[Zawgyi]

၁ ထရီလီယံ (၁ဝဝဝ ဘီလီယံ) ထက္ေတာင္ ပုိၾကြယ္ဝတဲ့ ေဆာ္ဒီေတာ္ဝင္မိသားစု

ေတာ္ဝင္မိသားစုလုိ႔ ေျပာလုိက္ရင္ ၿဗိတိန္ေတာ္ဝင္မိသားစုကုိပဲ ျမင္မိၾကမွာပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ၿဗိတိန္ေတာ္ဝင္မိသားစုကုိပဲ မီဒီယာေတြက အာရုံစုိက္ေဖာ္ျပေနၾကလုိ႔ပါ။ အခ်မ္းသာဆုံးေတာ္ဝင္မိသားစုကုိ ေျပာပါဆုိရင္ေတာ့ ၿဗိတိန္ေတာ္ဝင္မိသားစု မဟုတ္ပါဘူး။ ဘုရင္မႀကီး Elizabeth II ရဲ႕အသားတင္ၾကြယ္ဝမႈကုိ အေမရိကန္ေဒၚလာ ၄၂၅သန္း (ေပါင္ ၂၇၅ သန္း) ရွိတယ္လုိ႔ ေဖာ္ျပၾကေပမယ့္ ၿဗိတိန္ေတာ္ဝင္မိသားစုတစ္ခုလုံးရဲ႕ၾကြယ္ဝမႈကုိေတာ့ ေဒၚလာ ၈၈ ဘီလီယံရွိတယ္လုိ႔ Brand Finance အဖြဲ႕အစည္းက ေဖာ္ျပထားပါတယ္။

ေတာ္ဝင္မိသားစုေနထုိင္တဲ့ Buckingham Palace ၊ ကမၻာတစ္လႊားမွ လက္မႈပညာေတြကုိ သိမ္းပုိက္ထားတဲ့ Royal Collection Art ၊ ဘုရင္မသရဖူနဲ႔ ၿမိဳ႕စားပုိင္နက္ေတြကုိ ေဒၚလာ ၃၃ ဘီလီယံအျဖစ္ တြက္ခ်က္ထားၿပီး ခရီးသြားလုပ္ငန္းကုိ ဆြဲေဆာင္ႏုိင္မႈ၊ ဖက္ရွင္၊ စီးပြားေရးလုပ္ငန္းနဲ႔ ကုန္သြယ္မႈေတြကုိ ေဒၚလာ ၅၅ ဘီလီယံအျဖစ္ ခန္႔မွန္းထားပါတယ္။

၈၈ ဘီလီယံၾကြယ္ဝတဲ့ ေတာ္ဝင္မိသားစုထက္ ၁၆ဆေလာက္ ပုိသာတဲ့အဖြဲ႕က ေဆာ္ဒီအာေရဗ်ေတာ္ဝင္မိသားစုျဖစ္ပါတယ္။ ၁၇၄၄ခုႏွစ္မွာ Muhammad bin Saud တည္ေထာင္ခဲ့တဲ့ ေဆာ္ဒီအာေရဗ်ေတာ္ဝင္မိသားစုဟာ မ်ိဳးဆက္ေပါင္း ၁၅ဝဝဝ ေက်ာ္ရွိၿပီး သူတုိ႔ရဲ႕ၾကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ ၁.၄ ထရီလီယံ (၁၄ဝဝ ဘီလီယံ) ရွိတယ္လုိ႔ သုံးသပ္ထားပါတယ္။

 

ေဆာ္ဒီမိသားစုေတြ ပုိင္ဆုိင္တဲ့ Saudi Aramco ဆုိတဲ့ ေရနံကုမၸဏီရဲ႕တန္ဖုိးဟာ ေဒၚလာ ၂ ထရီလီယံ (၂ဝဝဝ ဘီလီယံ) ရွိတယ္လုိ႔ Bloomberg မဂၢဇင္းမွာ ေဖာ္ျပထားပါတယ္။ ဒီပမာဏဟာ နည္းပညာနယ္ပယ္ကုိ လႊမ္းမုိးထားတဲ့ Apple ကုမၸဏီထက္ေတာင္ (၂) ဆပုိႀကီးတဲ့သေဘာပဲျဖစ္ပါတယ္။ ဒါ့အျပင္ ေဆာ္ဒီအာေရဗ်ႏုိင္ငံကုိ အုပ္စုိးေနတဲ့ ေတာ္ဝင္မိသားစုတစ္ခုလုံးဟာ ကုိယ္ပုိင္ဂ်က္ေလယာဥ္ေတြ၊ ၿပိဳင္ကားေတြ၊ ရြက္ေလွေတြအျပင္ သန္းခ်ီတန္တဲ့ စံအိမ္ေတာ္ႀကီးေတြကုိ ပုိင္ဆုိင္ထားတာပါ။

