လူေတြဟာ ေလာကမွာ ရွင္သန္ေနထိုင္ဖို႔အတြက္ အေျခခံအခ်က္ေတြျဖစ္တဲ့ စားဝတ္ေနေရးကို ေျဖရွင္းၾကရပါတယ္။ အေျခခံစားဝတ္ေနေရးေျပလည္ျပီဆိုရင္ေတာ့ လူေတြရဲ့ အျခားေသာ စိတ္လိုအင္ဆႏၵေတြဟာ ေပါက္ဖြားလာပါေတာ့တယ္။ ရုပ္ခႏၶာအတြက္ အာဟာရေတြ ျဖည့္တင္းရသလိုပဲ စိတ္အတြက္လည္း စိတ္အာဟာရျဖစ္ေစမယ့္ ေသာတအာရုံ၊ စကၡဳအာရုံေတြကို ျဖည့္ဆည္းေပးဖို႔ လိုပါတယ္။

စကၡဳအာရုံအတြက္ဆိုရင္ ဟိုး Television ေခတ္ဦးက စလို႔ အခု Online Streaming Media ေခတ္ထိ လူေတြဟာ ရုပ္ရွင္ကို မက္မက္ေမာေမာၾကည့္ရႈလာခဲ့ၾကတာပါ။ အရင္ကေတာ့ အခ်ိန္ေပးႏုိင္လို႔ ဇာတ္လမ္းရွည္ေတြ၊ Series ေတြကို ၾကည့္ရႈႏုိင္ေပမယ့္ အခုေတာ့ ေျပာင္းလဲလာတဲ့ လူေနမႈစနစ္အရ အခ်ိန္သိပ္မေပးရတဲ့ Micro Film ၊ Short Film ေတြကို ကားေပၚမွာ၊ ရထားေပၚမွာ၊ လူမႈကြန္ယက္ေပၚမွာ၊ ရုံးတက္ရုံးဆင္းမွာ ၾကည့္ရင္း စိတ္အာဟာရျဖည့္ေနၾကတာပါ။

Micro Film ဆုိတာ ကၽြန္ေတာ္တုိ႔အတြက္ ေဝါဟာရ စိမ္းေကာင္းစိမ္းႏုိင္ေပမယ့္ Online မွာ ထုတ္လႊင့္ထားျပီး အခ်ိန္တခဏေလးေပးရုံနဲ႔ အားလပ္ခ်ိန္ေတြမွာ ဇာတ္လမ္းအျပည့္အစံုကို တစ္ခါတည္း ၾကည့္ရႈႏုိင္တဲ့ ရုပ္ရွင္အေသးစားကို ဆုိတာပါ။

Micro Film ေတြဟာ အေမရိကန္ႏုိင္ငံမွာ ၁၉၉၀ ခုႏွစ္အေစာပိုင္းကာလမွာ ေပၚေပါက္လာျပီး ေျမေအာက္ခန္းမ်ား၊ ေကာ္ဖီဆိုင္မ်ား ၊ ဘီယာဘားစတဲ့ နားေနရာ ေနရာေတြမွာ လြတ္လြတ္လပ္လပ္ဖန္တီးျပီး လူနည္းစုအတြက္ ျပသခဲ့တာမ်ိဳးပါ။ အခုေခတ္မွာေတာ့ ဇာတ္လမ္းတုိသက္သက္မဟုတ္ဘဲ ရုိက္ကူးေရးနည္းပညာေတြ တိုးတက္ဖြံ႕ျဖိဳးလာျပီး Online Media ေတြမွာ ေခတ္စားလာလုိ႔ IT ေခတ္ရဲ့ ရုပ္ရွင္ပံုစံတစ္မ်ိဳးအသြင္ေတာင္ ျဖစ္လာရပါတယ္။

