[Zawgyi]

တုပ္ေကြးရာသီမွာ အားထားရမယ့္ ဝီစကီနဲ႔ ေဖာ္စပ္တဲ့ ေခ်ာင္းဆိုးေပ်ာက္ေဆးတစ္ခြက္

အခုလို ေဆာင္းဦးဝင္စ အေအးမိၾကတဲ့ ရာသီမွာ ခဏခဏ ႏွာေစးေခ်ာင္းဆိုးျဖစ္ေနတယ္ဆိုရင္ ေဆးေကာင္းတစ္ခြက္ရွိေနပါတယ္။ တခ်ိဳ႕လူေတြက်ေတာ့ ေဆးေသာက္ရတာ အဆင္ေျပေပမယ့္ တခ်ိဳ႕လူေတြက်ေတာ့လည္း ေဆးေသာက္ရမွာ ေၾကာက္ၾကပါတယ္။ အခုေျပာမယ့္ ေဆးကေတာ့ အသက္ ၁၈ႏွစ္အထက္ အရြယ္ေရာက္ျပီးသား လူေတြအတြက္ ပိုသင့္ေတာ္ျပီး တျခားေခ်ာင္းဆိုးေပ်ာက္ေဆးေတြနဲ႔ မတူတာကေတာ့ ဝီစကီနဲ႔ အတူ ရုိးရွင္းတဲ့ ပါဝင္ပစၥည္းေလးေတြနဲ႔ ဖြဲ႔စည္းထားတာပဲ ျဖစ္ပါတယ္။။

ေခ်ာင္းဆိုးတဲ့အခါ အေမရိကန္ဝီစကီအမ်ိဳးအစားတစ္ခုျဖစ္တဲ့ Bourbon ဝီစကီ ႏွစ္ေအာင္စ၊ သံပုရာသီးတစ္ျခမ္း၊ ေရေလးေအာင္စနဲ႔ ပ်ားရည္ စားပြဲတင္ဇြန္း ေရာစပ္ေသာက္သံုးရံုပါပဲ။

ဝီစကီဟာ ဒီလို ေခ်ာင္းဆိုးေပ်ာက္ေဆးအတြက္ သံုးလို႔ ရရုံတင္မဟုတ္ဘဲ ၁၉၄၁ ခုႏွစ္က ထုတ္တဲ့ TIME Magazine မွာပါတဲ့ ေဆာင္းပါးမွာဆုိရင္ ဝီစကီကို ” အမ်ိဳးသားထုအတြက္ ေစ်းအေပါဆံုးနဲ႔ အေကာငး္ဆံုးအနာေပ်ာက္ေဆး”လို႔ေတာင္ ညႊန္းခဲ့ပါတယ္။

အေပၚမွာ ေျပာျပထားတဲ့ နညး္မွာ ပ်ားရည္ဟာ သဘာဝရင္က်ပ္ေပာ်က္ေဆးသေဘာမ်ိဳးျဖစ္ျပီး အေသာက္ဘက္ပိုလို႔ ဝီစကီမ်ားသြားမယ္ဆုိရင္ေတာ့ ေကာငး္က်ိဳးထက္၊ ေရဓာတ္ခန္းေျခာက္တာလို ဆုိးက်ိဳး ျဖစ္ဖို႔ မ်ားပါတယ္။ ဒါေၾကာင့္ က်န္းမာေရးအတြက္ ဝီစကီေဆးတစ္ခြက္ကို သင့္ေတာ္သလို ခ်ိန္ညွိသံုးေဆာင္ႏုိင္ၾကပါေစ။

www.akhayar.com

Source : https://www.thrillist.com
[Unicode]

တုပ်ကွေးရာသီမှာ အားထားရမယ့် ဝီစကီနဲ့ ဖော်စပ်တဲ့ ချောင်းဆိုးပျောက်ဆေးတစ်ခွက်

အခုလို ဆောင်းဦးဝင်စ အအေးမိကြတဲ့ ရာသီမှာ ခဏခဏ နှာစေးချောင်းဆိုးဖြစ်နေတယ်ဆိုရင် ဆေးကောင်းတစ်ခွက်ရှိနေပါတယ်။ တချို့လူတွေကျတော့ ဆေးသောက်ရတာ အဆင်ပြေပေမယ့် တချို့လူတွေကျတော့လည်း ဆေးသောက်ရမှာ ကြောက်ကြပါတယ်။ အခုပြောမယ့် ဆေးကတော့ အသက် ၁၈နှစ်အထက် အရွယ်ရောက်ပြီးသား လူတွေအတွက် ပိုသင့်တော်ပြီး တခြားချောင်းဆိုးပျောက်ဆေးတွေနဲ့ မတူတာကတော့ ဝီစကီနဲ့ အတူ ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းလေးတွေနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။။

ချောင်းဆိုးတဲ့အခါ အမေရိကန်ဝီစကီအမျိုးအစားတစ်ခုဖြစ်တဲ့ Bourbon ဝီစကီ နှစ်အောင်စ၊ သံပုရာသီးတစ်ခြမ်း၊ ရေလေးအောင်စနဲ့ ပျားရည် စားပွဲတင်ဇွန်း ရောစပ်သောက်သုံးရုံပါပဲ။

ဝီစကီဟာ ဒီလို ချောင်းဆိုးပျောက်ဆေးအတွက် သုံးလို့ ရရုံတင်မဟုတ်ဘဲ ၁၉၄၁ ခုနှစ်က ထုတ်တဲ့ TIME Magazine မှာပါတဲ့ ဆောင်းပါးမှာဆိုရင် ဝီစကီကို ” အမျိုးသားထုအတွက် ဈေးအပေါဆုံးနဲ့ အကောင်းဆုံးအနာပျောက်ဆေး”လို့တောင် ညွှန်းခဲ့ပါတယ်။

အပေါ်မှာ ပြောပြထားတဲ့ နည်းမှာ ပျားရည်ဟာ သဘာဝရင်ကျပ်ပောျက်ဆေးသဘောမျိုးဖြစ်ပြီး အသောက်ဘက်ပိုလို့ ဝီစကီများသွားမယ်ဆိုရင်တော့ ကောင်းကျိုးထက်၊ ရေဓာတ်ခန်းခြောက်တာလို ဆိုးကျိုး ဖြစ်ဖို့ များပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် ဝီစကီဆေးတစ်ခွက်ကို သင့်တော်သလို ချိန်ညှိသုံးဆောင်နိုင်ကြပါစေ။

www.akhayar.com

Source : https://www.thrillist.com