[Zawgyi]

အိမ္သာထက္ေတာင္ ဗိုင္းရပ္ပိုးေပါက္ဖြားမႈ မ်ားစြာေတြ႔ရတဲ႔ ေလယာဥ္ကြင္း

ခရီးအျမဲသြားရတဲ႔သူေတြအေနနဲ႔ ေလယာဥ္ကြင္းကို မျဖစ္မေနသြားရသလို ေလယာဥ္ကိုလည္း မျဖစ္မေနစီးရတဲ႔ အခ်ိန္မ်ဳိးေတြ ရွိပါတယ္။ အဲဒီလုိ ေလယာဥ္ကြင္းကုိ ျဖတ္ၿပီး ေလယာဥ္စီးတဲ႔အခါမွာ လူေတြ သတိမျပဳမိတာ တစ္ခုကေတာ့ က်န္းမာေရးကို ထိခိုက္မႈေတြ ျဖစ္ပြားသြားတယ္ဆိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားအေနနဲ႔ ေလယာဥ္ကြင္းဟာ ကမာၻ႕ေပၚမွာ က်န္းမာေရးနဲ႔ မညီညႊတ္ဆံုးေနရာျဖစ္တယ္ဆိုတာကို သိၾကေသာ္လည္း ေလဆိပ္ဆင္းတဲ႔အခါ ထိုအခ်က္ကို ေမ့ေလ်ာသြားတတ္ၾကပါတယ္။ အထူးသျဖင့္ ေလဆိပ္ရဲ႕ စစ္ေဆးေရးဂိတ္ေတြဟာ ေရာဂါပိုးမြား အမ်ားဆံုးရွိတဲ့ ေနရာေတြပဲ ျဖစ္ပါတယ္။

ေလယာဥ္ကြင္းရဲ႕ အညစ္အပတ္ဆံုးေနရာက ေလ့လာေတြ႔ရွိမႈအသစ္ေတြအရ စစ္ေဆးေရးဂိတ္နားက အမႈိက္ပံုးေတြျဖစ္ၿပီး အဆိုပါအမႈိက္ပံုးဟာ ပိုးမႊားေတြ အေျမာက္အျမား ေပါက္ဖြားရွင္သန္ရာ ေနရာျဖစ္ၿပီး အိပ္သာထက္ေတာင္ ပိုၿပီး ညစ္ပတ္တဲ့ ေနရာျဖစ္တယ္လို႔ ေဖာ္ျပထားတာေတြ႔ရပါတယ္။

Nottingham တကၠသိုလ္နဲ႔ ဖင္လန္ႏိုင္ငံရွိ က်န္းမာေရးနဲ႔ လူမႈဖူလံုေရး အမ်ဳိးသားအဖဲြ႔အစည္းမွ တုပ္ေကြးေရာဂါကၽြမ္းက်င္သူအုပ္စုတစ္စုက Helsinki-Vantaa ရွိ ေလယာဥ္ကြင္းရဲဲ႕ အမ်ဳိးမ်ဳိးေသာ လူေတြရဲ႕ အထိအမ်ားဆံုးေနရာေတြကို နမူနာယူၿပီး စစ္ေဆးၾကည့္တဲ႔အခါ က်န္းမာေရးကို ထိခိုက္ေစႏုိင္တဲ႔ ျပင္းအားျမင့္ ဗိုင္းရပ္ပိုးေတြ အေျမာက္အျမား ေတြ႔ရွိရပါတယ္။ သူတို႔ရွာေဖြေတြ႔ရွိခဲ့တဲ႔ ရွာေဖြေတြ႔ရွိမႈကို BMC Infectious Disease Journal မွာ ေရးသားေဖာ္ျပထားတဲ႔ က်န္းမာေရးသတိေပးခ်က္တစ္ခုအရ Hand Sanitizer ၊ ပိုးသတ္ထားတဲ႔အရာေတြနဲ႔ သုတ္ၿပီး က်န္းမာေရးကို ဂရုျပဳဖို႔ သတိေပးထားတာကုိလည္း ေတြ႔ရပါတယ္။