ကၽြန္ေတာ္တို႔ ျမန္မာႏုိင္ငံမွာလည္း Micro Film ပံုစံဟာ ေပၚလာတာ ႏွစ္အနည္းငယ္ၾကာျပီျဖစ္ျပီး တုိတုိနဲ႔ ထိထိမိမိ ရင္ထဲေရာက္ႏုိင္လို႔ ၾကည့္ရႈသူအမ်ားအျပားရွိလာပါျပီ၊ ဒါေၾကာင့္ ဒီ Film အမ်ိဳးအစားကို ရုိက္ကူးဖန္တီးခ်င္တဲ့ ဆန္းသစ္တဲ့ Idea ေတြနဲ႔ လူငယ္ဒါရုိက္တာေတြလည္း အမ်ားၾကီးေပၚလာပါျပီ။ ဒီလို လူငယ္ေတြအတြက္ Film Contest ေတြလည္း ေပၚလာခဲ့ျပီးေတာ့ ခုလက္ရွိက်င္းပမယ့္ တတိယၾကိမ္ေျမာက္ Myanmar Youth Micro Film ျပိဳင္ပြဲဟာလည္း တစ္ခု အပါအဝင္ျဖစ္ပါတယ္။

https://youtu.be/OqTM35eIKp8

ဒီျပိဳင္ပြဲဟာ အစဥ္အလာရွိတဲ့ ျပိဳင္ပြဲျဖစ္ျပီးေတာ့ အခုဆိုရင္ သံုးၾကိမ္ေျမာက္တုိင္ခဲ့ပါျပီ။ တစ္ႏွစ္ထက္တစ္ႏွစ္အရည္အေသြးေရာ အရည္အတြက္ေရာ ေကာင္းလာတဲ့အတြက္ ဆန္းသစ္တဲ့ စိတ္ကူးေတြနဲ႔ Micro Film ေတြ ရိုက္ကူးဖို႔ စိတ္ဝင္စားတဲ့ လူငယ္ေတြအားလံုးအတြက္ ယွဥ္ျပိဳင္သင့္တဲ့ ျပိဳင္ပြဲတစ္ခုပါ။ ဒီႏွစ္ ၂၀၁၇ ခုႏွစ္မွာလည္း ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံး၊ Channel 9 နဲ႔ Monnect Group တို႔ ပူးေပါင္းျပဳလုပ္တဲ့ ဒီ Myanmar Youth Micro Film ပြဲမွာ ဆုေၾကးေတြအေနနဲ႔လည္း ခုလို ခ်ီးျမွင့္မွာလို႔ သိရပါတယ္။

ဆုေၾကး

  • ပထမဆု – USD 6000
  • ဒုတိယဆု – USD 3000
  • တတိယဆု – USD 2000
  • အထူးဆု     – USD 2000
  • Huawei Exploration Award  – USD 2000
  • People’s Choice Award – USD 2000
  • ႏွစ္သိမ့္ဆုမ်ား  – USD 500 အသီးသီးခ်ီးျမွင့္မယ္လို႔ သိရပါတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ေသးဘဲ ဆုရရွိသူေတြကို Huawei ကလည္း P10 plus ၊ P10 စတဲ့ Huawei ထုတ္ကုန္ေတြကို ဆုအျဖစ္ ထပ္ေဆာင္းခ်ီးျမွင့္ဦးမွာပါ။

ဘယ္လို စည္းကမ္းသတ္မွတ္ခ်က္ေတြရွိလဲ

ျပည္ေထာင္စုျမန္မာႏုိင္ငံသားျဖစ္ဖုိ႔ပဲလိုအပ္ျပီး အသက္အရြယ္၊ အလုပ္အကိုင္၊ အရည္အခ်င္းကန္႔သတ္ထားတာေတာ့ မရွိပါဘူး။ အနည္းဆံုး ဇာတ္ကားၾကာခ်ိန္ ၃ မိနစ္ကေန ၅ မိနစ္အတြင္း ကိုယ့္စိတ္ၾကိဳက္ လြတ္လြတ္လပ္လပ္ပံုေဖာ္ရိုက္ကူးျပီး ပါဝင္ယွဥ္ျပိဳင္ႏုိင္ပါတယ္။ ရုပ္ရွင္ဇာတ္ကားေတြကို ေပးပို႔ရာမွာေတာ့ ေအာက္မွာ ပါတဲ့အခ်က္ေတြနဲ႔ ျပည့္စံုရမွာ ျဖစ္ပါတယ္။

  1. Video Format       : *.mpeg2 , *.mpeg4
  2. Ratio                      : 16:9
  3. Video Resolution : 1280×720
  4. System                   : NTSC

