အပ္ႏွံသင္႔လဲဆိုတဲ႔ အေၾကာင္းကိုု ေဝမွ်ေပးလိုက္ရပါတယ္။

(၁) မဂၤလာဧည္႔ခံပဲြမွာ ဓာတ္ပံုဆရာေတြဟာ အခရာမို႔ပါ

တခ်ဳိ႕ မဂၤလာစံုတဲြေတြက ေတြးတတ္ၾကပါတယ္။ မဂၤလာပဲြက တစ္ရက္တည္းက်င္းပရတာျဖစ္တဲ႔အတြက္ အဲ႔မဂၤလာပဲြအတြက္ ေငြကုန္ေၾကးက်ေတြ အရမ္းမ်ားတဲ႔အျပင္ ဓာတ္ပံုဆရာေတြေခၚၿပီး ရုိက္ကူးကာ မဂၤလာေဆာင္အမွတ္တရ ဓာတ္ပံုေတြအတြက္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ထပ္ၿပီးျပဳလုပ္တာက အဓိပၸါယ္ေကာရွိရဲ႕လား ေငြျဖဳန္းတီးရာေရာက္ေနမလားလို႔ ေဝခဲြမရျဖစ္ေနရင္ လံုးဝေတြေဝမေနဘဲ ေသခ်ာရုိက္ကူးမႈလုပ္ဖို႔ အၾကံျပဳပါရေစ။ ဘာေၾကာင္႔လဲဆုိေတာ့ အဲဒီေန႔မွာ ဓာတ္ပံုဆရာေတြက အေကာင္းဆံုးအမွတ္တရေတြကို မွတ္တမ္းတင္ေပးမွာျဖစ္ၿပီး ျပန္ၾကည္႔တိုင္း ၾကည္ႏူးပိတီျဖစ္ေစမွာမို႔လို႔ပါပဲ။ မဂၤလာပဲြၿပီးတဲ႔အခါမွာ ပဲြေန႔က အျဖစ္အပ်က္ေတြကအကုန္လံုးက အခုိးအေငြ႔လို ေပ်ာက္ကြယ္သြားမွာျဖစ္ၿပီး ဓာတ္ပံုေတြနဲ႔ ဗီဒီယိုေတြသာ ထင္က်န္ရစ္ခဲ႔မွာ ျဖစ္ပါတယ္။ မိသားစုဝင္ေတြက ရုိက္ကူးေပးရင္လည္း ပေရာ္ဖက္ရွင္နယ္ဆရာေတြေလာက္ေတာ့ အထာက်က်ပံုထြက္လွလွေတြ ရရွိႏိုင္မွာ မဟုတ္ပါဘူး။ ဘယ္နားကေနရုိက္ရင္ ဘယ္လိုလွလွေလးျဖစ္မယ္ဆိုတာကိုုလည္း သူတို႔က ေကာင္းေကာင္း ပိုသိပါတယ္။

(၂) တစ္သက္မွာ တစ္ခါပဲ ရုိက္ကူးခြင့္ရျခင္း

မဂၤလာေဆာင္တဲ႔အခါ ျဖစ္ေပၚလာတဲ႔ စိတ္လႈပ္ရွားမႈေတြကို ရုိက္ကူးပံုေဖာ္ထားတဲ့ ပံုရိပ္ေတြဟာ ေနာင္တစ္ခ်ိန္မွာ ေငြကုန္ေၾကးက်ျပန္ရုိက္မယ္ဆိုရင္ေတာ့ ပထမဆံုးအေတြ႕အၾကံဳ၊ ပထမဆံုးခံစားခ်က္ေတြကိုေတာ့ ျပန္ရရွိေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ အဆိုပါဓာတ္ပံုေတြကို ႏွစ္ေပါင္းမ်ားစြာ အိမ္မွာခ်ိတ္ဆဲြထားဖို႔အတြက္ဆိုရင္ ပေရာ္ဖက္ရွင္နယ္ ဓာတ္ပံုဆရာ ရုိက္ကူးထားတာေလးက ပိုအရည္အေသြးေကာင္းပါတယ္။ ဒါေၾကာင္႔မို႔ တစ္သက္မွာတစ္ခါရုိက္ကူးရတဲ႔ပံုကို ျပန္ၾကည္႔တုိင္း စိတ္တုိင္းက်မႈွရွိေစဖို႔ ပေရာ္ဖက္ရွင္နယ္ ဓာတ္ပံုဆရာကိုသာ အပ္ႏွံလိုက္ပါ။

