[Zawgyi]

ခ်စ္သူေကာင္ေလးစိတ္ပ်က္သြားေစႏုိင္လို႔ ဒီစကားေတြ လံုးဝမေျပာမိေစနဲ႔ေနာ္

ကိုယ့္ရဲ႕ခ်စ္သူနဲ႔ စိတ္သေဘာထားခ်င္းမတိုက္ဆိုင္လို႔ စကားအေခ်အတင္မ်ားတဲ့အခါမ်ိဳးမွာ မိန္းကေလးေတြအေနနဲ႔ ေရွာင္ၾကဥ္သင့္တဲ့ စကားလံုးေတြရွိေနပါတယ္။ အႏွစ္ႏွစ္အလလ တည္ေဆာင္ခဲ့တဲ့ Relationship က စကားတစ္ခြန္းတည္းနဲ႔ စကၠန္႔ပိုင္း၊ မိနစ္ပိုင္းအတြင္းကို ပ်က္စီးသြားႏုိင္တာေၾကာင့္ ဘယ္ေလာက္ပဲစိတ္ဆိုး၊ စိတ္ေကာက္ေနပါေစ၊ ကိုယ့္ရဲ႕ခ်စ္သူေကာင္ေလးကို လံုးဝမေျပာသင့္တဲ့စကားေတြပါ။ စိတ္အားငယ္သြားၿပီး သင့္ကိုစိတ္ပ်က္သြားေစႏုိင္တဲ့အတြက္ ဘယ္လိုစကားလံုးေတြကို ေရွာင္ၾကဥ္သင့္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အေၾကာင္းမဲ့သက္သက္ သဝန္တိုေနတယ္

ခ်စ္ၿပီဆုိကတည္းကိုက သဝန္တိုတဲ့စိတ္ကေတာ့ ပါလာတာပါပဲ။ သင့္ကိုအထင္လြဲၿပီး သဝန္တိုတာပဲျဖစ္ျဖစ္၊ ေယာက်္ားေလးသူငယ္ခ်င္းနဲ႔ သဝန္တိုေနတာမိ်ဳးဆိုရင္ သင့္ဘက္က ခပ္ထန္ထန္ မတုန္႔ျပန္သင့္ပါဘူး။ အေၾကာင္းမဲ့သက္သက္ သဝန္တိုေနတာပဲ၊ မယံုဘူးလား စသျဖင့္ Negative ဆန္တဲ့ စကားလံုးေတြက သင့္ရဲ႕ခ်စ္သူကို စိတ္ပ်က္သြားေစႏုိင္ပါတယ္။ ဒါ့ေၾကာင့္ သဝန္တိုတတ္တဲ့ခ်စ္သူကို အက်ိဳးသင့္အေၾကာင္းသင့္ရွင္းျပမယ္၊ ေသခ်ာေခ်ာ့ေျပာမယ္ဆိုရင္ေတာ့ ႏွစ္ဦးႏွစ္ဖက္အခ်စ္ေရး ခိုင္ၿမဲေစမွာပါ။

(၂) ဒါေလးေတာင္ မလုပ္ႏုိင္ဘူးလား

အခက္အခဲေတြ ရင္ဆိုင္ႀကံဳေတြ႔လာရတဲ့အခါမ်ိဳးမွာ ခ်စ္တဲ့သူအနားမွာရွိေနေပးတာက အားပိုရွိေစပါတယ္။ ခ်စ္သူေကာင္ေလး စိတ္ဓာတ္က်ခ်ိန္မွာ သင္က အားေပးစကားဆိုတဲ့အခါမွာ ဒါေလးေတာင္မလုပ္ႏုိင္ဘူးလား၊ ငါမကူညီရင္ မလုပ္တတ္ေတာ့ဘူးလား စသျဖင့္ မေျပာဆုိသင့္ပါဘူး။ သင့္ဆီက ႏွစ္သိမ့္စကားေတာင့္တေနတဲ့အခိ်န္မွာ ဒီလိုသြားေျပာမိရင္ သူ႔အေနနဲ႔ သင့္အေပၚ စိတ္ပ်က္အားငယ္သြားေစႏိုင္တဲ့အတြက္ေၾကာင့္ပါ။