၂ဝ၁၅ခုႏွစ္မွာ အစ္ကုိေတာ္ Abdullah bin Abdulaziz Al Saud နတ္ရြာစံေတာ့ ညီေတာ္ Salman bin Abdulaziz Al Saud က နန္းတက္လာတယ္။ ေဆာ္ဒီဘုရင္ႀကီး Salman bin Abdulaziz Al Saud ရဲ႕အသားတင္ၾကြယ္ဝမႈကုိ ၁၇ ဘီလီယံရွိတယ္လုိ႔ သိရပါတယ္။ ေနာင္နန္းတက္လာမယ့္ အိမ္ေရွ႕မင္းသား Mohammed bin Salman ကေတာ့ အသုံးအျဖဳန္းႀကီးပါတယ္။

Leonardo da Vinci ရဲ႕ပန္းခ်ီကားကုိ ေဒၚလာသန္း ၄၅ဝ ေပးၿပီး ဝယ္လုိက္သလုိ သန္း ၅ဝဝ တန္ရြက္ေလွနဲ႔ သန္း ၃ဝဝတန္ Chateau Louis XIV စံအိမ္ႀကီးကုိလည္း ဝယ္ထားပါေသးတယ္။ ဒါ့အျပင္ အဂၤလန္ႏုိင္ငံ လန္ဒန္ၿမိဳ႕မွာ အိမ္ႏွစ္လုံးပုိင္သလုိ စပိန္ႏုိင္ငံကမ္းရုိးတန္းမွာလည္း စံအိမ္ေတြအမ်ားႀကီးဝယ္ထားပါေသးတယ္။

CBS News သတင္းဌာနရဲ႕ အင္တာဗ်ဴးတစ္ခုမွာေတာ့ အိမ္ေရွ႕မင္းသား Mohammad bin Salman ကေတာ့ “ေငြေၾကးပုိင္ဆုိင္မႈကုိ ခ်ျပစရာမလုိပါဘူး။ ကုိယ္ေရးကုိယ္တာ ကိစၥေတြပါ။ ကြ်န္ေတာ္တုိ႔က လူခ်မ္းသာေတြေလ။ ငမြဲမွ မဟုတ္တာ။ ကုိယ္ခ်မ္းသာလုိ႔ ကုိယ္သုံးတာပဲ။ Gandhi နဲ႔ Nelson Mandela တုိ႔လုိ ၿခိဳးျခံစရာအေၾကာင္းမွ မရွိတာ။ ကြ်န္ေတာ္တုိ႔ေတြက ေဆာ္ဒီအာေရဗ်ႏုိင္ငံကုိ ရာစုႏွစ္ေပါင္းမ်ားစြာ အုပ္စုိးလာခဲ့တဲ့ မိသားစုဝင္ေတြေလ။” လုိ႔ ဆုိသြားပါတယ္။

သတင္း (ဓာတ္ပုံ) – CNBC ၊ Bloomberg

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၁ ထရီလီယံ (၁ဝဝဝ ဘီလီယံ) ထက်တောင် ပိုကြွယ်ဝတဲ့ ဆော်ဒီတော်ဝင်မိသားစု

တော်ဝင်မိသားစုလို့ ပြောလိုက်ရင် ဗြိတိန်တော်ဝင်မိသားစုကိုပဲ မြင်မိကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဗြိတိန်တော်ဝင်မိသားစုကိုပဲ မီဒီယာတွေက အာရုံစိုက်ဖော်ပြနေကြလို့ပါ။ အချမ်းသာဆုံးတော်ဝင်မိသားစုကို ပြောပါဆိုရင်တော့ ဗြိတိန်တော်ဝင်မိသားစု မဟုတ်ပါဘူး။ ဘုရင်မကြီး Elizabeth II ရဲ့အသားတင်ကြွယ်ဝမှုကို အမေရိကန်ဒေါ်လာ ၄၂၅သန်း (ပေါင် ၂၇၅ သန်း) ရှိတယ်လို့ ဖော်ပြကြပေမယ့် ဗြိတိန်တော်ဝင်မိသားစုတစ်ခုလုံးရဲ့ကြွယ်ဝမှုကိုတော့ ဒေါ်လာ ၈၈ ဘီလီယံရှိတယ်လို့ Brand Finance အဖွဲ့အစည်းက ဖော်ပြထားပါတယ်။

