[Zawgyi]

Ronaldo နဲ႔ Messi တုိ႔ထက္ Ballon d’Or ဆုနဲ႔ ထုိက္တန္တဲ့သူကုိ Platini ေျပာလုိက္ၿပီ

France Football ျပင္သစ္မဂၢဇင္းက ခ်ီးျမွင့္တဲ့၂ဝ၁၈ခုႏွစ္အတြက္ Ballon d’Or ဆုဟာ ဒီဇင္ဘာလ (၃) ရက္ေန႔က်ရင္ ေရြးခ်ယ္ေတာ့မွာပါ။ ဥေရာပကလပ္ေတြမွာ ကစားေနတဲ့ အေကာင္းဆုံးေဘာလုံးသမားကုိ ေရြးခ်ယ္ၾကတာျဖစ္ၿပီး သမုိင္းအစဥ္အလာႀကီးမားတဲ့ ဆုတံဆိပ္လုိ႔ ဆုိႏုိင္ပါတယ္။ ၂ဝဝ၈ခုႏွစ္ကေန ၂ဝ၁၇ခုႏွစ္အထိ ဆယ္ႏွစ္အတြင္းမွာ Ronaldo နဲ႔ Messi တုိ႔ဟာ ငါးႀကိမ္စီရရွိထားၿပီး ေဘာလုံးေလာကကုိ သူတုိ႔ႏွစ္ေယာက္ပဲ လႊမ္းမုိးထားတယ္လုိ႔ ဆုိႏုိင္ပါတယ္။

ဒါ့ေၾကာင့္ Ballon d’Or ဆုေပးပြဲက်င္းပေတာ့မယ္ဆုိ Ronaldo ပဲရမလား၊ Messi ပဲ သိမ္းပုိက္သြားမလား ခန္႔မွန္းရတာတစ္လုပ္ပါပဲ။ ၂ဝ၁၈ခုႏွစ္မွာေတာ့ သူတုိ႔ႏွစ္ေယာက္ရဲ႕ စြမ္းေဆာင္ရည္ဟာ တျခားထိပ္တန္းကစားသမားေတြနဲ႔ မကြာဟတာေၾကာင့္ Ballon d’Or ဆုဟာ ခန္႔မွန္းရပုိခက္လာပါတယ္။

တခ်ိဳ႕ေတြကလည္း ဥေရာပအေကာင္းဆုံးေဘာလုံးသမားဆု (UEFA Men’s Player of the Year Award) နဲ႔ ဖီဖာအေကာင္းဆုံးေဘာလုံးသမားဆု (The Best FIFA Men’s Player) ကုိ ရရွိထားတဲ့ Luka Modric ကပဲ Ballon d’Or ဆုကုိ သိမ္းပုိက္သြားမလား ဆုိၾကပါေသးတယ္။

ဒါေပမယ့္ ဥေရာပေဘာလုံးဥကၠဌေဟာင္းလည္းျဖစ္ Ballon d’Or ဆုကုိ သုံးႀကိမ္ဆက္တုိက္ရဖူးတဲ့ ဂႏၳဝင္ေဘာလုံးသမားေဟာင္း Platini ဟာ Ronaldo နဲ႔ Messi တုိ႔ထက္ ပုိထုိက္တန္တဲ့ ေဘာလုံးၾကယ္ပြင့္ကုိ ေျပာလုိက္ပါတယ္။

“၂ဝ၁၈ခုႏွစ္မွာ Ballon d’Or ဆုကုိ ဘယ္သူရမလဲခန္႔မွန္းရတာ အခက္ဆုံးပဲဗ်။ ဒီႏွစ္ေတာ့ ျပင္သစ္ေဘာလုံးသမားရမယ္ထင္တယ္။ ကမၻာ့ဖလားခ်န္ပီယံဆုနဲ႔ ခ်န္ပီယံလိဂ္ဖလားကုိ ရထားတဲ့ Raphael Varane ပဲဗ်။ Ballon d’Or ဆုကုိ Ronaldo နဲ႔ Messi တုိ႔ထက္ ပုိရထုိက္တယ္။ Ronaldo ရမလား၊ Messi ရမလား ျငင္းရတာ အေမာပဲ။ Griezmann ၊ Mbappe ၊ Giroud ၊ Lloris နဲ႔ Modric တုိ႔လည္း ရႏုိင္တယ္။ ဒါေပမယ့္ ဒီႏွစ္ေတာ့ Raphael Varane ပဲ သိမ္းပုိက္သြားမယ္” လုိ႔ Platini က ဆုိသြားပါတယ္။

ျပင္သစ္ႏုိင္ငံသားျဖစ္တဲ့ Platini ဟာ တစ္ႏုိင္ငံတည္းသား Raphael Varane ကုိ ‘ကုိယ့္ငါးခ်ဥ္ ကုိယ္ခ်ဥ္’ လုပ္ၿပီး Ballon d’Or ဆုနဲ႔ ထုိက္တန္တယ္လုိ႔ ေျပာခဲ့တာလား၊ တကယ္ေရာ Raphael Varane ဟာ Ballon d’Or ဆုကုိ Ronaldo နဲ႔ Messi တုိ႔ထက္ ပုိထုိက္တန္လား ေျပာသြားၾကပါဦး။