ဗိုင္းရပ္ပိုးေတြကို သုေတသီေတြက အမႈိက္ပံုးေတြမွာသာ ရွာေဖြေတြ႔ရွိခဲ႔တာ မဟုတ္ဘဲ သူတို႔စစ္ေဆးမႈျပဳလုပ္တဲ႔ မ်က္ႏွာျပင္တိုင္းလိုလိုမွာ ဗိုင္းရပ္ပိုး ဆယ္ရာခိုင္ႏႈန္း ရွိေနတာကို ရွာေဖြေတြ႔ရွိခဲ့ပါတယ္။ ဗိုင္းရပ္ပိုးေတြ ရွာေဖြေတြ႔ရွိတဲ႔ ေနရာေတြကေတာ့ ေစ်းဆိုင္ေတြရွိ ေငြေပးေခ်တဲ႔ေနရာေတြ၊ ေလွကားရွိ လက္ရန္းေတြ၊ Passport စစ္ေဆးတဲ႔ ေကာင္တာေတြ၊ ကေလးေတြကစားတဲ႔ ေနရာေတြနဲ႔ ေလထုေတြပဲ ျဖစ္ပါတယ္။

Airport

Airport

ရွာေဖြေတြ႔ရွိမႈ အသစ္ေတြအရ ေလယာဥ္ကြင္းရွိ ဗိုင္းရပ္ေတြ ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ရန္အတြက္ ႀကိဳတင္ျပင္ဆင္မႈ အစီအစဥ္ေရးဆဲြျခင္းေတြ ျပဳလုပ္ေနၾကပါတယ္။ ရလဒ္အေနနဲ႔ တိုးတက္ေခတ္မီတဲ႔ နည္းပညာပိုင္းဆိုင္ရာ အေထာက္အပံ့ကိုယူၿပီး ေလဆိပ္ဒီဇ္ိုင္းေတြကို အနည္းငယ္ျပဳျပင္ေျပာင္းလဲျခင္းေတြ ျပဳလုပ္ကာ ေရာဂါပိုးျပန္ႏွံျခင္းမရွိေအာင္ အတတ္ႏိုင္ဆံုး ထိန္းခ်ဳပ္ကာကြယ္မႈေတြ ျပဳလုပ္ေနပါတယ္လို႔ က်န္းမာေရးနဲ႔ လူမႈဖူလံုေရး ဖင္လန္ႏိုင္ငံ အမ်ဳိးသားအဖဲြ႔အစည္း ေရာဂါပိုးမႊားေဗဒကၽြမ္းက်င္သူ Niina Ikonen က ေၾကညာခ်က္ေတြ ထုတ္ျပန္ၿပီး ေျပာၾကားတာကို ေတြ႔ရပါတယ္။

Rhinovirus လို႔ေခၚတဲ႔ သာမန္ဖ်ားနာျခင္းနဲ႔ အေအးမိျခင္းကို ျဖစ္ေစႏိုင္တဲ႔ ဗိုင္းရပ္ကို အမ်ားဆံုး ေလယာဥ္ကြင္းမွာ ေတြ႕ရွိခဲ႔တာ ျဖစ္ပါတယ္။ ဒီ Rhinovirus လို႔ေခၚတဲ႔ ဗိုင္းရပ္ကို ေျခရာေကာက္မိတဲ႔သူေတြက သုေတသီေတြျဖစ္ၿပီး အိမ္သာမ်က္ႏွာျပင္လို ညစ္ပတ္တဲ႔ေနရာမ်ုဳိးမွာေတာင္ အဆိုပါ ဗိုင္းရပ္ရွိတယ္လို႔ ရွာေဖြေတြ႔ရွိခဲ႔ျခင္း မရွိပါဘူး။

ေလယာဥ္ကြင္းဆင္းရတဲ႔သူေတြအေနနဲ႔ ေရာဂါကူးစက္ျခင္း မျဖစ္ေစဖို႔အတြက္ လက္ကိုတစ္ခုခုနဲ႕ ထိေတြ႔ကိုင္တြယ္ၿပီးတဲ႔အခါတိုင္း လက္ေဆးဆပ္ျပာနဲ႔ ေဆးျခင္း၊ ေခ်ာင္းဆုိးတဲ႔အခါမ်ဳိးမွာလည္း သူတစ္ပါးကို ထိခိုက္မႈမရွိေစဖို႔အတြက္ လက္ကိုင္ပဝါ (သို႔) တစ္ရႈးနဲ႔ အုပ္ၿပီး ဆိုးျခင္း ျပဳလုပ္ကာ က်န္းမာေရးကို ဂရုစိုက္ဖို႔ ေဆးပညာတကၠသိုလ္ေက်ာင္းမွ က်န္းမာေရးကာကြယ္ေစာင့္ေရွာက္ေရး ပါေမာကၡတစ္ဦးျဖစ္သူ Jonathan Van Tam က သတိေပးေျပာၾကားထားတာလည္း ရွိပါတယ္။ ဒီလိုရုိးရွင္းတဲ႔ ႀကိဳတင္ကာကြယ္မႈေတြ ျပဳလုပ္ျခင္းဟာ မိမိကိုယ့္ကိုယ္ကိုယ္နဲ႔ ကမာၻ႔ေပၚရွိ ခရီးသြားဧည့္သည္ေတြအားလံုးရဲ႕ က်န္းမာေရးကို ထိန္းသိမ္းဂရုစိုက္ရာ ေရာက္ပါတယ္။ ေန႔ျမင္ညေပ်ာက္ျဖစ္ေနတဲ႔ ေခတ္ႀကီးထဲမွာ အသက္ရွည္က်န္းမာဖို႔အတြက္ က်န္းမာေရးကို ဂရုတစိုက္ ထိန္းသိမ္းေစာင့္ေရွာက္မႈေတြ မျဖစ္မေန ျပဳလုပ္သင့္ေနပါၿပီ။ ေရာဂါဘယကင္းေဝးၿပီး သက္ရွည္က်န္းမာေပ်ာ္ရႊင္တဲ႔ လူသားေတြအျဖစ္ ရွင္သန္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလုိက္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

