This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၁၉၆၆ ေနာက္ပုိင္း ကမၻာ႔ဖလားဗုိလ္လုပဲြကုိ ပထမဆုံးအႀကိမ္တက္ဖုိ႔ ႀကိဳးပမ္းရမယ့္ အဂၤလန္

၂၀၁၈ ကမၻာ႔ဖလား ဆီမီးဖုိင္နယ္ ဒုတိယပဲြစဥ္အျဖစ္ ဥေရာပနာမည္ႀကီးအသင္းေတြျဖစ္တဲ့ အဂၤလန္နဲ႔ ခ႐ုိေအးရွားအသင္းတို႔ ဒီေန႔ည(ၾကာသပေတးေန႔ နံနက္ ၁၂း၃၀)မွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ အသင္းသမုိင္းတစ္ေလွ်ာက္ ကမၻာ႔ဖလားၿပိဳင္ပဲြ ဆီမီးဖုိင္နယ္အဆင့္ကုိ တတိယအႀကိမ္ေျမာက္တက္ေရာက္ခဲ့တဲ့ အဂၤလန္အသင္းဟာ ၁၉၆၆ ေနာက္ပုိင္း ဗုိလ္လုပဲြကုိ ပထမဆုံးအႀကိမ္ ျပန္လည္ေရာက္ရွိဖုိ႔ ႀကိဳးပမ္းရမွာပါ။ ၁၉၉၈ ကမၻာ႔ဖလားမွာ တတိယရခဲ့တဲ့ ခ႐ုိေအးရွားအသင္းကလည္း သမုိင္း၀င္မယ့္ ေအာင္ပဲြျဖစ္တဲ့ ကမၻာ႔ဖလား ဗုိလ္လုပဲြတက္ေရာက္ခြင့္ရဖုိ႔ ပစ္မွတ္ထားေနမွာျဖစ္ပါတယ္။

England-Footbal-Team

England-Footbal-Team

ဒဏ္ရာနဲ႔ပဲြပယ္ျပႆနာ
အဂၤလန္အသင္းကြင္းလယ္လူ ဟန္ဒါဆင္ Henderson ဟာ တံေကာက္ေၾကာဒဏ္ရာရွိေနေပမယ့္ အခုအခ်ိန္မွာေတာ့ ႀကံ့ခုိင္မႈျပန္ျပည့္၀လာၿပီျဖစ္ၿပီး ခ႐ိုေအးရွားနဲ႔ပဲြမွာ ပါ၀င္ကစားႏုိင္မွာပါ။ ကုိလံဘီယာကုိ အႏုိင္ရခဲ့တဲ့ ႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြတုန္းက ေပါင္ၿခံဒဏ္ရာရခဲ့တဲ့ တိုက္စစ္မွဴး ဗာဒီ Vardy လည္း ဒဏ္ရာက ျပန္သက္သာလာပါၿပီ။ ႐ုရွားနဲ႔ပဲြတုန္းက ဒဏ္ရာရခဲ့တဲ့ ခ႐ုိေအးရွားေနာက္ခံလူ ဗာဆယ္လ္ကုိ Vrsaljko၊ ဂုိးသမား ဆူဘာဆစ္ Subasic တို႔ဟာ ႀကံ့ခုိင္မႈျပည့္၀လာၿပီျဖစ္လုိ႔ အခုပဲြမွာ ပါ၀င္ကစားႏုိင္မွာျဖစ္ပါတယ္။ ႏွစ္သင္းစလုံးမွာ ပဲြပယ္က်ခံရမယ့္ ကစားသမားမရွိပါဘူး။

