[Zawgyi]

သားေလးရဲ႕ အိပ္ေနတဲ့စတုိင္မ်ိဳးစုံကုိ ပရိသတ္ဆီခ်ျပလုိက္တဲ့ သဥၨာႏြယ္၀င္း

အိမ္ေထာင္ျပဳျပီးကထဲက အႏုပညာေလာကနဲ႕ ကင္းကြာေနတာၾကာျပီျဖစ္တဲ့ သရုပ္ေဆာင္ သဥၹာႏြယ္၀င္း ကေတာ့ လတ္တေလာမွာ သားေလးတစ္ေယာက္ေမြးဖြားထားျပီး စိတ္ခ်မ္းသာဖြယ္ရာမိသားစုဘ၀ေလးပုိင္ဆုိင္ထားတဲ့ မင္းသမီးတစ္လက္ျဖစ္ပါတယ္။ အႏုပညာရွင္ေတြေမြးဖြားတဲ့ သားသားမီးမီးေလးေတြဟာလည္း မိဘေတြထက္ေတာင္ ပုိျပီးလူခ်စ္လူခင္မ်ားၾကတာမုိ႕ လူမႈကြန္ရက္မွာပါ နာမည္ၾကီးလ်က္ရွိပါတယ္။

အဲ့ဒီထဲမွာ မင္းသမီးေခ်ာေလး သဥၹာႏြယ္၀င္း ရဲ႕ သားသားေလးလည္း အပါအ၀င္ျဖစ္ပါတယ္။ ေမေမသဥၹာ တစ္ေယာက္ သားသားေလးရဲ႕ အိပ္နည္းေပါင္းစုံကုိ ရုိက္ကူးထားတဲ့ ပုံေလးေတြ လြန္ခဲ့တဲ့နာရီပုိင္းေလာက္က လူမႈကြန္ရက္အေကာင့္မွာ မွ်ေ၀ထားတာေတြ႕ရပါတယ္။ မ်က္ႏွာနဲ႕ မ်က္လုံး၀ုိင္း၀ုိင္းေလး ပုိင္ဆုိင္ထားတဲ့ သားသားေလးဟာ ၀၀ကစ္ကစ္ေလးနဲ႕ ခ်စ္စရာအရမ္းေကာင္းတာေၾကာင့့္လည္း သဥၹာက မက္မြန္သီးေလးလုိ႕ နာမည္ေျပာင္ေလး ေပးထားပါတယ္။

သူတုိ႕ဇနီးေမာင္ႏွံအတြက္ ပထမဆုံးသားဦးေလးျဖစ္တဲ့အတြက္လည္း အခ်စ္ပုိေနရသလုိ ပရိသတ္ေတြကလည္း မက္မြန္သီးေလးရဲ႕ ပုံေလးေတြကုိ သေဘာက်ျပီး အရမ္းခ်စ္ေနၾကျပီျဖစ္ပါတယ္။ စတုိင္မ်ိဳးစုံနဲ႕အိပ္ျပီး အရမ္းခ်စ္ဖုိ႕ေကာင္းတဲ့ သားသားေလးရဲ႕ ပုံရိပ္ေတြကုိ ၾကည့္ရင္း သေဘာက်မယ္လုိ႕ေမွ်ာ္လင့္ပါတယ္။ ပရိသတ္ေတြမွာလည္း ဒီလုိခ်စ္စရာေကာင္းတဲ့ သားသားမီးမီးေလးေတြရဲ႕ အိပ္ေနတဲ့ပုံေလးေတြ ရွိရင္ ေဖာ္ျပခဲ့ပါဦးေနာ္။

Photos Credit – Thizar NweWin Facebook

Stella(Akhayar)

www.akhayar.com

[Unicode]

သားလေးရဲ့ အိပ်နေတဲ့စတိုင်မျိုးစုံကို ပရိသတ်ဆီချပြလိုက်တဲ့ သဉ္ဖာနွယ်ဝင်း

အိမ်ထောင်ပြုပြီးကထဲက အနုပညာလောကနဲ့ ကင်းကွာနေတာကြာပြီဖြစ်တဲ့ သရုပ်ဆောင် သဉ္ဖာနွယ်ဝင်း ကတော့ လတ်တလောမှာ သားလေးတစ်ယောက်မွေးဖွားထားပြီး စိတ်ချမ်းသာဖွယ်ရာမိသားစုဘဝလေးပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ အနုပညာရှင်တွေမွေးဖွားတဲ့ သားသားမီးမီးလေးတွေဟာလည်း မိဘတွေထက်တောင် ပိုပြီးလူချစ်လူခင်များကြတာမို့ လူမှုကွန်ရက်မှာပါ နာမည်ကြီးလျက်ရှိပါတယ်။

အဲ့ဒီထဲမှာ မင်းသမီးချောလေး သဉ္ဖာနွယ်ဝင်း ရဲ့ သားသားလေးလည်း အပါအဝင်ဖြစ်ပါတယ်။ မေမေသဉ္ဖာ တစ်ယောက် သားသားလေးရဲ့ အိပ်နည်းပေါင်းစုံကို ရိုက်ကူးထားတဲ့ ပုံလေးတွေ လွန်ခဲ့တဲ့နာရီပိုင်းလောက်က လူမှုကွန်ရက်အကောင့်မှာ မျှဝေထားတာတွေ့ရပါတယ်။ မျက်နှာနဲ့ မျက်လုံးဝိုင်းဝိုင်းလေး ပိုင်ဆိုင်ထားတဲ့ သားသားလေးဟာ ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာအရမ်းကောင်းတာကြောင့်လည်း သဉ္ဖာက မက်မွန်သီးလေးလို့ နာမည်ပြောင်လေး ပေးထားပါတယ်။

သူတို့ဇနီးမောင်နှံအတွက် ပထမဆုံးသားဦးလေးဖြစ်တဲ့အတွက်လည်း အချစ်ပိုနေရသလို ပရိသတ်တွေကလည်း မက်မွန်သီးလေးရဲ့ ပုံလေးတွေကို သဘောကျပြီး အရမ်းချစ်နေကြပြီဖြစ်ပါတယ်။ စတိုင်မျိုးစုံနဲ့အိပ်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ သားသားလေးရဲ့ ပုံရိပ်တွေကို ကြည့်ရင်း သဘောကျမယ်လို့မျှော်လင့်ပါတယ်။ပရိသတ်တွေမှာလည်း ဒီလိုချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေရဲ့ အိပ်နေတဲ့ပုံလေးတွေ ရှိရင် ဖော်ပြခဲ့ပါဦးနော်။

Photos Credit – Thizar NweWin Facebook

Stella(Akhayar)

www.akhayar.com