iPhone ရဲ့ Storage ဟာ အမြဲတမ်းလို Premium ဆန်နေသလိုပါပဲ။ အထူးသဖြင့် 16GB မော်ဒယ်လိုမျိုး Entry-level မော်ဒယ်မှာဆို ပိုသိသာပါတယ်။ ဖုန်းမှာ App နည်းနည်းသွင်းလိုက်ရုံ၊ ဓာတ်ပုံနည်းနည်း ရိုက်လိုက်ရုံနဲ့ ဖုန်းမှာ “not enough storage” လို့ ပြရင် မခံစားရတဲ့သူ မရှိသလောက်ပါပဲ။

သင့်အနေနဲ့ “Free up space” tips တွေအားလုံးလိုလိုလည်း ကြားဖူးပြီးသား ဖြစ်လောက်မှာပါ။ ဒါပေမယ့် အခုကျွန်တော် ဖော်ပြပေးမယ့် Tips လေးကတော့ သင်မကြားဖူးသေးလောက်ဘူးလို့ ထင်ပါတယ်။ ဖုန်းကို Jailbreak လုပ်ဖို့ မလိုသလို၊ Warranty ပျက်သွားမှာတို့ ဘာတို့လည်း မစိုးရိမ်ရပါဘူး။ ကြိုးစားကြည့်ပြီးတော့ ဘယ်လို ဖြစ်သွားတယ်ဆိုတာ ကြည့်ကြည့်ပါဦးဗျ…

 

Step 1: Settings app ထဲကိုဝင်ပြီး General> About ထဲကို ဝင်လိုရင် သင့်မှာ Storage ဘယ်လောက်ကျန်သေးတယ်ဆိုတာ ပြသပါလိမ့်မယ်။ အဲ့ဒီ Storage ပမာဏကို မှတ်ထားလိုက်ပါ။

Step 2: iTunes Store app ကို ဖွင့်လိုက်ပါ။ ပြီးရင် Movies ကိုသွားပြီး အရမ်းရှည်တဲ့ ဇာတ်ကားတစ်ကားကို ရှာဖွေလိုက်ပါ။ “The Lord of the Rings: The Two Towers” ကတော့ 6.83GB အထိ ရှည်လို့ အဆင်ပြေတဲ့ ပမာဏပါပဲ။ (ဖုန်းထဲမှာရှိတဲ့ Space ပမာဏထက် ပိုတဲ့ပမာဏတစ်ခုရအောင် ဇာတ်ကားတစ်ကားတော့ Download လုပ်ဖို့လိုပါတယ်) ပြီးရင် Rent button ကို နှစ်ချက်ဆက်တိုက်နှိပ်လိုက်ပါ။

Step 3: တကယ်လို့ သင့် Rental ကို ဒေါင်းဖို့ Space မလောက်တော့ကြောင်း Message တက်လာလို့ရှိရင် Settings ကို နှိပ်လိုက်ပြီး General > About ထဲကို ဝင်လိုက်ရင်သင့်အနေနဲ့ Storage Megabytes ရာဂဏန်းလောက် ပိုရသွားတာကိုတွေ့ရမှာပါ။

Step 4: ဒီ Process ကို ပြန်လုပ်ပါ! (iTunes Store ကို ပြန်သွား၊ Movie ကို ပြန် Rent လုပ်တာကိုပါ) တစ်ခါလုပ်တိုင်း Storage ရာဂဏန်း တက်တက်သွားပြီး  သင်လိုချင်တဲ့အထိ လုပ်ယူသွားရင် နောက်ဆုံး ရုပ်ရှင်ကို ဒေါင်းလုဒ်လုပ်လို့ရတဗဲ့အထိ Space လွတ်သွားမှာပါ။

Hack လုပ်ထားတာလား? မဟုတ်ပါဘူး။ ဒါပေမယ့် Hack လုပ်တာထက် ပိုထိရောက်ပါတယ်။ iOS 9.1 အလုပ်လုပ်ထားတဲ့ iPhone 5c နဲ့ စမ်းသပ်ရာမှာ ပထမတစ်ကြိမ်မှာတင် 4.4GB အထိ လွတ်သွားတာကို တွေ့ခဲ့ရကြောင်း စမ်းထားတဲ့သူက ဆိုပါတယ်။

ရုပ်ရှင်ကို Rent လုပ်တဲ့နေရာမှာ တကယ်ဒေါင်းတာမဟုတ်လို့ သင့်အနေနဲ့ Bill ကုန်သွားမှာကို စိုးရိမ်စရာမလိုပါဘူး။

ကဲ Try ကြည့်ပြီး တကယ်အလုပ်ဖြစ်မဖြစ်၊ ပြန်ပြောကြပါဦးဗျ..။ အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Joker (Akhayar)

Ref: CNet