[Zawgyi]

ခႏၶာကိုယ္အသားေပးဝတ္စံုေၾကာင့္ အြန္လိုင္းမွာနာမည္ႀကီးေနတဲ့ သင္ဇာဝင့္ေက်ာ္

Balance Fitness ဆိုင္ခြဲ ဖြင့္လွစ္တဲ့ အခမ္းအနားကို တက္ေရာက္ခဲ့တဲ့ သရုပ္ေဆာင္သင္ဇာဝင့္ေက်ာ္ရဲ ႔ဖက္ရွင္ ဟာ အြန္လိုင္းမွာ ေတာ္ေတာ္ကို ဂယက္ရိုက္ခဲ့ပါတယ္။ ခႏၶာကိုယ္အသားေပးဖက္ရွင္ေတြ ကိုဝတ္ဆင္ေလ့ရွိတဲ့ သင္ဇာဝင့္ေက်ာ္တစ္ေယာက္ အရင္ကထက္ကိုပိုလို႔ အသားေပးၿပီးဝတ္ဆင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ ပံုေတြကို ႀကိဳက္နွစ္သက္ၿပီး Share ၾကတဲ့ သူေတြရွိသူသလို ၊ သူမရဲ ႔အခုလိုဝတ္ဆင္ခဲ့ပံု ကိုေဝဖန္ေျပာဆိုၾကတဲ့ အြန္လိုင္းပရိသတ္ေတြလည္း ရွိလို႔ေနပါတယ္။

အဲ့လိုဝတ္ဆင္ၿပီးပြဲမတက္ခင္ တစ္ရက္ကလည္း လူမႈကြန္ရက္ေပၚမွာသူမတင္ခဲ့တဲ့ ပံု ေတြေၾကာင့္ သူမရဲ ႔အေကာင့္မွာ Comment တခ်ိဳ႕ အျပန္အလွန္အျငင္းပြားမႈတခ်ိဳ႕ ရွိခဲ့တာကိုလည္း ေတြ႔ရပါတယ္။ ဒီလိုအျငင္းပြားတာကလည္း သင္ဇာဝင့္ေက်ာ္ကို ေထာက္ခံသူပရိသတ္တစ္ေယာက္နဲ႔ သင္ဇာ့ကို အပစ္တင္ေျပာဆိုသူတစ္ဦးတို႔ရွိခဲ့ၿပီး အပစ္တင္နစ္နစ္နာနာေျပာဆိုတဲ့ သူကိုေတာ့ သင္ဇာကသူမကိုမေတာင္းပန္ရင္ တရားစြဲဆိုတဲ့ အထိျပဳလုပ္သြားမယ္လို႔လည္း သူမက Comment မွာျပန္လည္ေျပာဆိုထားတာေတြ႔ရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပရိသတ္ေတြၾကား အျငင္းပြားဖြယ္ျဖစ္ခဲ့တဲ့ သူမရဲ ႔လူမႈကြန္ရက္ေပၚမွ ပံု

ဒီရက္ပိုင္းအတြင္းမွာေတာ့ သရုပ္ေဆာင္သင္ဇာဝင့္ေက်ာ္ရဲ ႔ဖက္ရွင္ပံု ဆန္းဆန္းေလးေတြေၾကာင့္ လူမႈကြန္ရက္ေပၚမွာ Share သူက Share ၊ ေျပာသူကေျပာ ၊ ေထာက္ခံသူကေထာက္ခံ နဲ႔ စည္ကားလ်က္ရွိတာျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Thin Zar Wint Kyaw Facebook Page

www.akhayar.com 
[Unicode]

ခန္ဓာကိုယ်အသားပေးဝတ်စုံကြောင့် အွန်လိုင်းမှာနာမည်ကြီးနေတဲ့ သင်ဇာဝင့်ကျော်

Balance Fitness ဆိုင်ခွဲ ဖွင့်လှစ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ရဲ့ဖက်ရှင် ဟာ အွန်လိုင်းမှာ တော်တော်ကို ဂယက်ရိုက်ခဲ့ပါတယ်။ ခန္ဓာကိုယ်အသားပေးဖက်ရှင်တွေ ကိုဝတ်ဆင်လေ့ရှိတဲ့ သင်ဇာဝင့်ကျော်တစ်ယောက် အရင်ကထက်ကိုပိုလို့ အသားပေးပြီးဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပုံတွေကို ကြိုက်နှစ်သက်ပြီး Share ကြတဲ့ သူတွေရှိသူသလို ၊ သူမရဲ့အခုလိုဝတ်ဆင်ခဲ့ပုံ ကိုဝေဖန်ပြောဆိုကြတဲ့ အွန်လိုင်းပရိသတ်တွေလည်း ရှိလို့နေပါတယ်။

အဲ့လိုဝတ်ဆင်ပြီးပွဲမတက်ခင် တစ်ရက်ကလည်း လူမှုကွန်ရက်ပေါ်မှာသူမတင်ခဲ့တဲ့ ပုံ တွေကြောင့် သူမရဲ့အကောင့်မှာ Comment တချို့ အပြန်အလှန်အငြင်းပွားမှုတချို့ ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီလိုအငြင်းပွားတာကလည်း သင်ဇာဝင့်ကျော်ကို ထောက်ခံသူပရိသတ်တစ်ယောက်နဲ့ သင်ဇာ့ကို အပစ်တင်ပြောဆိုသူတစ်ဦးတို့ရှိခဲ့ပြီး အပစ်တင်နစ်နစ်နာနာပြောဆိုတဲ့ သူကိုတော့ သင်ဇာကသူမကိုမတောင်းပန်ရင် တရားစွဲဆိုတဲ့ အထိပြုလုပ်သွားမယ်လို့လည်း သူမက Comment မှာပြန်လည်ပြောဆိုထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပရိသတ်တွေကြား အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ သူမရဲ့လူမှုကွန်ရက်ပေါ်မှ ပုံ

ဒီရက်ပိုင်းအတွင်းမှာတော့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ရဲ့ဖက်ရှင်ပုံ ဆန်းဆန်းလေးတွေကြောင့် လူမှုကွန်ရက်ပေါ်မှာ Share သူက Share ၊ ပြောသူကပြော ၊ ထောက်ခံသူကထောက်ခံ နဲ့ စည်ကားလျက်ရှိတာဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Thin Zar Wint Kyaw Facebook Page

www.akhayar.com