[Zawgyi]







[Unicode]

ကောက်ကြောင်းအလှပေါ်တဲ့ ဓါတ်ပုံအသစ်တွေတင်ပြီး ပွဲခံလိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

လတ်တလော ပရိသတ်တွေကြားမှာ ပွဲအဆူဆုံးဖြစ်နေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဓါတ်ပုံအသစ်တွေတင်ပြီး ပွဲခံလိုက်ပြန်ပါပြီ။

လွန်ခဲ့တဲ့ ၂ရက်က Balance Fitness 3 Gym ဖွင့်ပွဲမှာ ခန္ဓာကိုယ်အပေါ်ပိုင်းအသားပေး ကိုယ်ကျပ်ဇာအနက်ကွက်ဝတ်စုံလေးနဲ့ Facebook အသုံးပြုသူတွေအားလုံးရဲ့ အာရုံကို ဆွဲဆောင်ခဲ့တဲ့ သင်ဇာကတော့ ဒီနေ့မှာ ထပ်ပြီး ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားလိုက်ပြန်ပါပြီ။

သင်ဇာဝင့်ကျော်ဟာ ဒီနောက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအသားပေး ဝတ်စုံလေးတွေကို Fashion ကျကျ ကြွကြွရွရွ ဝတ်ဆင်တတ်သူဖြစ်ပြီး ပုရိသယောက်ျားအားလုံးရဲ့ စိတ်ဝင်စားမှုကို ပိုင်ဆိုင်ထားသူပါ။

အမဲရောင် Crop Top လေးကို Jeans အမဲရောင်ဘောင်းဘီတိုလေးနဲ့ ခန္ဓာကိုယ်အောက်ပိုင်း ပေါင်တံအလှဖော်ပြထားတဲ့ သင်ဇာရဲ့ ဒီနေ့ Fashion ကတော့ She rocks it လို့ပဲ ပြောရလောက်အောင် အလွန်အကျူး Hot နေပါတော့တယ်။

EiEiKhineMinn (Akhayar)