Lenovo ဟာ Microsoft ရဲ့ Windows စနစ်သုံး VR Headset တစ်မျိုးရဲ့ အကြိုပုံစံတစ်မျိုးကို ပြသပြီူး သူတို့ရဲ့ ပထမဆုံး Holographic Platform ပေါ်ကို စတင်လျှောက်လှမ်းလိုက်ပါတယ်။ ဒါဟာဆိုရင် HTC Vive ရဲ့ပထမဆုံး PC Headset ပြီး နောက်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဝိတ်အနေနဲ့ HTC ရဲ့ ၅၅၅ဂရမ်ထက် လျော့နည်းတဲ့ ၃၅၀ဂရမ်သာ ရှိတာကြောင့် ပိုမိုသေးငယ် ပေါ့ပါးသွားတာကို ထင်ထင်ရှားရှား တွေ့မြင်ရမှာပါ။

ဒီဇိုင်းဟာလည်း လူကြိုက်များတဲ့ ပုံစံသစ်တစ်မျိုးဖြစ်ပြီး PlayStation VR နဲ့တောင် ပုံစံဆင်တူတာကို တွေ့ရပါတယ်။ Headset မှာ 1440 x 1440 panels နှစ်ခုကို Display အနေနဲ့ ထည့်သွင်းထားတာကိုတွေ့ရမှာ ဖြစ်ပြီး Oculus Rift နဲ့ Vive တို့ထက် Resolution ပိုင်းပိုမို မြင့်မားတာကို တွေ့ရမှာပါ။

အတွင်းမှာ ခြောက်ဒီဂရီ အတွင်းပိုင်း ဆင်ဆာတစ်ခုပါဝင်တာကြောင့် ပတ်ဝန်းကျင် အနေအထားကို ခြေရာခံဖို့အတွက် ကင်မရာအပိုတွေမလိုတော့ပါဘူး။ Lenovo အနေနဲ့ VR Headset နဲ့ တွဲဖက်ဖို့ Control တွေကိလည်း ထုတ်လုပ်ခဲ့ခြင်းမရှိပဲ  ထိန်းချုပ်ဖို့အတွက်ကတော့ Windows Holographic Specification နဲ့အတူ Third Party Option တစ်ခုနဲ့ တွဲဖက်သုံးစွဲရဖွယ်ရှိနေပါတယ်။

Lenovo ရဲ့ ပြောကြားချက်အရ Headset ဟာ Windows Store က App တွေနဲ့အတူ Theater ပုံစံ Floating Viewer ပုံစံကို ပြောင်းလဲရရှိနိုင်မှာ ဖြစ်ပြီး ဒီပုံစံဟာ HoloLens မှာပါဝင်တဲ့ ဆော့ဖ်ဝဲတွေရဲ့ Platform ကို ပြောင်းလဲပေးတဲ့ ပုံစံနဲ့ ဆင်တူပါတယ်။

Headset ကို နာမည်မပေးရသေးပဲ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ နဲ့ ၄၀၀ ကြားရှိနိုင်ကာ Lenovo ရဲ့ ပြောကြားချက်အရတော့ ဒေါ်လာ ၃၀၀နဲ့ နီးစပ်နိုင်တယ်လို့ သိရပါတယ်။

Ref: The Verge