
Chinese-Viral-College



 

Chinese-Viral-College


Chinese-Viral-College



Ref# www.koreaboo.com

ဂျူဂျူး(အခရာ)

www.akhayar.com

HGID_KV_Ads_Square

Unicode

လူမှုကွန်ရက်ကနေတဆင့်ပိုက်ဆံရှာလို့ရနေတဲ့အချိန် Social Influencer တွေဝင်ငွေကောင်းနေချိန်မှာ Social မှာပေါ်ပြူလာဖြစ်သူအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ်ရပ်တည်နိုင်အောင် သင်ကြားပေးနေတဲ့တက္ကသိုလ်ရှိနေပါပြီ။ ဒီကျောင်းမက လူမှုကွန်ရက်မှာ Impression ကောင်းကောင်းရဖို့ Modelling & Etiquette ဘာသာရပ်အောက်မှာသိသင့်သိအပ်တာတွေကို သင်ကြားပေးတာပါ။

ဒီကောလိပ်မှာ Social Media Celebrities ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို အဓိကသင်ကြားပေးပါတယ်။ ကျောင်းနာမည်က Yiwu Industrical & Commercial College ဖြစ်ပြီး တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမှာ တည်ရှိပါတယ်။

ကျောင်းသူကျောင်းသားတွေဟာ Personality ပိုင်းနဲ့ပတ်သက်ပြီး တိုးတက်ကောင်းမွန်အောင်အဓိကသင်ကြားခဲ့ပြီး Social Influencer တစ်ယောက်ဖြစ်လာစေမယ့် နည်းတွေကိုပါ စာတွေ့လက်တွေ့ သင်ကြားကြရတာဖြစ်ပါတယ်။ အက ၊ မိတ်ကပ်ပြင်ဆင်နည်းနဲ့ Catwalk ပိုင်းအပြင် Live Streaming ဘယ်လိုလုပ်မလဲ ၊ Selfie ဘယ်လိုရိုက်မလဲ ၊ နာမည်ကြီး Fashion Brand တွေအကြောင်းကိုလည်းသင်ကြားပေးပါတယ်။

တရုတ်နိုင်ငံမှာ Social Influencer ဈေးကွက်ဟာ တစ်နေ့တစ်ခြားကြီးထွားလာပြီး အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံခန့် လည်ပတ်နေပြီဖြစ်ပါတယ်။ ၂၀၁၈ မှာ ဒီဈေးကွက်ဟာနှစ်ဆဖြစ်လာမယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း ကောလိပ်တက်နေတဲ့ ကောင်လေးတွေ ကောင်မလေးတွေ တော်တော်များများက ဒီဘာသာရပ်ကို အထူးတလည် သင်ယူချင်ကြတာမမှားပါဘူး။

ကဲ…အခရာပရိသတ်ကြီးလည်း Social Influencer တစ်ယောက်အဖြစ်ရပ်တည်ချင်တယ်ဆိုရင် ရှန်ဟိုင်းမှာ သွားတက်နိုင်ပြီနော်။ ဆယ်လ်ဖီရိုက်တဲ့နေရာမှာတော့ တို့တွေကဂုဏ်ထူးထွက်မှာ သေချာတယ် ဟီး:P

Ref# www.koreaboo.com

ဂျူဂျူး(အခရာ)

www.akhayar.com

HGID_KV_Ads_Square