[Zawgyi]






www.akhayar.com

[Unicode]

ကြော်ငြာရိုက်ကွင်းမှာ တွေ့ရတဲ့ ချစ်စရာမိသားစုလေးနဲ့ သဉ္စာနွယ်ဝင်း

လူတိုင်းဟာ အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ပြုကြတဲ့အခါ ချစ်စရာကောင်းတဲ့ မိသားစုလေး ပိုင်ဆိုင်ဖို့ဆိုတာ စိတ်ကူးအိပ်မက်တစ်ခုပါပဲ။ ဒီလို ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ကြသူတွေထဲမှာ သဉ္စာနွယ်ဝင်းတို့ မိသားစုလေးလည်း ပါဝင်ပါတယ်။

ဝိတိုရိယဆေးရုံပြက္ခဒိန်အတွက် သူတို့ မိသားစုလိုက် ရိုက်ထားတဲ့ ပုံလေးတွေကို ကြည့်ရင်လည်း တကယ့်ကို ကြည်နူးစရာပါ။

ဒီလို သာယာပျော်ရွှင်တဲ့ မိသားစုလေး ပိုင်ဆိုင်ရုံတင်မဟုတ်ဘဲ မေမေသဉ္စာနွယ်ဝင်းဟာ သားဦးလေး Peach ကိုမွေးဖွားပြီးနောက်ပိုင်းမှာ အခုလို ပိုပိုပြီးလည်း လှလာပါသေးတယ်။

ချစ်ဖို့ ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ဒီလို အလှတွေတိုးပြီး ချစ်ဖို့ ကောင်းတဲ့ သဉ္စာနွယ်ဝင်းရဲ့ အလှအပလျှို့ဝှက်ချက်ကိုလည်း အခွင့်ရှိရင် သိချင်ပါသေးတယ်နော်။

www.akhayar.com

Photo Credit : Thinzar Nwe Win