*စည္းကမ္းခ်က္အေသးစိတ္ကိုေတာ့ Myanmar Youth Micro Film ရဲ့ Facebook နဲ႔ ဒီေနရာမွာ သြားေရာက္ဖတ္ရႈလို႔ရပါတယ္။*

ဘယ္လို ျပိဳင္ပြဲဝင္ရမလဲ

ျပိဳင္ပြဲဝင္ဖို႔ စိတ္ပါဝင္စားတဲ့ အႏုပညာရွင္ေတြအေနနဲ႔ Myanmar Youth Micro Film Contest ရဲ့ တရားဝင္စာမ်က္ႏွာျဖစ္တဲ့ http://www.myanmarmicrofilm.com မွာ ဇြန္လ ၂၇ရက္ေန႔ကစျပီး ေဒါင္းလုတ္ရယူျပီး ဝင္ေရာက္ယွဥ္ျပိဳင္လို႔ ရေနျပီျဖစ္ပါတယ္။

ျပိဳင္ပြဲဝင္ဇာတ္ကားေတြကိုေတာ့ ဇြန္လ ၂ဝရက္ေန႔က စတင္လက္ခံေနျပီးေတာ့ စက္တင္ဘာလ ၃၀ ရက္ ၂၀၁၇ခုႏွစ္ထိ ေနာက္ဆံုးထားျပီး ဒီလိပ္စာကို ေပးပို႔လို႔ရပါတယ္။

Monnect Group Co.,Ltd
53,Strand Rd(Between 32th Street and Bo Soon Pad Road), 
Room#05-05, Pabedan Township,
Yangon 11141, Myanmar
Ph:+951-2307399, +959-458136788

ဖုိင္နယ္ပြဲစဥ္ကုိေတာ့ ေအာက္တုိဘာလမွာ ျပဳလုပ္ျပီး အေကာင္းဆံုးဇာတ္ကားေတြကို ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။ ျပိဳင္ပြဲဝင္လက္ရာေတြကုိေတာ့ အခ်ိန္နဲ႔ တေျပးညီ Facebook နဲ႔ Website ေတြမွာ တင္ထားေပးမွာ ျဖစ္ျပီး ပရိသတ္ေတြက Like & Share နဲ႔ အားေပးႏုိင္မွာ ျဖစ္ပါတယ္။

ဒီေနရာမွာ ထူးျခားတဲ့ အစီအစဥ္ေလးကေတာ့ ပရိသတ္ေတြအတြက္ျဖစ္ျပီး ျပိဳင္ပြဲဝင္ဇာတ္ကားေတြကို Like & Share လုပ္ရုံနဲ႔ Huawei P10 ကို ရရွိနုိင္မယ့္ အခြင့္အေရး၊ ျပီးေတာ့ Myanmar Youth Micro Film ရဲ့ Facebook မွာ ကိုယ့္စိတ္ကူးထဲက ပထမဆုရရွိႏုိင္တဲ့ ဇာတ္ကားေအာက္မွာ Comment ေပးျခင္းနဲ႔ Huawei P10 ကိုရရွိႏုိင္မယ့္ အခြင့္အေရးတုိ႔ ရွိတဲ့အတြက္ Micro Film ရုိက္ကူးသူေတြတင္ မဟုတ္ဘဲ အားေပးမယ့္ ပရိသတ္ေတြအတြက္လည္း တက္တက္ၾကြၾကြပါဝင္လို႔ ရပါတယ္။

ဒါတင္မဟုတ္ဘဲ “သင့္အႏုပညာ ဖန္တီးမွုုကို Channel 9 ရုပ္သံလိုင္းမွတဆင့္ တစ္နိုင္ငံလံုးရွိ ပရိတ္သတ္ဆီသို႔ တိုက္ရိုက္ထိေတြ႔ခြင့္ရႏိုင္မည့္ပြဲတခု”လို႔ ရည္ညြန္းထားတဲ့အတြက္လည္း ျပိဳင္ပြဲဝင္ရုံတင္မဟုတ္ဘဲ ပရိသတ္နဲ႔ တုိက္ရိုက္ထိေတြ႔ခြင့္ဆိုတဲ့ အခြင့္အေရးၾကီးပါ ရမွာျဖစ္ပါတယ္။

