[Zawgyi]
မင်္ဂလာလက်ဖွဲ့
မင်္ဂလာလက်ဖွဲ့
couple 1
couple 2
couple 3
မင်္ဂလာလက်ဖွဲ့
မင်္ဂလာလက်ဖွဲ့
Redrose (Akhayar)
www.akhayar.com
[Unicode]
ဖူးစာမှန်ရင် ဘာနဲ့မှ တားလို့မရပါဘူး
ကိုယ့်အတွက် ဖူးစာမှန်ရင် ဘယ်လိုပဲ အသက်အရွယ်ကွာခြားနေပါစေ လက်တွဲမြဲပါတယ်။ အချစ်မလျော့ သွားပါဘူး။ ဘယ်အခက်အခဲ ပဲ ကြုံလာပါစေ အမြဲတမ်း ကူညီဖို့အဆင်သင့်ရှိနေတတ်ကြပါတယ်။ ဘယ်လိုပဲ အသက်အရွယ်ကွာခြားနေပါစေ ဖူးစာမှန်ရင် ညားတယ်ဆိုတာကို ဒီ စုံတွဲ သုံးတွဲက သက်သေပြသွားပါတယ်။
မင်္ဂလာလက်ဖွဲ့
မင်္ဂလာလက်ဖွဲ့
Edward Hamaty, 62, and Patrick Owen Chadd, 52: Partners for 20 years
couple 1
လိပ်တူချစ်သူနှစ်ဦးဖြစ်ပါတယ်။ Edward ဟာ ၆၂ နှစ်ရှိပြီး Patrick ဟာ ၅၂နှစ်ရှိပါပြီ။ အိမ်ထောင်သက်တမ်းဟာ အနှစ် ၂၀ ရှိပါပြီ။ ဒီအချိန်အထိ မရိုးမအီသွားပဲချစ်နေကြတဲ့အကြောင်းအရင်းက “အမြဲတမ်း ပျော်အောင်ထားပေးတယ်။ ကိုယ့်အပေါ်မှာအမြဲတမ်းယုံကြည်မှုရှိတယ်။ ကျွန်တော့်ပုံစံ အရှိကိုအရှိအတိုင်းလက်ခံပေးတဲ့အတွက် သူ့ကို အရမ်းချစ်ရပါတယ်လို့ ” Patrick ကပြောလာပါတယ်။
Mariano, 86, and Albertina Cisneros, 76: Married 61 years
couple 2
Mariano က Albertina ထက် အသက်၁၀နှစ်ကြီးပေမယ့် တစ်ယောက်ကိုတစ်ယောက်နားလည်ရင်း ချစ်လာကြတာ အိမ်ထောင်သက်တမ်း ၆၁နှစ်ရှိလို့လာပါပြီ။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ဖေးမကူညီရင်းမေတ္တာပေးရင်း ကြုံလာသမျှ ပြဿနာတွေကို လက်တွဲမဖြုတ်ပဲ ဖြေရှင်းလာရင်း ဒီအချိန်အထိ အတူတူရှိလာနိုင်ခဲ့တာပါလို့ Mariano ရဲ့ မြေးဖြစ်သူ Irene Cisneros Fong ကပြောပါတယ်။
Hui, 81, and Mei Xiao, 78: Married 58 years
couple 3
Hui နဲ့ Mei တို့ဟာ အသက်အရွယ် ၃နှစ်ကွာခြားပြီး အိမ်ထောင်သက်တမ်း ၅၈နှစ် ရှိပါပြီ။ Hui ဟာ သဘောၤသားတစ်ယောက်ဖြစ်ပါတယ်။ Hui သဘောၤထွက်ရတဲ့အချိန်တိုင်း Mei ဟာ အိမ်တွင်းရေးကို အပြည့်အဝတာဝန်ယူရင်း ခင်ပွန်းကို အားပေးနေသူတစ်ဦးဖြစ်ပါတယ်။ သူတို့ အချစ်ခရီးလမ်းကို မြင်သူတိုင်း အားကျကြတဲ့သူတွေဆိုတာ မရေမတွက်နိုင်အောင်ပါပဲ။
မင်္ဂလာလက်ဖွဲ့
မင်္ဂလာလက်ဖွဲ့
ဖူးစာဆိုတာ Gender ကွဲမှ ဖူးစာစစ်မဟုတ်ပါဘူး။ အသက်အတော်အသင့်ကွာမှလည်း ဖူးစာစစ်မဟုတ်ရပါဘူး။ ဖူးစာဆိုတာ ထူးဆန်းပါတယ်။ ဖူးစာကိုတွေ့မိပြီဆိုရင်လည်း တစ်သက်တာ ကိုယ့်အတွက် နွေးထွေးတဲ့အရိပ်ကို ခိုနားနိုင်သွားပြီဖြစ်ပါတယ်။
အားလုံးပဲ ဖူးစာစစ်နဲ့ ဆုံနိုင်ကြပြီး နွေးထွေးတဲ့ ရင်ခွင်မှာခိုနားနိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။
Redrose (Akhayar)
www.akhayar.com
Article referenced : www.huffingtonpost.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။