Croatia-Football-team1

Croatia-Football-team1

သုံးသပ္ခ်က္
ဒီေနရာမွာ အဂၤလန္အသင္းထက္ ခ႐ုိေအးရွားအသင္းကုိ ဦးစားေပးေျပာခ်င္တယ္။ ခ႐ုိေအးရွားအသင္းဟာ အုပ္စုတြင္းမွာ အာဂ်င္တီးနား၊ ႏုိက္ဂ်ီးရီးယား၊ အုိက္စလန္စတဲ့အသငး္ေတြနဲ႔ ဆုံေတြ႕ခဲ့ၿပီး အုပ္စုက်ပ္လုိ႔ေတာင္ တင္စားခံခဲ့ရတယ္။ ဒီလုိအုပ္စုက်ပ္မွာ (၃)ပဲြစလုံးကုိ အႏုိင္ကစားၿပီး အုပ္စုပထမနဲ႔ ေနာက္တစ္ဆင့္တက္ခဲ့တာေၾကာင့္ ခ႐ုိေအးရွားအသင္းရဲ႕ စြမ္းေဆာင္ရည္က ေလးစားစရာပါ။ ႐ႈံးထြက္(၁၆)သင္းနဲ႔ ကြာတားဖုိင္နယ္အဆင့္ေတြမွာလည္း ဒိန္းမတ္၊ အိမ္ရွင္႐ုရွားတို႔လုိ အသင္းေကာင္းေတြနဲ႔ ဆုံေတြ႕ခဲ့ၿပီး ထုိက္ထုိက္တန္တန္ ေက်ာ္ျဖတ္ခဲ့တာျဖစ္ပါတယ္။ အဂၤလန္အသင္းကေတာ့ အုပ္စုတြင္းမွာကတည္းက အခက္အခဲမရွိခဲ့ဘူး။ ဘယ္လ္ဂ်ီယံတစ္သင္းေလာက္သာ အဓိကၿပိဳင္ဘက္ျဖစ္ခဲ့ၿပီး အုပ္စုဒုတိယရခဲ့တာကလည္း အဂၤလန္အသင္းရဲ႕ ဗုိလ္လုပဲြသြားရာလမ္းက ႀကီးႀကီးမားမား အတားအဆီးမရွိခဲ့ဘူး။ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ ကုိလံဘီယာကုိ ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏုိင္ယူခဲ့ၿပီး ကြာတားဖုိင္နယ္မွာလည္း ဆြီဒင္ကုိ (၂)ဂုိးျပတ္ အႏုိင္ယူခဲ့တယ္။ အဂၤလန္နဲ႔ ခ႐ုိေအးရွားအသင္းတို႔ဟာ ယူ႐ုိၿပိဳင္ပဲြမွာ ဆုံေတြ႕ခဲ့ဖူးေပမယ့္ ကမၻာ႔ဖလားမွာေတာ့ အခုမွ ပထမဆုံးအႀကိမ္ဆုံေတြ႕တာျဖစ္ပါတယ္။ ယူ႐ုိ-၂၀၀၈ ေျခစစ္ပဲြတုန္းက အိမ္ကြင္းမွာ ခ႐ုိေအးရွားကုိ ႐ႈံးနိမ့္ခဲ့လုိ႔ ေျခစစ္ပဲြမေအာင္ခဲ့တဲ့ ျဖစ္ရပ္ဆုိးကုိ အဂၤလန္တို႔ ေမ့ေလာက္မွာ မဟုတ္ေသးဘူး။ ဒီႏွစ္သင္း ေနာက္ဆုံးဆုံေတြ႕ခဲ့တာက ၂၀၁၀ ကမၻာ႔ဖလားေျခစစ္ပဲြမွာျဖစ္ၿပီး အဂၤလန္က (၅-၁)ဂုိး၊ (၄-၁)ဂုိးေတြနဲ႔ ဂုိးျပတ္အႏုိင္ရခ့ဲတယ္။ လက္ရွိ ဒီႏွစ္သင္းရဲ႕အေနအထားကုိ သုံးသပ္ရရင္ တိုက္စစ္၊ ခံစစ္က မွ်တမႈရွိပါတယ္။ ကြင္းလယ္မွာေတာ့ မုိဒရစ္၊ ရာကီတစ္၊ ကုိဗာခ်စ္၊ ပါရီဆစ္ စတဲ့ ၀ါရင့္ကစားသမားေတြ မ်ားေနတဲ့ ခ႐ုိေအးရွားက ပုိသာသလုိရွိေနတယ္။ လုဇ္နီကီ ကြင္းကုိ သြားခြင့္ရဖုိ႔ ႏွစ္သင္းစလုံးမွာ အခြင့္အေရး ဆတူရွိေနတယ္လုိ႔ ဆုိရမယ္။ ဒါေပမဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ေကာ္ေကာင္အဆင့္ သတ္မွတ္ခံထားရတဲ့အသင္းေတြ ဗုိလ္လုပဲြတက္ခဲ့တဲ့ ရာႏႈန္းက နည္းပါးလြန္းတာေၾကာင့္ အဂၤလန္အသင္းကုိပဲ ေရြးခ်ယ္ခ်င္ပါတယ္။