ဒီႏွစ္ Myanmar Youth Micro Film ရဲ့ ေဆာင္ပုဒ္ကေတာ့ “Exploration မ်ားရဲ့ ဆံုမွတ္၊ Micro Film ရဲ့ အိပ္မက္”ျဖစ္ပါတယ္။ ဒီေဆာင္ပုဒ္အတုိင္း စူးစမ္းေလ့လာ၊ ရွာေဖြေဖာ္ထုတ္၊ တီထြင္ဆန္းသစ္တဲ့ အုိင္ဒီယာေတြနဲ႔ သမရိုးက်ပံုစံေတြက ခြဲထြက္ျပီး သူမတူတဲ့ ဇာတ္လမ္း၊ဇာတ္ညြန္း၊ဇာတ္အိမ္ေကာင္းေကာင္းေလးမ်ားရွိရင္ကိုယ့္အႏုပညာအရည္အေသြးကို ပရိသတ္ေရွ႕ေမွာက္အေရာက္ေဖာ္ထုတ္ရေအာင္ ဝင္ျပိဳင္ၾကဖို႔ အခရာက တိုက္တြန္းခ်င္ပါတယ္ခင္ဗ်ာ။

www.akhayar.com

Unicode

လူတွေဟာ လောကမှာ ရှင်သန်နေထိုင်ဖို့အတွက် အခြေခံအချက်တွေဖြစ်တဲ့ စားဝတ်နေရေးကို ဖြေရှင်းကြရပါတယ်။ အခြေခံစားဝတ်နေရေးပြေလည်ပြီဆိုရင်တော့ လူတွေရဲ့ အခြားသော စိတ်လိုအင်ဆန္ဒတွေဟာ ပေါက်ဖွားလာပါတော့တယ်။ ရုပ်ခန္ဓာအတွက် အာဟာရတွေ ဖြည့်တင်းရသလိုပဲ စိတ်အတွက်လည်း စိတ်အာဟာရဖြစ်စေမယ့် သောတအာရုံ၊ စက္ခုအာရုံတွေကို ဖြည့်ဆည်းပေးဖို့ လိုပါတယ်။

စက္ခုအာရုံအတွက်ဆိုရင် ဟိုး Television ခေတ်ဦးက စလို့ အခု Online Streaming Media ခေတ်ထိ လူတွေဟာ ရုပ်ရှင်ကို မက်မက်မောမောကြည့်ရှုလာခဲ့ကြတာပါ။ အရင်ကတော့ အချိန်ပေးနိုင်လို့ ဇာတ်လမ်းရှည်တွေ၊ Series တွေကို ကြည့်ရှုနိုင်ပေမယ့် အခုတော့ ပြောင်းလဲလာတဲ့ လူနေမှုစနစ်အရ အချိန်သိပ်မပေးရတဲ့ Micro Film ၊ Short Film တွေကို ကားပေါ်မှာ၊ ရထားပေါ်မှာ၊ လူမှုကွန်ယက်ပေါ်မှာ၊ ရုံးတက်ရုံးဆင်းမှာ ကြည့်ရင်း စိတ်အာဟာရဖြည့်နေကြတာပါ။

Micro Film ဆိုတာ ကျွန်တော်တို့အတွက် ဝေါဟာရ စိမ်းကောင်းစိမ်းနိုင်ပေမယ့် Online မှာ ထုတ်လွှင့်ထားပြီး အချိန်တခဏလေးပေးရုံနဲ့ အားလပ်ချိန်တွေမှာ ဇာတ်လမ်းအပြည့်အစုံကို တစ်ခါတည်း ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်အသေးစားကို ဆိုတာပါ။