အိမ်သာထက်တောင် ဗိုင်းရပ်ပိုးပေါက်ဖွားမှု များစွာတွေ့ရတဲ့ လေယာဉ်ကွင်း

ခရီးအမြဲသွားရတဲ့သူတွေအနေနဲ့ လေယာဉ်ကွင်းကို မဖြစ်မနေသွားရသလို လေယာဉ်ကိုလည်း မဖြစ်မနေစီးရတဲ့ အချိန်မျိုးတွေ ရှိပါတယ်။ အဲဒီလို လေယာဉ်ကွင်းကို ဖြတ်ပြီး လေယာဉ်စီးတဲ့အခါမှာ လူတွေ သတိမပြုမိတာ တစ်ခုကတော့ ကျန်းမာရေးကို ထိခိုက်မှုတွေ ဖြစ်ပွားသွားတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လူတော်တော်များများအနေနဲ့ လေယာဉ်ကွင်းဟာ ကမ္ဘာ့ပေါ်မှာ ကျန်းမာရေးနဲ့ မညီညွှတ်ဆုံးနေရာဖြစ်တယ်ဆိုတာကို သိကြသော်လည်း လေဆိပ်ဆင်းတဲ့အခါ ထိုအချက်ကို မေ့လျောသွားတတ်ကြပါတယ်။ အထူးသဖြင့် လေဆိပ်ရဲ့ စစ်ဆေးရေးဂိတ်တွေဟာ ရောဂါပိုးမွား အများဆုံးရှိတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

လေယာဉ်ကွင်းရဲ့ အညစ်အပတ်ဆုံးနေရာက လေ့လာတွေ့ရှိမှုအသစ်တွေအရ စစ်ဆေးရေးဂိတ်နားက အမှိုက်ပုံးတွေဖြစ်ပြီး အဆိုပါအမှိုက်ပုံးဟာ ပိုးမွှားတွေ အမြောက်အမြား ပေါက်ဖွားရှင်သန်ရာ နေရာဖြစ်ပြီး အိပ်သာထက်တောင် ပိုပြီး ညစ်ပတ်တဲ့ နေရာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

Nottingham တက္ကသိုလ်နဲ့ ဖင်လန်နိုင်ငံရှိ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး အမျိုးသားအဖွဲ့အစည်းမှ တုပ်ကွေးရောဂါကျွမ်းကျင်သူအုပ်စုတစ်စုက Helsinki-Vantaa ရှိ လေယာဉ်ကွင်းရဲ့ အမျိုးမျိုးသော လူတွေရဲ့ အထိအများဆုံးနေရာတွေကို နမူနာယူပြီး စစ်ဆေးကြည့်တဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပြင်းအားမြင့် ဗိုင်းရပ်ပိုးတွေ အမြောက်အမြား တွေ့ရှိရပါတယ်။ သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့ ရှာဖွေတွေ့ရှိမှုကို BMC Infectious Disease Journal မှာ ရေးသားဖော်ပြထားတဲ့ ကျန်းမာရေးသတိပေးချက်တစ်ခုအရ Hand Sanitizer ၊ ပိုးသတ်ထားတဲ့အရာတွေနဲ့ သုတ်ပြီး ကျန်းမာရေးကို ဂရုပြုဖို့ သတိပေးထားတာကိုလည်း တွေ့ရပါတယ်။

