လာမယ့်လမှာ ဘာစီလိုနာမြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက် (MWC) ပွဲမှာ ထုတ်ဖော်လေ့ရှိတဲ့ Samsung ရဲ့ အဓိက စမတ်ဖုန်းဖြစ်တဲ့ Galaxy S8 ဖုန်းကို ထုတ်ဖော်ဖို့ လွဲချော်ခဲပေမယ့် နောက်ထပ် ကိုရီးယား ကုမ္ပဏီတစ်ခုဖြစ်တဲ့ LG ကတော့ လာမယ့် ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ ထုတ်လုပ်မယ့် အဓိကဖုန်းအမျိုးအစား G6 ရဲ့ တိကျတဲ့ ပုံတစ်ပုံကို ထုတ်ဖော်လိုက်ပါတယ်။

LG ဟာ မျက်နှာပြင်ပိုင်းရဲ့ အပေါ်ပုံတစ်ပုံကို ထုတ်ဖော်ဲ့တာဖြစ်ပြီး ဒီပုံရိပ်အတွက်လည်း သတင်းဌာနတွေကို ကိုယ်တိုင်အတည်ပြုပေးခဲပါတယ်။ G6 မှာ ပါဝင်မယ့် Feature တွေကတော့ ကြီးမားတဲ့ ၅.၇လက်မအရွယ် မျက်နှာပြင်၊ ပါရှိမှာဖြစ်ပြီး Xiaomi ရဲ့ Mi Mix လိုမျိုး မျက်နှာပြင်ပြည့်မဟုတ်ပေမယ့် ဘေးအနားတွေသေးငယ်တဲ့အပြင် အနားသပ်တွေကိုလည်း ဝိုင်းထားတဲ့ ပုံစံတစ်မျိုးကို ပြုလုပ်ထားတာပါ။

G5 ဖုန်းတုန်ုးကထက် ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းတစ်မျိုးကို ယူဆောင်လာဖွယ်ရှိပြီး ကိုယ်ထည်တစ်ခုလုံးကို Glass နဲ့ Metal နှစ်မျိုးစပ်ပုံစံ ပြုလုပ်ထားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် ယခင်နှစ်တုန်းက ထုတ်လုပ်ခဲ့တဲ့ LG G5 လိုမျိုး Modular ဖုန်းအနေနဲ့ ထွက်လာမလားဆိုတာတော့ သေချာ သိရှိရခြင်းမရှိသေးပါဘူး။ ဒီနှစ်ရဲ့ MWC ပွဲဟာ Samsung မပါဝင်နိုင်တော့ပေမယ့် တခြားဖုန်း Brand တွေရဲ့ နည်းပညာဆိုင်ရာ အားပြိုင်မှုတွေကိုတော့ တွေ့မြင်ကြရဦးမှာပါ။

 

Ref: The Verge