Micro Film တွေဟာ အမေရိကန်နိုင်ငံမှာ ၁၉၉၀ ခုနှစ်အစောပိုင်းကာလမှာ ပေါ်ပေါက်လာပြီး မြေအောက်ခန်းများ၊ ကော်ဖီဆိုင်များ ၊ ဘီယာဘားစတဲ့ နားနေရာ နေရာတွေမှာ လွတ်လွတ်လပ်လပ်ဖန်တီးပြီး လူနည်းစုအတွက် ပြသခဲ့တာမျိုးပါ။ အခုခေတ်မှာတော့ ဇာတ်လမ်းတိုသက်သက်မဟုတ်ဘဲ ရိုက်ကူးရေးနည်းပညာတွေ တိုးတက်ဖွံ့ဖြိုးလာပြီး Online Media တွေမှာ ခေတ်စားလာလို့ IT ခေတ်ရဲ့ ရုပ်ရှင်ပုံစံတစ်မျိုးအသွင်တောင် ဖြစ်လာရပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း Micro Film ပုံစံဟာ ပေါ်လာတာ နှစ်အနည်းငယ်ကြာပြီဖြစ်ပြီး တိုတိုနဲ့ ထိထိမိမိ ရင်ထဲရောက်နိုင်လို့ ကြည့်ရှုသူအများအပြားရှိလာပါပြီ၊ ဒါကြောင့် ဒီ Film အမျိုးအစားကို ရိုက်ကူးဖန်တီးချင်တဲ့ ဆန်းသစ်တဲ့ Idea တွေနဲ့ လူငယ်ဒါရိုက်တာတွေလည်း အများကြီးပေါ်လာပါပြီ။ ဒီလို လူငယ်တွေအတွက် Film Contest တွေလည်း ပေါ်လာခဲ့ပြီးတော့ ခုလက်ရှိကျင်းပမယ့် တတိယကြိမ်မြောက် Myanmar Youth Micro Film ပြိုင်ပွဲဟာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။

https://youtu.be/OqTM35eIKp8

ဒီပြိုင်ပွဲဟာ အစဉ်အလာရှိတဲ့ ပြိုင်ပွဲဖြစ်ပြီးတော့ အခုဆိုရင် သုံးကြိမ်မြောက်တိုင်ခဲ့ပါပြီ။ တစ်နှစ်ထက်တစ်နှစ်အရည်အသွေးရော အရည်အတွက်ရော ကောင်းလာတဲ့အတွက် ဆန်းသစ်တဲ့ စိတ်ကူးတွေနဲ့ Micro Film တွေ ရိုက်ကူးဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေအားလုံးအတွက် ယှဉ်ပြိုင်သင့်တဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒီနှစ် ၂၀၁၇ ခုနှစ်မှာလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ Channel 9 နဲ့ Monnect Group တို့ ပူးပေါင်းပြုလုပ်တဲ့ ဒီ Myanmar Youth Micro Film ပွဲမှာ ဆုကြေးတွေအနေနဲ့လည်း ခုလို ချီးမြှင့်မှာလို့ သိရပါတယ်။

ဆုကြေး

ပထမဆု – USD 6000
ဒုတိယဆု – USD 3000
တတိယဆု – USD 2000
အထူးဆု – USD 2000
Huawei Exploration Award  – USD 2000
People’s Choice Award – USD 2000
နှစ်သိမ့်ဆုများ  – USD 500 အသီးသီးချီးမြှင့်မယ်လို့ သိရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘဲ ဆုရရှိသူတွေကို Huawei ကလည်း P10 plus ၊ P10 စတဲ့ Huawei ထုတ်ကုန်တွေကို ဆုအဖြစ် ထပ်ဆောင်းချီးမြှင့်ဦးမှာပါ။

ဘယ်လို စည်းကမ်းသတ်မှတ်ချက်တွေရှိလဲ

ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ဖို့ပဲလိုအပ်ပြီး အသက်အရွယ်၊ အလုပ်အကိုင်၊ အရည်အချင်းကန့်သတ်ထားတာတော့ မရှိပါဘူး။ အနည်းဆုံး ဇာတ်ကားကြာချိန် ၃ မိနစ်ကနေ ၅ မိနစ်အတွင်း ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ်ပုံဖော်ရိုက်ကူးပြီး ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေကို ပေးပို့ရာမှာတော့ အောက်မှာ ပါတဲ့အချက်တွေနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။

Video Format       : *.mpeg2 , *.mpeg4
Ratio                      : 16:9
Video Resolution : 1280×720
System                   : NTSC

*စည်းကမ်းချက်အသေးစိတ်ကိုတော့ Myanmar Youth Micro Film ရဲ့ Facebook နဲ့ ဒီနေရာမှာ သွားရောက်ဖတ်ရှုလို့ရပါတယ်။*