(၃) ေယာက်္ားပီသစမ္းပါ

ေယာက်္ားေလးဆိုေတာ့ အၿမဲတမ္းက်ားက်ားလ်ားလ်ားျဖစ္ေနရၿပီးေတာ့ မငိုရေတာ့ဘူးလား။ သူတို႔မွာလည္း ၾကင္နာတတ္တဲ့ ႏွလံုးသားရွိတဲ့အတြက္ ဝမ္းနည္းခံစားတတ္ပါတယ္။ ငိုေၾကြးတတ္ပါတယ္။ ဒီလို ဝမ္းနည္းမႈေတြ ႀကံဳေတြ႔လာတဲ့အခါမွာ ေယာက်္ားပီသစမ္းပါ၊ ေယာက်္ားမဟုတ္ဘူးလားလို႔ သြားမေျပာသင့္ပါဘူး။

(၄) ေျပာေနတာသေဘာမေပါက္ဘူးလား

ဒါေလးေတာင္ မသိဘူးလား၊ ေျပာျပေနတာ နားမလည္ဘူးလား စတဲ့စကားလံုးေတြကလည္း သူ႔ကို သိိမ္ငယ္သြားေစႏုိင္ပါတယ္။ ေယာက်္ားတစ္ေယာက္ျဖစ္ေနတဲ့အတြက္ သူခ်စ္ရတဲ့ မိန္းကေလးေရွ႕မွာ အေကာင္းဆံုး၊ အေတာ္ဆံုး ေယာက်္ားတစ္ေယာက္ျဖစ္ခ်င္ၾကတာေတြခ်ည္းပါပဲ။ မိန္းကေလးထက္ ပိုေတာ္ခ်င္ၾကတာေတြပါပဲ။ သင့္ထက္ေျခတစ္လွမ္း ေနာက္က်ေနရင္ေတာင္မွ လက္တြဲေခၚယူသင့္တာပါ။

(၅) ငါ့ေယာက်္ားေလးသူငယ္ခ်င္းတစ္ေယာက္ဆိုရင္ အရမ္းေတာ္တယ္

သင့္ခ်စ္သူကို တျခားေကာင္ေလးနဲ႔ ဘယ္ေတာ့မွ ႏႈိင္းယွဥ္ၿပီး မေျပာမိပါေစနဲ႔။ ႏိႈင္းယွဥ္ၿပီးေျပာဆိုတာ၊ ႏွိမ့္ခ်တာေတြက သင့္ခ်စ္သူသိကၡာကိုလည္း ထိခုိက္ေစႏုိင္သလုိ၊ စိတ္ဓာတ္က်သြားေစႏုိင္လို႔ ၾကာလာတဲ့အခါမွာ သင့္ကိုစိတ္ပ်က္သြားႏုိင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ဆီမွာ ဘယ္ေလာက္ပဲေတာ္ေနတတ္ေနတဲ့ ေယာက်ာ္းေလးသူငယ္ခ်င္းေတြ အမ်ာႀကီးရွိေနလည္းပဲ သူတုိ႔အေၾကာင္းကို ႏိႈင္းယွဥ္ၿပီး မေျပာဆိုသင့္ပါဘူး။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ချစ်သူကောင်လေးစိတ်ပျက်သွားစေနိုင်လို့ ဒီစကားတွေ လုံးဝမပြောမိစေနဲ့နော်

ကိုယ့်ရဲ့ချစ်သူနဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ စကားအချေအတင်များတဲ့အခါမျိုးမှာ မိန်းကလေးတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ စကားလုံးတွေရှိနေပါတယ်။ အနှစ်နှစ်အလလ တည်ဆောင်ခဲ့တဲ့ Relationship က စကားတစ်ခွန်းတည်းနဲ့ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်းကို ပျက်စီးသွားနိုင်တာကြောင့် ဘယ်လောက်ပဲစိတ်ဆိုး၊ စိတ်ကောက်နေပါစေ၊ ကိုယ့်ရဲ့ချစ်သူကောင်လေးကို လုံးဝမပြောသင့်တဲ့စကားတွေပါ။ စိတ်အားငယ်သွားပြီး သင့်ကိုစိတ်ပျက်သွားစေနိုင်တဲ့အတွက် ဘယ်လိုစကားလုံးတွေကို ရှောင်ကြဉ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အကြောင်းမဲ့သက်သက် သဝန်တိုနေတယ်