(၃) အမွတ္တရေတြအတြက္ အမွန္အကန္ရင္းႏွီးျမွဳပ္ႏွံျခင္း

မဂၤလာေဆာင္ဓာတ္ပံုေတြ ရုိက္ကူးမႈျပဳလုပ္တာက အမွတ္တရေတြကို ထင္က်န္ေစဖို႔အတြက္ အမွန္တကယ္ ရင္ႏွီးျမွဳပ္ႏွံျခင္းပါပဲ။ ဘဝခရီးလမ္းတစ္ေလွ်ာက္လံုးမွာ ရင္ႏွီးျမွဳပ္ႏွံခဲ႔သမွ် အရာအမ်ားႀကီးထဲမွာ ဒီရင္ႏွီးျမွဳပ္ႏွံမႈက ထည့္ရင္ထည္႔သေလာက္ အမွတ္တရေတြအမ်ားႀကီးဖန္တီးႏုိင္သလို မိသားစု၊ ကိုယ္ခ်စ္ခင္ရတဲ႔သူေတြနဲ႔ အခ်္ိန္ေပးကာ ရုိက္ကူးရတဲ႔အတြက္ အခ်စ္ေတြကိုလည္း ခံစားသိရွိႏိုင္ပါတယ္။ ကိုယ္ရဲ႕လက္တဲြေဖာ္နဲ႔လည္း ေအးေအးေဆးေဆးအခ်ိန္ယူရုိက္ကူးရတဲ႔အတြက္ ခ်စ္ခင္ရင္ႏွီးမႈေတြ ပိုမိုတိုးပြားလာေစႏိုင္ပါတယ္။

ဘာေၾကာင္႔ Wedding Photography ေတြနဲ႔ Studio ေတြဆီမွာ အပ္ႏွံကာရုိက္ကူးသင္႔လဲဆိုတာသိၿပီးဆိုေတာ့ မၾကာခင္ဝါထြက္လို႔ မဂၤလာေဆာင္မယ့္သူေတြအေနနဲ႔လည္း တစ္သက္မွာ တစ္ခါပဲ ပိုင္ဆိုင္ခြင္႔ရမယ္႔ အမွတ္တရေကာင္းေတြကို ဖန္တီးေပးႏိုင္မယ္႔ အခြင္႔အေရးကို လက္လြတ္မခံလိုက္ရေစဖို႔ ေငြေၾကးကို ရဲရဲႀကီး ျမွဳပ္ႏွံလိုက္ပါ။

အမွတ္တရေကာင္းေတြကို ဖန္တီးတဲ႔ေနရာမွာ အေကာင္းဆံုးျဖစ္ဖို႔အတြက္ Wedding Photography Service ေတြကို ေရြးခ်ယ္တဲ့အခါ ၿပီးျပည့္စံုတဲ႔ မိတ္ကပ္ျပင္ဆင္မႈေတြလည္းရၿပီး ဝတ္စံုေတြပါ ငွားရမ္းေပးႏိုင္တဲ႔ Service မ်ဳိးကိုသာ ေရြးခ်ယ္လုိက္မယ္ဆိုရင္ အခ်ိန္ကုန္သက္သာစြာနဲ႔ ကိုယ္စိတ္ကူးအိပ္မက္ေတြ ျပည္႔စံုသြားမွာပါ။ ဒီလို တစ္ေနရာတည္းမွာ ၿပီးျပည္႔စံုစြာရႏိုင္တဲ႔ Wedding Photography and Studio ကုိ ရွာေဖြေနတယ္ဆိုရင္ေတာ့ Yes I Do Myanamar လိုမ်ဳိး Wedding Photo Studio ေတြရွိတယ္ဆိုတာကို သတင္းေကာင္းပါးလိုက္ရပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

