[Zawgyi]

မုိနာကုိ ကြင္းလယ္လူ ေသာမတ္လူမာ Thomas Lemar ကုိ ေခၚယူမယ့္ အက္သလက္တီကုိ

လာလီဂါ နာမည္ေက်ာ္ကလပ္ အက္သလက္တီကုိအသင္းဟာ မုိနာကုိအသငး္ရဲ႕ ျပင္သစ္လက္ေရြးစင္ကြင္းလယ္လူ ေသာမတ္လူမာ Thomas Lemar ကုိ ေပါင္(၅၂.၇)သန္းနဲ႔ ေခၚယူဖုိ႔ နီးစပ္ေနပါၿပီ။ အသက္(၂၂)ႏွစ္အရြယ္သာရွိေသးတဲ့ လူမာကုိ ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြျဖစ္ၾကတဲ့ လီဗာပူးလ္၊ အာဆင္နယ္တို႔က ေခၚယူဖုိ႔ စိတ္၀င္စားခဲ့ေပမယ့္လည္း အခုအခါ အက္သလက္တီကုိအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိၿပီး သူ႔ရဲ႕ အနာဂတ္ခန္႔မွန္းသတင္းေတြကုိ အဆုံးသတ္သြားေတာ့မွာျဖစ္ပါတယ္။

Thomas-Lemar-Playing-Style

Thomas-Lemar-Playing-Style

အခုလက္ရွိအခ်ိန္မွာေတာ့ လူမာဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြဆင္ႏႊဲဖုိ႔အတြက္ ျပင္သစ္အသင္းနဲ႔အတူ ႐ုရွားကုိ ေရာက္ရွိေနၿပီး ကမၻာ႔ဖလားအၿပီးမွသာ အက္သလက္တီကုိနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိသြားဖုိ႔ရွိေနတယ္။ အက္သလက္တီကုိအသင္းရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ”ေသာမတ္လူမာကုိ ေခၚယူဖုိ႔ အက္သလက္တီကုိနဲ႔ မုိနာကုိအသင္းတို႔ဟာ အႀကိဳသေဘာတူညီခ်က္ရရွိထားပါၿပီ။ လာမယ့္ရက္ပုိင္းအတြင္းမွာ လူမာရဲ႕အေျပာင္းအေရႊ႕အတြက္ ရာႏႈန္းျပည့္သေဘာတူညီမႈရဖုိ႔ ႀကိဳးပမ္းသြားမွာပါ”လုိ႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ေသာမတ္စ္လူမာ ဟာ လီဗာပူးလ္အသင္းကုိ ေပါင္သန္း(၄၀)နဲ႔ေျပာင္းေရႊ႕ခဲ့တဲ့ ကြင္းလယ္လူ ဖာဘင္ဟုိ Fabinho ၿပီးရင္ အခုေႏြရာသီမွာ မုိနာကုိအသင္းကေန ထြက္ခြာမယ့္ ဒုတိယေျမာက္ကစားသမား ျဖစ္လာေတာ့မွာပါ။ ဒါ့အျပင္ ေသာမတ္စ္လူမာဟာ ဒီေယဂုိေကာ္စတာ Diego Costa ၿပီးရင္ အက္သလက္တီကုိအသင္း သမုိင္းတစ္ေလွ်ာက္ ဒုတိယေျမာက္ ေျပာင္းေရႊ႕ေၾကးအမ်ားဆုံး ကစားသမားအျဖစ္လည္း မွတ္တမ္း၀င္ႏုိင္မွာျဖစ္ပါတယ္။

အက္သလက္တီကုိအသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးပုိင္ရွင္မ်ား
1 Diego Costa £59.40m
2 Thomas Lemar -£52.7m
3 Falcao -£36.00m
4 Jackson Martínez -£33.39m
5 Vitolo -£32.40m
6 Antoine Griezman -£27.00m
7 Kévin Gameiro – £27.00m

REF:Daily Mail,Guardian
Photo: BBC,Football Fancast
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မိုနာကို ကွင်းလယ်လူ သောမတ်လူမာ Thomas Lemar ကို ခေါ်ယူမယ့် အက်သလက်တီကို

လာလီဂါ နာမည်ကျော်ကလပ် အက်သလက်တီကိုအသင်းဟာ မိုနာကိုအသင်းရဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ သောမတ်လူမာ Thomas Lemar ကို ပေါင်(၅၂.၇)သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေပါပြီ။ အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ လူမာကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်ကြတဲ့ လီဗာပူးလ်၊ အာဆင်နယ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း အခုအခါ အက်သလက်တီကိုအသင်းနဲ့ စာချုပ်ချုပ်ဆိုပြီး သူ့ရဲ့ အနာဂတ်ခန့်မှန်းသတင်းတွေကို အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။

Thomas-Lemar-Playing-Style

Thomas-Lemar-Playing-Style

အခုလက်ရှိအချိန်မှာတော့ လူမာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲဖို့အတွက် ပြင်သစ်အသင်းနဲ့အတူ ရုရှားကို ရောက်ရှိနေပြီး ကမ္ဘာ့ဖလားအပြီးမှသာ အက်သလက်တီကိုနဲ့ စာချုပ်ချုပ်ဆိုသွားဖို့ရှိနေတယ်။ အက်သလက်တီကိုအသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ”သောမတ်လူမာကို ခေါ်ယူဖို့ အက်သလက်တီကိုနဲ့ မိုနာကိုအသင်းတို့ဟာ အကြိုသဘောတူညီချက်ရရှိထားပါပြီ။ လာမယ့်ရက်ပိုင်းအတွင်းမှာ လူမာရဲ့အပြောင်းအရွှေ့အတွက် ရာနှုန်းပြည့်သဘောတူညီမှုရဖို့ ကြိုးပမ်းသွားမှာပါ”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သောမတ်စ်လူမာ ဟာ လီဗာပူးလ်အသင်းကို ပေါင်သန်း(၄၀)နဲ့ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ ဖာဘင်ဟို Fabinho ပြီးရင် အခုနွေရာသီမှာ မိုနာကိုအသင်းကနေ ထွက်ခွာမယ့် ဒုတိယမြောက်ကစားသမား ဖြစ်လာတော့မှာပါ။ ဒါ့အပြင် သောမတ်စ်လူမာဟာ ဒီယေဂိုကော်စတာ Diego Costa ပြီးရင် အက်သလက်တီကိုအသင်း သမိုင်းတစ်လျှောက် ဒုတိယမြောက် ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်နိုင်မှာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်များ
1 Diego Costa £59.40m
2 Thomas Lemar -£52.7m
3 Falcao -£36.00m
4 Jackson Martínez -£33.39m
5 Vitolo -£32.40m
6 Antoine Griezman -£27.00m
7 Kévin Gameiro – £27.00m

REF:Daily Mail,Guardian
Photo: BBC,Football Fancast
Naing Linn(Akhayar)
www.akhayar.com