[Zawgyi]

Akhayar Media ကေန စာဖတ္ပရိတ္သတ္ေတြ သုတ၊ ရသနဲ့ ဗဟုသုတပိုၿပီးစံုစံုလင္လင္ရနိုင္ဖို႔အတြက္ လက္ရွိ Akhayar အဖြဲ့သားေတြတင္ဆက္ေနတဲ႔ ေဆာင္းပါးေတြအျပင္ ဒီတစ္ပတ္ကစၿပီး ျပင္ပကစာေရးဆရာေတြရဲ့ေဆာင္းပါးလက္ရာေကာင္းေတြကိုပါ အလ်ဥ္းသင့္သလိုေဖၚျပေပးသြားမွာျဖစ္ပါတယ္။ ဒီေန့မွာေတာ့ အြန္လိုင္းမွာေရာ လူသိမ်ားတဲ့ စာေရးဆရာတစ္ဦးျဖစ္သူ ေဒါက္တာၿဖိဳးသီဟရဲ႕ေဆာင္းပါးေကာင္းတစ္ပုဒ္ကို စတင္တင္ဆက္ေပးလိုက္ပါတယ္။ ဆရာ၀န္တစ္ျဖစ္လည္း စာအေရးအသားေကာင္းၿပီး လူငယ္ေတြအတြက္ ဗဟုသုတရဖြယ္ ပညာေပးေဆာင္းပါးေတြေရးသားတင္ဆက္ေလ့ရွိတဲ့ ေဒါက္တာၿဖိဳးသီဟရဲ႕ ေဆာင္းပါးေကာင္းေတြကို အခရာမွာေစာင့္ေမွ်ာ္ဖတ္ရႈၽႏိုင္ပါတယ္။

“Ha Ha ကေပးတဲ့ အေတြးစမ်ား”

ပထမဆံုးေျပာခ်င္တာက ရယ္စရာအျဖစ္ တင္ထားတဲ့ပို႕စ္ကုိ Ha Ha ေပးတာဟာ ရင္းႏွီးမႈကုိ ျပတယ္ ဆိုတာပဲ။ တစ္ခါတစ္ေလ ကုိယ္ေလးစားရျပီး သိပ္လည္းမရင္းႏွီးတဲ့သူေတြက ဟာသတင္ထားတာေတြ႕ရင္ တျခားလူေတြ Ha Ha ေပးေနေပမယ့္ ကုိယ္ကေတာ့ မေပးရဲဘူး။ အားနာလို႔ေလ။ မရင္းႏွီးဘဲ ေပးလုိက္ရင္ စိတ္မ်ားဆုိးသြားမလားေပါ့။ အဲ့လိုမဟုတ္ဘဲ စိတ္ထဲရင္းႏွီးေနတဲ့သူေတြက် ေပးရဲတယ္။ ဒါေၾကာင့္ေျပာတာ၊ ရယ္စရာေျပာလုိ႕ ရယ္သြားတာက ရင္းႏွီးမႈကို ျပတယ္လုိ႕။

ဟုတ္ျပီ၊ ဒါဆုိ ရယ္စရာမဟုတ္တဲ့ ပုိ႔စ္မွာ လာေပးရင္ေရာ။

နံပါတ္တစ္ ျဖည္႕ေတြးေပးလိုက္ပါ။

ကၽြန္ေတာ္ ရုပ္ရွင္ဇာတ္ကားနဲ႕ နမူနာေပးမယ္။ ဆုိပါစို႕၊ ဇာတ္ကားထဲမွာ မင္းသမီးက မင္းသားေနာက္ကို ခုိးရာလိုက္ဖုိ႕ ခ်ိန္းလုိက္တယ္။ မင္းသားက မင္းသမီးဆီ လာတဲ့လမ္းမွာ အေရးေပၚလူနာတစ္ေယာက္နဲ႕ ေတြ႕ျပီး ေဆးရံုလိုက္ပို႕ေပးေနရေတာ့ လာတာ နည္းနည္းေနာက္က်သြားတယ္။ အဲဒီမွာပဲ မင္းသမီးကုိ သူ႕အိမ္ကမိျပီး ျပန္လာေခၚသြားတယ္။ မင္းသားေရာက္လာေတာ့ သူမရွိေတာ့ဘူး။
မင္းသမီးကလည္း စိတ္ေတြနာတယ္၊ သူ႕ကို လာမခုိးလုိ႕။ မင္းသားကလည္း စိတ္ဆုိးတယ္၊ သူ႕ကို မေစာင့္ဘဲ မိဘေပးစားတဲ့သူနဲ႕ ယူလိုက္လုိ႕။

ဒါေပမယ့္ ေဘးကေန ၾကည္႕ေနေတာ့ ကၽြန္ေတာ္တုိ႕ကေတာ့ သိတယ္၊ မင္းသား ဘာေၾကာင့္ စိတ္ဆိုးတယ္၊ မင္းသမီး ဘာေၾကာင့္ စိတ္ဆုိးတယ္။ ဒီေတာ့ ႏွစ္ေယာက္လံုးရဲ႕ ခံစားခ်က္ကို နားလည္တယ္။