မင်္ဂလာဧည့်ခံပွဲမှာ ဘာကြောင့် အလှဆုံးအချိန်တွေကို မှတ်တမ်းတင်သင့်တာလဲ

တစ်သက်မှာ တစ်ခါပဲ ကျင်းပခွင့်ရတဲ့ မင်္ဂလာပွဲကို လူပင်ပန်း စိတ်ပင်ပန်း ငွေကုန်ကြေးကျ အများကြီးခံ ကျင်းပပြီးတဲ့နောက် ပွဲပြီးသွားတဲ့အခါ အမှတ်တရအဖြစ် တစ်သက်လုံးသိမ်းဆည်းခွင့်ရတာဆိုလို့ Pre Wedding ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ မင်္ဂလာပွဲတစ်လျှောက် ရိုက်ကူးခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေသာ ကျန်ရှိခဲ့တာပါ။

Wedding Ring

Wedding Ring

အသက်အရွယ်ရလာလို့ ဒီဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပြန်ကြည့်လိုက်တိုင်း ငါတို့မင်္ဂလာပွဲလေးက ဒီလိုလေးပါလား ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်ပြီး ဘယ်လို အောင်အောင်မြင်မြင်နဲ့ ခမ်းခမ်းနားနားကျင်းပနိုင်ခဲ့တယ်ဆိုတာကို ပြန်ပြောင်း သတိရခွင့်ဆိုတာ ဒီလိုအမှတ်တရတွေထဲမှာပဲ ကျန်ခဲ့တာပါ။

အမှတ်တရဆိုတာဟာလည်း ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့အရာဖြစ်လို့ မင်္ဂလာပွဲအမှတ်တရတွေအတွက် တစ်ခါတော့ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးပြုလုပ်ပြီး သိမ်းဆည်းထားသင့်ပါတယ်။ ဒီလိုသိမ်းဆည်းနိုင်ဖို့ Wedding Photography တွေနဲ့ Studio တွေဆီမှာ ဘာကြောင့် အပ်နှံသင့်လဲဆိုတဲ့ အကြောင်းကို ဝေမျှပေးလိုက်ရပါတယ်။

(၁) မင်္ဂလာဧည့်ခံပွဲမှာ ဓာတ်ပုံဆရာတွေဟာ အခရာမို့ပါ

တချို့ မင်္ဂလာစုံတွဲတွေက တွေးတတ်ကြပါတယ်။ မင်္ဂလာပွဲက တစ်ရက်တည်းကျင်းပရတာဖြစ်တဲ့အတွက် အဲ့မင်္ဂလာပွဲအတွက် ငွေကုန်ကြေးကျတွေ အရမ်းများတဲ့အပြင် ဓာတ်ပုံဆရာတွေခေါ်ပြီး ရိုက်ကူးကာ မင်္ဂလာဆောင်အမှတ်တရ ဓာတ်ပုံတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီးပြုလုပ်တာက အဓိပ္ပါယ်ကောရှိရဲ့လား ငွေဖြုန်းတီးရာရောက်နေမလားလို့ ဝေခွဲမရဖြစ်နေရင် လုံးဝတွေဝေမနေဘဲ သေချာရိုက်ကူးမှုလုပ်ဖို့ အကြံပြုပါရစေ။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့မှာ ဓာတ်ပုံဆရာတွေက အကောင်းဆုံးအမှတ်တရတွေကို မှတ်တမ်းတင်ပေးမှာဖြစ်ပြီး ပြန်ကြည့်တိုင်း ကြည်နူးပိတီဖြစ်စေမှာမို့လို့ပါပဲ။ မင်္ဂလာပွဲပြီးတဲ့အခါမှာ ပွဲနေ့က အဖြစ်အပျက်တွေကအကုန်လုံးက အခိုးအငွေ့လို ပျောက်ကွယ်သွားမှာဖြစ်ပြီး ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေသာ ထင်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ မိသားစုဝင်တွေက ရိုက်ကူးပေးရင်လည်း ပရော်ဖက်ရှင်နယ်ဆရာတွေလောက်တော့ အထာကျကျပုံထွက်လှလှတွေ ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဘယ်နားကနေရိုက်ရင် ဘယ်လိုလှလှလေးဖြစ်မယ်ဆိုတာကိုလည်း သူတို့က ကောင်းကောင်း ပိုသိပါတယ်။