တော်ဝင်မိသားစုနေထိုင်တဲ့ Buckingham Palace ၊ ကမ္ဘာတစ်လွှားမှ လက်မှုပညာတွေကို သိမ်းပိုက်ထားတဲ့ Royal Collection Art ၊ ဘုရင်မသရဖူနဲ့ မြို့စားပိုင်နက်တွေကို ဒေါ်လာ ၃၃ ဘီလီယံအဖြစ် တွက်ချက်ထားပြီး ခရီးသွားလုပ်ငန်းကို ဆွဲဆောင်နိုင်မှု၊ ဖက်ရှင်၊ စီးပွားရေးလုပ်ငန်းနဲ့ ကုန်သွယ်မှုတွေကို ဒေါ်လာ ၅၅ ဘီလီယံအဖြစ် ခန့်မှန်းထားပါတယ်။

၈၈ ဘီလီယံကြွယ်ဝတဲ့ တော်ဝင်မိသားစုထက် ၁၆ဆလောက် ပိုသာတဲ့အဖွဲ့က ဆော်ဒီအာရေဗျတော်ဝင်မိသားစုဖြစ်ပါတယ်။ ၁၇၄၄ခုနှစ်မှာ Muhammad bin Saud တည်ထောင်ခဲ့တဲ့ ဆော်ဒီအာရေဗျတော်ဝင်မိသားစုဟာ မျိုးဆက်ပေါင်း ၁၅ဝဝဝ ကျော်ရှိပြီး သူတို့ရဲ့ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံ (၁၄ဝဝ ဘီလီယံ) ရှိတယ်လို့ သုံးသပ်ထားပါတယ်။

 

ဆော်ဒီမိသားစုတွေ ပိုင်ဆိုင်တဲ့ Saudi Aramco ဆိုတဲ့ ရေနံကုမ္ပဏီရဲ့တန်ဖိုးဟာ ဒေါ်လာ ၂ ထရီလီယံ (၂ဝဝဝ ဘီလီယံ) ရှိတယ်လို့ Bloomberg မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ ဒီပမာဏဟာ နည်းပညာနယ်ပယ်ကို လွှမ်းမိုးထားတဲ့ Apple ကုမ္ပဏီထက်တောင် (၂) ဆပိုကြီးတဲ့သဘောပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆော်ဒီအာရေဗျနိုင်ငံကို အုပ်စိုးနေတဲ့ တော်ဝင်မိသားစုတစ်ခုလုံးဟာ ကိုယ်ပိုင်ဂျက်လေယာဉ်တွေ၊ ပြိုင်ကားတွေ၊ ရွက်လှေတွေအပြင် သန်းချီတန်တဲ့ စံအိမ်တော်ကြီးတွေကို ပိုင်ဆိုင်ထားတာပါ။

၂ဝ၁၅ခုနှစ်မှာ အစ်ကိုတော် Abdullah bin Abdulaziz Al Saud နတ်ရွာစံတော့ ညီတော် Salman bin Abdulaziz Al Saud က နန်းတက်လာတယ်။ ဆော်ဒီဘုရင်ကြီး Salman bin Abdulaziz Al Saud ရဲ့အသားတင်ကြွယ်ဝမှုကို ၁၇ ဘီလီယံရှိတယ်လို့ သိရပါတယ်။ နောင်နန်းတက်လာမယ့် အိမ်ရှေ့မင်းသား Mohammed bin Salman ကတော့ အသုံးအဖြုန်းကြီးပါတယ်။

Leonardo da Vinci ရဲ့ပန်းချီကားကို ဒေါ်လာသန်း ၄၅ဝ ပေးပြီး ဝယ်လိုက်သလို သန်း ၅ဝဝ တန်ရွက်လှေနဲ့ သန်း ၃ဝဝတန် Chateau Louis XIV စံအိမ်ကြီးကိုလည်း ဝယ်ထားပါသေးတယ်။ ဒါ့အပြင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ အိမ်နှစ်လုံးပိုင်သလို စပိန်နိုင်ငံကမ်းရိုးတန်းမှာလည်း စံအိမ်တွေအများကြီးဝယ်ထားပါသေးတယ်။

CBS News သတင်းဌာနရဲ့ အင်တာဗျူးတစ်ခုမှာတော့ အိမ်ရှေ့မင်းသား Mohammad bin Salman ကတော့ “ငွေကြေးပိုင်ဆိုင်မှုကို ချပြစရာမလိုပါဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ။ ကျွန်တော်တို့က လူချမ်းသာတွေလေ။ ငမွဲမှ မဟုတ်တာ။ ကိုယ်ချမ်းသာလို့ ကိုယ်သုံးတာပဲ။ Gandhi နဲ့ Nelson Mandela တို့လို ခြိုးခြံစရာအကြောင်းမှ မရှိတာ။ ကျွန်တော်တို့တွေက ဆော်ဒီအာရေဗျနိုင်ငံကို ရာစုနှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့တဲ့ မိသားစုဝင်တွေလေ။” လို့ ဆိုသွားပါတယ်။

သတင်း (ဓာတ်ပုံ) – CNBC ၊ Bloomberg

ကျော်စိုးအောင် (အခရာ)

www.akhayar.com