ဗိုင်းရပ်ပိုးတွေကို သုတေသီတွေက အမှိုက်ပုံးတွေမှာသာ ရှာဖွေတွေ့ရှိခဲ့တာ မဟုတ်ဘဲ သူတို့စစ်ဆေးမှုပြုလုပ်တဲ့ မျက်နှာပြင်တိုင်းလိုလိုမှာ ဗိုင်းရပ်ပိုး ဆယ်ရာခိုင်နှုန်း ရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဗိုင်းရပ်ပိုးတွေ ရှာဖွေတွေ့ရှိတဲ့ နေရာတွေကတော့ ဈေးဆိုင်တွေရှိ ငွေပေးချေတဲ့နေရာတွေ၊ လှေကားရှိ လက်ရန်းတွေ၊ Passport စစ်ဆေးတဲ့ ကောင်တာတွေ၊ ကလေးတွေကစားတဲ့ နေရာတွေနဲ့ လေထုတွေပဲ ဖြစ်ပါတယ်။

Airport

Airport

ရှာဖွေတွေ့ရှိမှု အသစ်တွေအရ လေယာဉ်ကွင်းရှိ ဗိုင်းရပ်တွေ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ရန်အတွက် ကြိုတင်ပြင်ဆင်မှု အစီအစဉ်ရေးဆွဲခြင်းတွေ ပြုလုပ်နေကြပါတယ်။ ရလဒ်အနေနဲ့ တိုးတက်ခေတ်မီတဲ့ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ကိုယူပြီး လေဆိပ်ဒီဇိုင်းတွေကို အနည်းငယ်ပြုပြင်ပြောင်းလဲခြင်းတွေ ပြုလုပ်ကာ ရောဂါပိုးပြန်နှံခြင်းမရှိအောင် အတတ်နိုင်ဆုံး ထိန်းချုပ်ကာကွယ်မှုတွေ ပြုလုပ်နေပါတယ်လို့ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဖင်လန်နိုင်ငံ အမျိုးသားအဖွဲ့အစည်း ရောဂါပိုးမွှားဗေဒကျွမ်းကျင်သူ Niina Ikonen က ကြေညာချက်တွေ ထုတ်ပြန်ပြီး ပြောကြားတာကို တွေ့ရပါတယ်။

Rhinovirus လို့ခေါ်တဲ့ သာမန်ဖျားနာခြင်းနဲ့ အအေးမိခြင်းကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်ကို အများဆုံး လေယာဉ်ကွင်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ Rhinovirus လို့ခေါ်တဲ့ ဗိုင်းရပ်ကို ခြေရာကောက်မိတဲ့သူတွေက သုတေသီတွေဖြစ်ပြီး အိမ်သာမျက်နှာပြင်လို ညစ်ပတ်တဲ့နေရာမျိုုးမှာတောင် အဆိုပါ ဗိုင်းရပ်ရှိတယ်လို့ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါဘူး။

လေယာဉ်ကွင်းဆင်းရတဲ့သူတွေအနေနဲ့ ရောဂါကူးစက်ခြင်း မဖြစ်စေဖို့အတွက် လက်ကိုတစ်ခုခုနဲ့ ထိတွေ့ကိုင်တွယ်ပြီးတဲ့အခါတိုင်း လက်ဆေးဆပ်ပြာနဲ့ ဆေးခြင်း၊ ချောင်းဆိုးတဲ့အခါမျိုးမှာလည်း သူတစ်ပါးကို ထိခိုက်မှုမရှိစေဖို့အတွက် လက်ကိုင်ပဝါ (သို့) တစ်ရှုးနဲ့ အုပ်ပြီး ဆိုးခြင်း ပြုလုပ်ကာ ကျန်းမာရေးကို ဂရုစိုက်ဖို့ ဆေးပညာတက္ကသိုလ်ကျောင်းမှ ကျန်းမာရေးကာကွယ်စောင့်ရှောက်ရေး ပါမောက္ခတစ်ဦးဖြစ်သူ Jonathan Van Tam က သတိပေးပြောကြားထားတာလည်း ရှိပါတယ်။ ဒီလိုရိုးရှင်းတဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခြင်းဟာ မိမိကိုယ့်ကိုယ်ကိုယ်နဲ့ ကမ္ဘာ့ပေါ်ရှိ ခရီးသွားဧည့်သည်တွေအားလုံးရဲ့ ကျန်းမာရေးကို ထိန်းသိမ်းဂရုစိုက်ရာ ရောက်ပါတယ်။ နေ့မြင်ညပျောက်ဖြစ်နေတဲ့ ခေတ်ကြီးထဲမှာ အသက်ရှည်ကျန်းမာဖို့အတွက် ကျန်းမာရေးကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်မှုတွေ မဖြစ်မနေ ပြုလုပ်သင့်နေပါပြီ။ ရောဂါဘယကင်းဝေးပြီး သက်ရှည်ကျန်းမာပျော်ရွှင်တဲ့ လူသားတွေအဖြစ် ရှင်သန်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

www.akhayar.com