(၂) တစ်သက်မှာ တစ်ခါပဲ ရိုက်ကူးခွင့်ရခြင်း

မင်္ဂလာဆောင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှုတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ပုံရိပ်တွေဟာ နောင်တစ်ချိန်မှာ ငွေကုန်ကြေးကျပြန်ရိုက်မယ်ဆိုရင်တော့ ပထမဆုံးအတွေ့အကြုံ၊ ပထမဆုံးခံစားချက်တွေကိုတော့ ပြန်ရရှိတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အဆိုပါဓာတ်ပုံတွေကို နှစ်ပေါင်းများစွာ အိမ်မှာချိတ်ဆွဲထားဖို့အတွက်ဆိုရင် ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာ ရိုက်ကူးထားတာလေးက ပိုအရည်အသွေးကောင်းပါတယ်။ ဒါကြောင့်မို့ တစ်သက်မှာတစ်ခါရိုက်ကူးရတဲ့ပုံကို ပြန်ကြည့်တိုင်း စိတ်တိုင်းကျမှုှရှိစေဖို့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာကိုသာ အပ်နှံလိုက်ပါ။

(၃) အမှတ်တရတွေအတွက် အမှန်အကန်ရင်းနှီးမြှုပ်နှံခြင်း

မင်္ဂလာဆောင်ဓာတ်ပုံတွေ ရိုက်ကူးမှုပြုလုပ်တာက အမှတ်တရတွေကို ထင်ကျန်စေဖို့အတွက် အမှန်တကယ် ရင်နှီးမြှုပ်နှံခြင်းပါပဲ။ ဘဝခရီးလမ်းတစ်လျှောက်လုံးမှာ ရင်နှီးမြှုပ်နှံခဲ့သမျှ အရာအများကြီးထဲမှာ ဒီရင်နှီးမြှုပ်နှံမှုက ထည့်ရင်ထည့်သလောက် အမှတ်တရတွေအများကြီးဖန်တီးနိုင်သလို မိသားစု၊ ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ အချိန်ပေးကာ ရိုက်ကူးရတဲ့အတွက် အချစ်တွေကိုလည်း ခံစားသိရှိနိုင်ပါတယ်။ ကိုယ်ရဲ့လက်တွဲဖော်နဲ့လည်း အေးအေးဆေးဆေးအချိန်ယူရိုက်ကူးရတဲ့အတွက် ချစ်ခင်ရင်နှီးမှုတွေ ပိုမိုတိုးပွားလာစေနိုင်ပါတယ်။

ဘာကြောင့် Wedding Photography တွေနဲ့ Studio တွေဆီမှာ အပ်နှံကာရိုက်ကူးသင့်လဲဆိုတာသိပြီးဆိုတော့ မကြာခင်ဝါထွက်လို့ မင်္ဂလာဆောင်မယ့်သူတွေအနေနဲ့လည်း တစ်သက်မှာ တစ်ခါပဲ ပိုင်ဆိုင်ခွင့်ရမယ့် အမှတ်တရကောင်းတွေကို ဖန်တီးပေးနိုင်မယ့် အခွင့်အရေးကို လက်လွတ်မခံလိုက်ရစေဖို့ ငွေကြေးကို ရဲရဲကြီး မြှုပ်နှံလိုက်ပါ။

အမှတ်တရကောင်းတွေကို ဖန်တီးတဲ့နေရာမှာ အကောင်းဆုံးဖြစ်ဖို့အတွက် Wedding Photography Service တွေကို ရွေးချယ်တဲ့အခါ ပြီးပြည့်စုံတဲ့ မိတ်ကပ်ပြင်ဆင်မှုတွေလည်းရပြီး ဝတ်စုံတွေပါ ငှားရမ်းပေးနိုင်တဲ့ Service မျိုးကိုသာ ရွေးချယ်လိုက်မယ်ဆိုရင် အချိန်ကုန်သက်သာစွာနဲ့ ကိုယ်စိတ်ကူးအိပ်မက်တွေ ပြည့်စုံသွားမှာပါ။ ဒီလို တစ်နေရာတည်းမှာ ပြီးပြည့်စုံစွာရနိုင်တဲ့ Wedding Photography and Studio ကို ရှာဖွေနေတယ်ဆိုရင်တော့ Yes I Do Myanamar လိုမျိုး Wedding Photo Studio တွေရှိတယ်ဆိုတာကို သတင်းကောင်းပါးလိုက်ရပါတယ်။

H.H(Akhayar)

www.akhayar.com