[Unicode]

Ronaldo နဲ့ Messi တို့ထက် Ballon d’Or ဆုနဲ့ ထိုက်တန်တဲ့သူကို Platini ပြောလိုက်ပြီ

France Football ပြင်သစ်မဂ္ဂဇင်းက ချီးမြှင့်တဲ့၂ဝ၁၈ခုနှစ်အတွက် Ballon d’Or ဆုဟာ ဒီဇင်ဘာလ (၃) ရက်နေ့ကျရင် ရွေးချယ်တော့မှာပါ။ ဥရောပကလပ်တွေမှာ ကစားနေတဲ့ အကောင်းဆုံးဘောလုံးသမားကို ရွေးချယ်ကြတာဖြစ်ပြီး သမိုင်းအစဉ်အလာကြီးမားတဲ့ ဆုတံဆိပ်လို့ ဆိုနိုင်ပါတယ်။ ၂ဝဝ၈ခုနှစ်ကနေ ၂ဝ၁၇ခုနှစ်အထိ ဆယ်နှစ်အတွင်းမှာ Ronaldo နဲ့ Messi တို့ဟာ ငါးကြိမ်စီရရှိထားပြီး ဘောလုံးလောကကို သူတို့နှစ်ယောက်ပဲ လွှမ်းမိုးထားတယ်လို့ ဆိုနိုင်ပါတယ်။

ဒါ့ကြောင့် Ballon d’Or ဆုပေးပွဲကျင်းပတော့မယ်ဆို Ronaldo ပဲရမလား၊ Messi ပဲ သိမ်းပိုက်သွားမလား ခန့်မှန်းရတာတစ်လုပ်ပါပဲ။ ၂ဝ၁၈ခုနှစ်မှာတော့ သူတို့နှစ်ယောက်ရဲ့ စွမ်းဆောင်ရည်ဟာ တခြားထိပ်တန်းကစားသမားတွေနဲ့ မကွာဟတာကြောင့် Ballon d’Or ဆုဟာ ခန့်မှန်းရပိုခက်လာပါတယ်။

တချို့တွေကလည်း ဥရောပအကောင်းဆုံးဘောလုံးသမားဆု (UEFA Men’s Player of the Year Award) နဲ့ ဖီဖာအကောင်းဆုံးဘောလုံးသမားဆု (The Best FIFA Men’s Player) ကို ရရှိထားတဲ့ Luka Modric ကပဲ Ballon d’Or ဆုကို သိမ်းပိုက်သွားမလား ဆိုကြပါသေးတယ်။

ဒါပေမယ့် ဥရောပဘောလုံးဥက္ကဌဟောင်းလည်းဖြစ် Ballon d’Or ဆုကို သုံးကြိမ်ဆက်တိုက်ရဖူးတဲ့ ဂန္ထဝင်ဘောလုံးသမားဟောင်း Platini ဟာ Ronaldo နဲ့ Messi တို့ထက် ပိုထိုက်တန်တဲ့ ဘောလုံးကြယ်ပွင့်ကို ပြောလိုက်ပါတယ်။

“၂ဝ၁၈ခုနှစ်မှာ Ballon d’Or ဆုကို ဘယ်သူရမလဲခန့်မှန်းရတာ အခက်ဆုံးပဲဗျ။ ဒီနှစ်တော့ ပြင်သစ်ဘောလုံးသမားရမယ်ထင်တယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလားကို ရထားတဲ့ Raphael Varane ပဲဗျ။ Ballon d’Or ဆုကို Ronaldo နဲ့ Messi တို့ထက် ပိုရထိုက်တယ်။ Ronaldo ရမလား၊ Messi ရမလား ငြင်းရတာ အမောပဲ။ Griezmann ၊ Mbappe ၊ Giroud ၊ Lloris နဲ့ Modric တို့လည်း ရနိုင်တယ်။ ဒါပေမယ့် ဒီနှစ်တော့ Raphael Varane ပဲ သိမ်းပိုက်သွားမယ်” လို့ Platini က ဆိုသွားပါတယ်။

ပြင်သစ်နိုင်ငံသားဖြစ်တဲ့ Platini ဟာ တစ်နိုင်ငံတည်းသား Raphael Varane ကို ‘ကိုယ့်ငါးချဉ် ကိုယ်ချဉ်’ လုပ်ပြီး Ballon d’Or ဆုနဲ့ ထိုက်တန်တယ်လို့ ပြောခဲ့တာလား၊ တကယ်ရော Raphael Varane ဟာ Ballon d’Or ဆုကို Ronaldo နဲ့ Messi တို့ထက် ပိုထိုက်တန်လား ပြောသွားကြပါဦး။