[Zawgyi]

အမျိုးသားတိုင်းမှားလေ့ရှိတဲ့ ဖက်ရှင်စည်းမျဉ်းတစ်ချက်

တောင်းမှာအကွပ်လူမှာအဝတ်ဆိုတဲ့ ဆိုရိုးစကားကို လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်။ ဒီဆိုရိုးစကားအတိုင်း အဝတ်အစားကို သပ်သပ်ရပ်ရပ်နဲ့ သူနေရာနဲ့သူ သင့်တော်အောင်ဝတ်ဆင်တတ်ခြင်းကလည်း ပညာတစ်ရပ်ဖြစ်ပါတယ်။ ဒီလို အဝတ်အစားကို စမတ်ကျကျနဲ့ ဖက်ရှင်စည်းမျဉ်းတွေအတိုင်း ဝတ်ဆင်တတ်ခြင်းကြောင့် တစ်ပါးသူရဲ့ အထင်ကြီးလေးစားမှုတွေ၊ အောင်မြင်မှုတွေရရှိခဲ့တဲ့ သာဓကတွေလည်း များစွာရှိပါတယ်။ ဒီ့အတွက် ဖက်ရှင်စည်းမျဉ်းတွေနဲ့ သတ်မှတ်ချက်တွေကိုလည်း နားလည်တတ်ကျွမ်းထားဖို့ လိုပါတယ်။ ဒါကြောင့်မို့ အမျိုးသားတွေ Suit ဝတ်တဲ့အခါမှာ လိုက်ဖက်တယ်လို့ထင်ပြီး ပြုလုပ်မိလေ့ရှိတဲ့ အမှားကြီးတစ်ခုကို ပြောပြချင်တာပါ။

David Gandy

David Gandy

အဲဒါကတော့ Suit ဝတ်ဆင်တဲ့အခါမှာ ကုတ်အကျီင်္ရဲ့ ရင်ဘတ်နားမှာရှိတဲ့ အိတ်ကပ်ထဲကို အိတ်ဆောင်လက်ကိုင်ပဝါလေးတွေ ထည့်ပြီး ဝတ်ဆင်ကြခြင်းပါ။ အမျိုးသားအများစုက အဲလိုအိတ်ဆောင်လက်ကိုင်ပဝါလေးတွေနဲ့ နက်ခ်တိုင်ကို အတတ်နိုင်ဆုံး တစ်ပုံစံတည်းဆင်တူဖြစ်အောင် တွဲစပ်ကာ ဝတ်စားတတ်ကြပါတယ်။ အဲလိုဝတ်ဆင်မှလည်း လိုက်ဖက်မှုရှိတယ် စမတ်ကျတယ်လို့ အများစုက ထင်မှတ်ကြပါတယ်။အမှန်မှာတော့ ဒီလိုဝတ်စားဆင်ယင်ခြင်းက မှားယွင်းတဲ့ ဝတ်စားဆင်ယင်မှုပုံစံဖြစ်ပါတယ်။

how to wear a pocket square

how to wear a pocket square

အဲလိုမျိုးကွတ်တိကျတဲ့ ဆင်တူပုံစံမျိုး ဝတ်ဆင်တာထက် ကိုယ်ရွေးချယ်လိုက်တဲ့ နက်ခ်တိုင်အရောင် (သို့မဟုတ်) ကုတ်အကျီင်္အရောင်နဲ့ ကာလာတူသလိုရှိတဲ့ အိပ်ဆောင်လက်ကိုင်ပဝါမျိုးကို ရွေးချယ်ရမှာပါ။ ဒီလို အဝတ်အစားအရောင်နဲ့လိုက်ဖက်ညီအောင် ဝတ်ဆင်တာကသာ ကိုယ်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားတွေကို အထောက်အပံဖြစ်စေပြီး ခေတ်မီသူလို့ သတ်မှတ်ခံရမှာပါ။

Jack Stammers(L) and Will Davison (R)

Jack Stammers(L) and Will Davison (R)

London က Suit ချုပ်တဲ့သမ္ဘာရင့် ဝါရင့်ပညာရှင်တစ်ဦးကလည်း ကွက်တိလိုက်ဖက်ညီတဲ့ Accessories တွေဝတ်ဆင်ခြင်းကို ဖက်ရှင်ကျတယ်လို့ မမြင်ပါဘူးလို့ ထုတ်ဖော်ပြောကြားထားတာမျိုးရှိပါတယ်။ အိတ်ဆောင်လက်ကိုင်ပဝါလေးတွေထည့်တဲ့အခါမှာ ကိုယ်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားကို ပိုမိုကြွလာအောင် ဆွဲဆောင်မှုကောင်းတဲ့ အရောင်လေးတွေ ရွေးချယ်တာမျိုး၊ ပုံစံဆန်းဆန်းလေးတွေ ရွေးချယ်တာမျိုး ဥပမာအားဖြင့် နက်တိုင်ခ်က ထောင့်ဖြတ်အစင်းကြားဆိုရင် အိတ်ဆောင်လက်ကိုင်ပဝါကို အစက်အပျောက်ပုံစံလေးတွေ ရွေးချယ်ပြီးထည့်ကာ ဝတ်ဆင်တာမျိုး ပြုလုပ်သင့်ပါတယ်။ ဒါကြောင့် တစ်ခု သတိပြုရမှာကတော့ အိတ်ဆောင်လက်ကိုင်ပဝါလေးတွေ ထည့်သွင်းဝတ်ဆင်ခြင်းက ကိုယ်ဝတ်စားလိုက်တဲ့ အဝတ်အစားတွေကို ပေါ်လွင်ထင်ရှားစေဖို့ အထောက်အပံ့အနေနဲ့သာ ဖြစ်သင့်ပြီး အဖျက်သဘောဆောင်တာမျိုး မဖြစ်စေဖို့ အထူးသတိပြုသင့်ပါတယ်။

H.H(Akhayar)

www.akhayar.com