[Zawgyi]

ဆရာမလြန္းထားထားရဲ႕’ဇနီးေခ်ာမ်ားကြန္ရက္’ ဝတၳဳ ဇာတ္လမ္းတြဲကို ဇြန္လမွာ စတင္ျပသသြားမယ္

စာေရးဆရာမလြန္းထားထား(ေဆးတကၠသိုလ္)ရဲ႕ ‘ဇနီးေခ်ာမ်ားကြန္ရက္’ အမည္ရွိတဲ့ ဝတၻဳကို ဇာတ္ညႊန္းအျဖစ္ အကယ္ဒမီေဇာ္ျမင့္ဦးက ျပန္လည္ေရးသားထားၿပီး ဒါရိုက္တာေအာင္ၾသဘာက Aung Pyi Entertainment နဲ႔လက္တြဲကာ MRTV ႐ုပ္သံလိုင္းအတြက္ ရိုက္ကူးေနကာ ဇြန္လမွာျပသသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီ “ဇနီးေခ်ာမ်ားကြန္ရက္” ဇာတ္လမ္းတြဲမွာ သရုပ္ေဆာင္ေတြအျဖစ္ ေနယံ၊ ဖိုးေသာၾကာ၊ ေဇယ်၊ ေက်ာ္ေက်ာ္၊ စိုးျပည့္သဇင္၊ ျမႏွင္းရည္လြင္၊ ခင္သဇင္၊ ေမဘရဏီေသာ္နဲ႔ တျခားသ႐ုပ္ေဆာင္မ်ားစြာက ပါဝင္ရိုက္ကူးေနတာျဖစ္ပါတယ္။ အဲဒီဇာတ္လမ္းတြဲမွာ ပါဝင္ၾကတဲ့ သရုပ္ေဆာင္ေတြအေနနဲ႔ ကုိယ္သရုပ္ေဆာင္ရမယ့္ဇာတ္ေကာင္ တစ္ခုစီရွိေနၿပီး ဇာတ္ေကာင္စရိုက္ပီျပင္ေစဖို႔ အားလံုးကိုႀကိဳးစားျပင္ဆင္ရိုက္ကူးထားတယ္လုိ႔လည္း သိရပါတယ္။

အဆိုပါဇာတ္လမ္းတြဲမွာ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ စိုးျပည့္သဇင္က ”စိုးျပည့္ရဲ႕ ပထမဆုံးဇာတ္လမ္းတြဲပါ။ ဒီကားထဲမွာ စိုးျပည့္က ဒါ႐ိုက္တာတစ္ေယာက္ရဲ႕ဇနီးေနရာက သ႐ုပ္ေဆာင္ရတာပါ။ ဇာတ္လမ္းေလးကိုႀကိဳက္ပါတယ္။ ၿပီးေတာ့ ဇာတ္လမ္းတြဲအေတြ႕အႀကံဳလည္း လိုခ်င္ပါတယ္။ ျပင္ဆင္မႈအေနနဲ႔က အဝတ္အစားပိုင္းကို ေသခ်ာျပင္ဆင္ခဲ့တယ္။ ဒီဇိုင္နာေမျမတ္ဝါဆိုကပဲ တစ္ကားလံုးစာအတြက္ ျပင္ဆင္ေပးခဲ့ပါတယ္” လို႔ ေျပာပါတယ္။

Soe Pyae Thazin

Soe Pyae Thazin

ဒီဇာတ္လမ္းတြဲမွာ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ စိုးျပည့္သဇင္ကိုေတာ့ ဒါရိုက္တာရဲ႕ဇနီး ထက္ျမက္တဲ့လူငယ္အမ်ိဳးသမီးတစ္ဦးရဲ႕ဇာတ္ေကာင္၊ ျမႏွင္းရည္လြင္ကိုေတာ့ ကေလးတစ္ေယာက္အေမ ဖက္ရွင္က်က် ဒီဇိုင္နာအမ်ိဳးသမီးတစ္ေယာက္ရဲ႕ဇာတ္ေကာင္၊ ေမဘရဏီေသာ္ကိုေတာ့ အိမ္ေထာင္မက်ခင္ကေတာ့ ေမာ္ဒယ္တစ္ဦးအေနနဲ႔ အိမ္ေထာင္က်ၿပီးသြားေတာ့လည္း စမတ္က်က်လွပေနတဲ့ အမ်ိဳးသမီးရဲ႕ဇာတ္ေကာင္နဲ႔အတူ ခင္သဇင္ကေတာ့ ဆရာဝန္တစ္ဦးရဲ႕ဇနီး ေအာင္ျမင္သာယာတဲ့အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားတဲ့ ခပ္လန္းလန္းအိမ္ေထာင္ရွင္အမ်ိဳးသမီးတစ္ဦးရဲ႕ဇာတ္ေကာင္ေနရာကေန ပါဝင္သရုပ္ေဆာင္ေနၾကတာျဖစ္ပါတယ္။