အဂၤလန္-ခ႐ုိေအးရွားပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား
-ဒီတစ္ႀကိမ္ဟာ အဂၤလန္နဲ႔ ခ႐ုိေအးရွားအသင္းတို႔ (၈)ႀကိမ္ေျမာက္ ဆုံေတြ႕တဲ့ပဲြျဖစ္ပါတယ္။ အရင္(၇)ႀကိမ္တုန္းက အဂၤလန္အသငး္ (၄)ႀကိမ္ႏုိင္၊ (၁)ပဲြသေရက်ၿပီး ခ႐ုိေအးရွားအသင္းက (၂)ႀကိမ္ႏုိင္ခဲ့တယ္။
-အဂၤလန္နဲ႔ခ႐ုိေအးရွားအသင္းတို႔ဟာ အဓိက ႏုိင္ငံတကာၿပိဳင္ပဲြႀကီးအျဖစ္ ယူ႐ုိ-၂၀၀၄ အုပ္စုအဆင့္မွာ ဆုံေတြ႕ခဲ့ဖူးၿပီ အဂၤလန္အသင္းက (၄-၂)ဂုိးနဲ႔ အႏုိင္ရခဲ့ပါတယ္။
-အဂၤလန္အသင္းဟာ ၁၉၆၆ ကမၻာ႔ဖလားဆီမီးဖုိင္နယ္မွာ ေပၚတူဂီကုိ အႏုိင္ရခဲ့ၿပီး၊ ၁၉၉၀ ကမၻာ႔ဖလား ဆီမီးဖုိင္နယ္မွာေတာ့ ဂ်ာမနီကုိ ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ႐ႈံးနိမ့္ခဲ့တယ္။
-၂၀၁၈ ကမၻာ႔ဖလားမွာ ခ႐ုိေအးရွားအသင္းအတြက္ မတူညီတဲ့ကစားသမား(၈)ဦးက ဂုိးသြင္းခဲ့ၿပီး သူတို႔ထက္ ပုိမ်ားတာဆုိလုိ႔ ဘယ္လ္ဂ်ီယံ(၉)ဦးသာရွိပါတယ္။
-အဂၤလန္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ခုတည္းမွာ ဥေရာပအသင္းႏွစ္သင္းဆက္ အႏုိင္မရခဲ့တာ ၁၉၈၂ ခုႏွစ္ကတည္းကျဖစ္ပါတယ္။
-႐ႈံးထြက္အဆင့္ပဲြစဥ္(၆)ပဲြမွာ ခ႐ုိေအးရွားအသင္း ႐ႈံးနိမ့္ခဲ့တာတစ္ပဲြပဲရွိခဲ့ၿပီး ၁၉၉၈ ခုႏွစ္က ဆီမီးဖုိင္နယ္မွာ ျပင္သစ္ကုိ ႐ႈံးနိမ့္ခဲ့တာပါ။

အေလးေပးမႈ
အဂၤလန္ႏုိင္ – ၂၇ ေလး /၂၀ ေလး
ခ႐ုိေအးရွားႏုိင္ – ၁၃ ေလး / ၅ေလး

Photo:.standard.co.uk,fifa,Getty Images
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၁၉၆၆ နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ဖို့ ကြိုးပမ်းရမယ့် အင်္ဂလန်

၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ဥရောပနာမည်ကြီးအသင်းတွေဖြစ်တဲ့ အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ ဒီနေ့ည(ကြာသပတေးနေ့ နံနက် ၁၂း၃၀)မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ကို တတိယအကြိမ်မြောက်တက်ရောက်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ ၁၉၆၆ နောက်ပိုင်း ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိဖို့ ကြိုးပမ်းရမှာပါ။ ၁၉၉၈ ကမ္ဘာ့ဖလားမှာ တတိယရခဲ့တဲ့ ခရိုအေးရှားအသင်းကလည်း သမိုင်းဝင်မယ့် အောင်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်ရောက်ခွင့်ရဖို့ ပစ်မှတ်ထားနေမှာဖြစ်ပါတယ်။

England-Footbal-Team

England-Footbal-Team

ဒဏ်ရာနဲ့ပွဲပယ်ပြဿနာ
အင်္ဂလန်အသင်းကွင်းလယ်လူ ဟန်ဒါဆင် Henderson ဟာ တံကောက်ကြောဒဏ်ရာရှိနေပေမယ့် အခုအချိန်မှာတော့ ကြံ့ခိုင်မှုပြန်ပြည့်ဝလာပြီဖြစ်ပြီး ခရိုအေးရှားနဲ့ပွဲမှာ ပါဝင်ကစားနိုင်မှာပါ။ ကိုလံဘီယာကို အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲတုန်းက ပေါင်ခြံဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး ဗာဒီ Vardy လည်း ဒဏ်ရာက ပြန်သက်သာလာပါပြီ။ ရုရှားနဲ့ပွဲတုန်းက ဒဏ်ရာရခဲ့တဲ့ ခရိုအေးရှားနောက်ခံလူ ဗာဆယ်လ်ကို Vrsaljko၊ ဂိုးသမား ဆူဘာဆစ် Subasic တို့ဟာ ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်လို့ အခုပွဲမှာ ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။ နှစ်သင်းစလုံးမှာ ပွဲပယ်ကျခံရမယ့် ကစားသမားမရှိပါဘူး။

Croatia-Football-team1

Croatia-Football-team1

သုံးသပ်ချက်
ဒီနေရာမှာ အင်္ဂလန်အသင်းထက် ခရိုအေးရှားအသင်းကို ဦးစားပေးပြောချင်တယ်။ ခရိုအေးရှားအသင်းဟာ အုပ်စုတွင်းမှာ အာဂျင်တီးနား၊ နိုက်ဂျီးရီးယား၊ အိုက်စလန်စတဲ့အသင်းတွေနဲ့ ဆုံတွေ့ခဲ့ပြီး အုပ်စုကျပ်လို့တောင် တင်စားခံခဲ့ရတယ်။ ဒီလိုအုပ်စုကျပ်မှာ (၃)ပွဲစလုံးကို အနိုင်ကစားပြီး အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်ခဲ့တာကြောင့် ခရိုအေးရှားအသင်းရဲ့ စွမ်းဆောင်ရည်က လေးစားစရာပါ။ ရှုံးထွက်(၁၆)သင်းနဲ့ ကွာတားဖိုင်နယ်အဆင့်တွေမှာလည်း ဒိန်းမတ်၊ အိမ်ရှင်ရုရှားတို့လို အသင်းကောင်းတွေနဲ့ ဆုံတွေ့ခဲ့ပြီး ထိုက်ထိုက်တန်တန် ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းကတော့ အုပ်စုတွင်းမှာကတည်းက အခက်အခဲမရှိခဲ့ဘူး။ ဘယ်လ်ဂျီယံတစ်သင်းလောက်သာ အဓိကပြိုင်ဘက်ဖြစ်ခဲ့ပြီး အုပ်စုဒုတိယရခဲ့တာကလည်း အင်္ဂလန်အသင်းရဲ့ ဗိုလ်လုပွဲသွားရာလမ်းက ကြီးကြီးမားမား အတားအဆီးမရှိခဲ့ဘူး။ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ကိုလံဘီယာကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်မှာလည်း ဆွီဒင်ကို (၂)ဂိုးပြတ် အနိုင်ယူခဲ့တယ်။ အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ဟာ ယူရိုပြိုင်ပွဲမှာ ဆုံတွေ့ခဲ့ဖူးပေမယ့် ကမ္ဘာ့ဖလားမှာတော့ အခုမှ ပထမဆုံးအကြိမ်ဆုံတွေ့တာဖြစ်ပါတယ်။ ယူရို-၂၀၀၈ ခြေစစ်ပွဲတုန်းက အိမ်ကွင်းမှာ ခရိုအေးရှားကို ရှုံးနိမ့်ခဲ့လို့ ခြေစစ်ပွဲမအောင်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကို အင်္ဂလန်တို့ မေ့လောက်မှာ မဟုတ်သေးဘူး။ ဒီနှစ်သင်း နောက်ဆုံးဆုံတွေ့ခဲ့တာက ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာဖြစ်ပြီး အင်္ဂလန်က (၅-၁)ဂိုး၊ (၄-၁)ဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရခဲ့တယ်။ လက်ရှိ ဒီနှစ်သင်းရဲ့အနေအထားကို သုံးသပ်ရရင် တိုက်စစ်၊ ခံစစ်က မျှတမှုရှိပါတယ်။ ကွင်းလယ်မှာတော့ မိုဒရစ်၊ ရာကီတစ်၊ ကိုဗာချစ်၊ ပါရီဆစ် စတဲ့ ဝါရင့်ကစားသမားတွေ များနေတဲ့ ခရိုအေးရှားက ပိုသာသလိုရှိနေတယ်။ လုဇ်နီကီ ကွင်းကို သွားခွင့်ရဖို့ နှစ်သင်းစလုံးမှာ အခွင့်အရေး ဆတူရှိနေတယ်လို့ ဆိုရမယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ကော်ကောင်အဆင့် သတ်မှတ်ခံထားရတဲ့အသင်းတွေ ဗိုလ်လုပွဲတက်ခဲ့တဲ့ ရာနှုန်းက နည်းပါးလွန်းတာကြောင့် အင်္ဂလန်အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။