ချစ်ပြီဆိုကတည်းကိုက သဝန်တိုတဲ့စိတ်ကတော့ ပါလာတာပါပဲ။ သင့်ကိုအထင်လွဲပြီး သဝန်တိုတာပဲဖြစ်ဖြစ်၊ ယောကျ်ားလေးသူငယ်ချင်းနဲ့ သဝန်တိုနေတာမျိုးဆိုရင် သင့်ဘက်က ခပ်ထန်ထန် မတုန့်ပြန်သင့်ပါဘူး။ အကြောင်းမဲ့သက်သက် သဝန်တိုနေတာပဲ၊ မယုံဘူးလား စသဖြင့် Negative ဆန်တဲ့ စကားလုံးတွေက သင့်ရဲ့ချစ်သူကို စိတ်ပျက်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် သဝန်တိုတတ်တဲ့ချစ်သူကို အကျိုးသင့်အကြောင်းသင့်ရှင်းပြမယ်၊ သေချာချော့ပြောမယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက်အချစ်ရေး ခိုင်မြဲစေမှာပါ။

(၂) ဒါလေးတောင် မလုပ်နိုင်ဘူးလား

အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါမျိုးမှာ ချစ်တဲ့သူအနားမှာရှိနေပေးတာက အားပိုရှိစေပါတယ်။ ချစ်သူကောင်လေး စိတ်ဓာတ်ကျချိန်မှာ သင်က အားပေးစကားဆိုတဲ့အခါမှာ ဒါလေးတောင်မလုပ်နိုင်ဘူးလား၊ ငါမကူညီရင် မလုပ်တတ်တော့ဘူးလား စသဖြင့် မပြောဆိုသင့်ပါဘူး။ သင့်ဆီက နှစ်သိမ့်စကားတောင့်တနေတဲ့အချိန်မှာ ဒီလိုသွားပြောမိရင် သူ့အနေနဲ့ သင့်အပေါ် စိတ်ပျက်အားငယ်သွားစေနိုင်တဲ့အတွက်ကြောင့်ပါ။

(၃) ယောကျ်ားပီသစမ်းပါ

ယောကျ်ားလေးဆိုတော့ အမြဲတမ်းကျားကျားလျားလျားဖြစ်နေရပြီးတော့ မငိုရတော့ဘူးလား။ သူတို့မှာလည်း ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့အတွက် ဝမ်းနည်းခံစားတတ်ပါတယ်။ ငိုကြွေးတတ်ပါတယ်။ ဒီလို ဝမ်းနည်းမှုတွေ ကြုံတွေ့လာတဲ့အခါမှာ ယောကျ်ားပီသစမ်းပါ၊ ယောကျ်ားမဟုတ်ဘူးလားလို့ သွားမပြောသင့်ပါဘူး။

(၄) ပြောနေတာသဘောမပေါက်ဘူးလား

ဒါလေးတောင် မသိဘူးလား၊ ပြောပြနေတာ နားမလည်ဘူးလား စတဲ့စကားလုံးတွေကလည်း သူ့ကို သိမ်ငယ်သွားစေနိုင်ပါတယ်။ ယောကျ်ားတစ်ယောက်ဖြစ်နေတဲ့အတွက် သူချစ်ရတဲ့ မိန်းကလေးရှေ့မှာ အကောင်းဆုံး၊ အတော်ဆုံး ယောကျ်ားတစ်ယောက်ဖြစ်ချင်ကြတာတွေချည်းပါပဲ။ မိန်းကလေးထက် ပိုတော်ချင်ကြတာတွေပါပဲ။ သင့်ထက်ခြေတစ်လှမ်း နောက်ကျနေရင်တောင်မှ လက်တွဲခေါ်ယူသင့်တာပါ။

(၅) ငါ့ယောကျ်ားလေးသူငယ်ချင်းတစ်ယောက်ဆိုရင် အရမ်းတော်တယ်

သင့်ချစ်သူကို တခြားကောင်လေးနဲ့ ဘယ်တော့မှ နှိုင်းယှဉ်ပြီး မပြောမိပါစေနဲ့။ နှိုင်းယှဉ်ပြီးပြောဆိုတာ၊ နှိမ့်ချတာတွေက သင့်ချစ်သူသိက္ခာကိုလည်း ထိခိုက်စေနိုင်သလို၊ စိတ်ဓာတ်ကျသွားစေနိုင်လို့ ကြာလာတဲ့အခါမှာ သင့်ကိုစိတ်ပျက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီမှာ ဘယ်လောက်ပဲတော်နေတတ်နေတဲ့ ယောကျာ်းလေးသူငယ်ချင်းတွေ အမျာကြီးရှိနေလည်းပဲ သူတို့အကြောင်းကို နှိုင်းယှဉ်ပြီး မပြောဆိုသင့်ပါဘူး။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။