ဘယ်လို ပြိုင်ပွဲဝင်ရမလဲ

ပြိုင်ပွဲဝင်ဖို့ စိတ်ပါဝင်စားတဲ့ အနုပညာရှင်တွေအနေနဲ့ Myanmar Youth Micro Film Contest ရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ http://www.myanmarmicrofilm.com မှာ ဇွန်လ ၂၇ရက်နေ့ကစပြီး ဒေါင်းလုတ်ရယူပြီး ဝင်ရောက်ယှဉ်ပြိုင်လို့ ရနေပြီဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ဇာတ်ကားတွေကိုတော့ ဇွန်လ ၂ဝရက်နေ့က စတင်လက်ခံနေပြီးတော့ စက်တင်ဘာလ ၃၀ ရက် ၂၀၁၇ခုနှစ်ထိ နောက်ဆုံးထားပြီး ဒီလိပ်စာကို ပေးပို့လို့ရပါတယ်။

Monnect Group Co.,Ltd
53,Strand Rd(Between 32th Street and Bo Soon Pad Road), 
Room#05-05, Pabedan Township,
Yangon 11141, Myanmar
Ph:+951-2307399, +959-458136788

ဖိုင်နယ်ပွဲစဉ်ကိုတော့ အောက်တိုဘာလမှာ ပြုလုပ်ပြီး အကောင်းဆုံးဇာတ်ကားတွေကို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်လက်ရာတွေကိုတော့ အချိန်နဲ့ တပြေးညီ Facebook နဲ့ Website တွေမှာ တင်ထားပေးမှာ ဖြစ်ပြီး ပရိသတ်တွေက Like & Share နဲ့ အားပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ထူးခြားတဲ့ အစီအစဉ်လေးကတော့ ပရိသတ်တွေအတွက်ဖြစ်ပြီး ပြိုင်ပွဲဝင်ဇာတ်ကားတွေကို Like & Share လုပ်ရုံနဲ့ Huawei P10 ကို ရရှိနိုင်မယ့် အခွင့်အရေး၊ ပြီးတော့ Myanmar Youth Micro Film ရဲ့ Facebook မှာ ကိုယ့်စိတ်ကူးထဲက ပထမဆုရရှိနိုင်တဲ့ ဇာတ်ကားအောက်မှာ Comment ပေးခြင်းနဲ့ Huawei P10 ကိုရရှိနိုင်မယ့် အခွင့်အရေးတို့ ရှိတဲ့အတွက် Micro Film ရိုက်ကူးသူတွေတင်မဟုတ်ဘဲ အားပေးမယ့် ပရိသတ်တွေအတွက်လည်း တက်တက်ကြွကြွပါဝင်လို့ ရပါတယ်။

ဒါတင်မဟုတ်ဘဲ “သင့်အနုပညာ ဖန်တီးမှုုကို Channel 9 ရုပ်သံလိုင်းမှတဆင့် တစ်နိုင်ငံလုံးရှိ ပရိတ်သတ်ဆီသို့ တိုက်ရိုက်ထိတွေ့ခွင့်ရနိုင်မည့်ပွဲတခု”လို့ ရည်ညွန်းထားတဲ့အတွက်လည်း ပြိုင်ပွဲဝင်ရုံတင်မဟုတ်ဘဲ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ဆိုတဲ့ အခွင့်အရေးကြီးပါ ရမှာဖြစ်ပါတယ်။

ဒီနှစ် Myanmar Youth Micro Film ရဲ့ ဆောင်ပုဒ်ကတော့ “Exploration များရဲ့ ဆုံမှတ်၊ Micro Film ရဲ့ အိပ်မက်”ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်အတိုင်း စူးစမ်းလေ့လာ၊ ရှာဖွေဖော်ထုတ်၊ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ သမရိုးကျပုံစံတွေက ခွဲထွက်ပြီး သူမတူတဲ့ ဇာတ်လမ်း၊ဇာတ်ညွန်း၊ဇာတ်အိမ်ကောင်းကောင်းလေးများရှိရင်ကိုယ့်အနုပညာအရည်အသွေးကို ပရိသတ်ရှေ့မှောက်အရောက်ဖော်ထုတ်ရအောင် ဝင်ပြိုင်ကြဖို့ အခရာက တိုက်တွန်းချင်ပါတယ်ခင်ဗျာ။