အင်္ဂလန်-ခရိုအေးရှားပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ
-ဒီတစ်ကြိမ်ဟာ အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ (၈)ကြိမ်မြောက် ဆုံတွေ့တဲ့ပွဲဖြစ်ပါတယ်။ အရင်(၇)ကြိမ်တုန်းက အင်္ဂလန်အသင်း (၄)ကြိမ်နိုင်၊ (၁)ပွဲသရေကျပြီး ခရိုအေးရှားအသင်းက (၂)ကြိမ်နိုင်ခဲ့တယ်။
-အင်္ဂလန်နဲ့ခရိုအေးရှားအသင်းတို့ဟာ အဓိက နိုင်ငံတကာပြိုင်ပွဲကြီးအဖြစ် ယူရို-၂၀၀၄ အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့ဖူးပြီ အင်္ဂလန်အသင်းက (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
-အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ပေါ်တူဂီကို အနိုင်ရခဲ့ပြီး၊ ၁၉၉၀ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာတော့ ဂျာမနီကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တယ်။
-၂၀၁၈ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းအတွက် မတူညီတဲ့ကစားသမား(၈)ဦးက ဂိုးသွင်းခဲ့ပြီး သူတို့ထက် ပိုများတာဆိုလို့ ဘယ်လ်ဂျီယံ(၉)ဦးသာရှိပါတယ်။
-အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းမှာ ဥရောပအသင်းနှစ်သင်းဆက် အနိုင်မရခဲ့တာ ၁၉၈၂ ခုနှစ်ကတည်းကဖြစ်ပါတယ်။
-ရှုံးထွက်အဆင့်ပွဲစဉ်(၆)ပွဲမှာ ခရိုအေးရှားအသင်း ရှုံးနိမ့်ခဲ့တာတစ်ပွဲပဲရှိခဲ့ပြီး ၁၉၉၈ ခုနှစ်က ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကို ရှုံးနိမ့်ခဲ့တာပါ။

အလေးပေးမှု
အင်္ဂလန်နိုင် – ၂၇ လေး /၂၀ လေး
ခရိုအေးရှားနိုင် – ၁၃ လေး / ၅လေး

Photo:.standard.co.uk,fifa,Getty Images
Naing Linn(Akhayar)
www.akhayar.com