Khin Thazin

Khin Thazin

ဒီဇာတ္လမ္းတြဲမွာ ပါဝင္သရုပ္ေဆာင္ၾကတဲ့ သရုပ္ေဆာင္ေတြရဲ႕မတူညီတဲ့ ဇာတ္ေကာင္ေတြကို ဘယ္လိုပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ သရုပ္ေဆာင္ၿပီး ပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္မလဲဆိုတာကေတာ့ မၾကာခင္ရုပ္သံလိုင္းမွာျပသတဲ့အခါ ျမင္ေတြ႔ရမွာျဖစ္ပါတယ္။

www.akhayar.com

[Unicode]

ဆရာမလွန်းထားထားရဲ့’ဇနီးချောများကွန်ရက်’ ဝတ္ထု ဇာတ်လမ်းတွဲကို ဇွန်လမှာ စတင်ပြသသွားမယ်

စာရေးဆရာမလွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ ‘ဇနီးချောများကွန်ရက်’ အမည်ရှိတဲ့ ဝတ္ဘုကို ဇာတ်ညွှန်းအဖြစ် အကယ်ဒမီဇော်မြင့်ဦးက ပြန်လည်ရေးသားထားပြီး ဒါရိုက်တာအောင်သြဘာက Aung Pyi Entertainment နဲ့လက်တွဲကာ MRTV ရုပ်သံလိုင်းအတွက် ရိုက်ကူးနေကာ ဇွန်လမှာပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ “ဇနီးချောများကွန်ရက်” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအဖြစ် နေယံ၊ ဖိုးသောကြာ၊ ဇေယျ၊ ကျော်ကျော်၊ စိုးပြည့်သဇင်၊ မြနှင်းရည်လွင်၊ ခင်သဇင်၊ မေဘရဏီသော်နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေအနေနဲ့ ကိုယ်သရုပ်ဆောင်ရမယ့်ဇာတ်ကောင် တစ်ခုစီရှိနေပြီး ဇာတ်ကောင်စရိုက်ပီပြင်စေဖို့ အားလုံးကိုကြိုးစားပြင်ဆင်ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။

အဆိုပါဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စိုးပြည့်သဇင်က ”စိုးပြည့်ရဲ့ ပထမဆုံးဇာတ်လမ်းတွဲပါ။ ဒီကားထဲမှာ စိုးပြည့်က ဒါရိုက်တာတစ်ယောက်ရဲ့ဇနီးနေရာက သရုပ်ဆောင်ရတာပါ။ ဇာတ်လမ်းလေးကိုကြိုက်ပါတယ်။ ပြီးတော့ ဇာတ်လမ်းတွဲအတွေ့အကြုံလည်း လိုချင်ပါတယ်။ ပြင်ဆင်မှုအနေနဲ့က အဝတ်အစားပိုင်းကို သေချာပြင်ဆင်ခဲ့တယ်။ ဒီဇိုင်နာမေမြတ်ဝါဆိုကပဲ တစ်ကားလုံးစာအတွက် ပြင်ဆင်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

Soe Pyae Thazin

Soe Pyae Thazin

ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စိုးပြည့်သဇင်ကိုတော့ ဒါရိုက်တာရဲ့ဇနီး ထက်မြက်တဲ့လူငယ်အမျိုးသမီးတစ်ဦးရဲ့ဇာတ်ကောင်၊ မြနှင်းရည်လွင်ကိုတော့ ကလေးတစ်ယောက်အမေ ဖက်ရှင်ကျကျ ဒီဇိုင်နာအမျိုးသမီးတစ်ယောက်ရဲ့ဇာတ်ကောင်၊ မေဘရဏီသော်ကိုတော့ အိမ်ထောင်မကျခင်ကတော့ မော်ဒယ်တစ်ဦးအနေနဲ့ အိမ်ထောင်ကျပြီးသွားတော့လည်း စမတ်ကျကျလှပနေတဲ့ အမျိုးသမီးရဲ့ဇာတ်ကောင်နဲ့အတူ ခင်သဇင်ကတော့ ဆရာဝန်တစ်ဦးရဲ့ဇနီး အောင်မြင်သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ ခပ်လန်းလန်းအိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးရဲ့ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်နေကြတာဖြစ်ပါတယ်။

Khin Thazin

Khin Thazin

ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တွေရဲ့မတူညီတဲ့ ဇာတ်ကောင်တွေကို ဘယ်လိုပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်ပြီး ပရိသတ်တွေကို ဆွဲဆောင်နိုင်မလဲဆိုတာကတော့ မကြာခင်ရုပ်သံလိုင်းမှာပြသတဲ့အခါ မြင်တွေ့ရမှာဖြစ်ပါတယ်။

www.akhayar.com