အုိေခ လက္ေတြ႕ဘ၀မွာက်ေတာ့ေရာ။

ေလာကဇာတ္ခံုေပၚမွာက်ေတာ့ ကၽြန္ေတာ္တို႕ဟာ မင္းသားဆုိ မင္းသား၊ မင္းသမီးဆုိ မင္းသမီး၊ ဇာတ္ေကာင္စရုိက္တစ္ခုကိုပဲ သရုပ္ေဆာင္ၾကရတယ္။ ဒီေတာ့ ကိုယ့္ဇာတ္ေကာင္အေၾကာင္းပဲ ကုိယ္သိတယ္။ တစ္ဖက္လူရဲ႕ အေနအထားကို ဘယ္ေတာ့မွ ထည္႕မတြက္မိၾကဘူး။ ဒီအခါ နားလည္မႈေတြ လြဲတယ္၊ ဆက္ဆံေရးေတြ အဆင္မေျပဘူး၊ တစ္ေယာက္နဲ႕တစ္ေယာက္ ျပႆနာေတြျဖစ္တယ္။

တစ္ခ်က္ျပန္ၾကည္႕ၾကည္႕ပါ၊ Ha Ha နဲ႕ Love နဲ႕က ကပ္ရက္ပဲ။ ကုိယ္ေတြလည္း မွားျပီး ႏွိပ္ဖူးတာပဲ။ ဒီေတာ့ သူတို႕လည္း မွားႏွိပ္သြားတာေနမယ္လုိ႕ ျဖည္႕ေတြးေပးလုိ႕ရတယ္။

အဲ့လိုျဖည္႕ေတြးေတာ့ ကိုယ္လည္း စိတ္ခ်မ္းသာရတယ္။ ေနာက္ျပီး ျဖည္႕ေတြးတတ္တဲ့ အေလ့အထဟာ အလုပ္မွာလည္း ေအာင္ျမင္ေစတယ္။

လူငယ္ေတြနဲ႕ နမူနာေပးမယ္။ ကုိယ္က အလုပ္နဲ႕ပတ္သက္တဲ့ Report တစ္ေစာင္ကုိ ေသခ်ာအားထုတ္ျပီး ေရးလိုက္တယ္ဆိုပါေတာ့၊ လူၾကီးက ဘာမွမတံု႕ျပန္ဘူး။ ဘာလို႕လဲ။ လူၾကီး ဆုိကတည္းက အလုပ္မ်ားမယ္၊ ကိုယ့္အတြက္က တစ္ေစာင္တည္းေပမယ့္ သူက အေစာင္ေပါင္းမ်ားစြာ ဖတ္ေနရတာ။ ဒီေတာ့ သူလိုတာ ကြန္႕ညႊန္႕ထားတာေတြ မဟုတ္ဘူး။ Short to the point information ပဲ။ ငါသာ ဒီလိုလူၾကီးေနရာသာဆုိရင္လို႕ ျဖည္႕ေတြးတတ္မယ္ဆိုရင္ ကုိယ္ေျပာခ်င္တဲ့စကားကို သူ႕နားေပါက္ေအာင္ ေျပာလုိ႕ရမယ္၊ ကုိယ္အလုပ္လုပ္ေၾကာင္း သိမယ္၊ ကုိယ့္ျပႆနာအတြက္ အေျဖကုိ သူ႕ဆီကေန ရမယ္။ ဒါေၾကာင့္ ျဖည္႕ေတြးတတ္ဖုိ႕ လိုတယ္လို႕ ေျပာတာ။

စဥ္းစားၾကည္႕၊ ဟိုဘက္ဒီဘက္ကပ္ရက္ ခလုတ္ေလးအတြက္ေတာင္ ျဖည္႕မေတြးေပးတတ္ဘဲ ကုိယ့္ဆီ အေမေနမေကာင္းလို႕ ခြင့္လာတင္တဲ့ ၀န္ထမ္းကို ဘယ္လုိနားလည္မႈ ေပးမလဲ၊ အလုပ္မွာ တစ္ေယာက္နဲ႕တစ္ေယာက္ အဆင္ေျပေအာင္ ဘယ္လိုညွိႏိႈင္းမလဲ။

ေနာက္တစ္ခု၊ ဒါဆုိ မွားႏွိပ္တာ မဟုတ္ဘဲ တမင္တကာ ေပးသြားတယ္ဆိုရင္ေရာ။

လူေတြရဲ႕အျမင္ဟာ တစ္ေယာက္နဲ႕တစ္ေယာက္ မတူၾကဘူး။ သူ႕ဟာသူလည္း မွန္ေနႏိုင္ၾကတယ္။ အေျဖမွန္ရယ္လို႕ တစ္ခုတည္းရွိရေအာင္ ဘ၀ဆုိတာ Money Drop ကစားေနတာလည္း မဟုတ္ဘူး။ ကုိယ့္အတြက္ မွန္ပါတယ္လို႕ ထင္ထားတ့ဲ အေၾကာင္းအရာတစ္ခုဟာ သူမ်ားအတြက္ ရယ္စရာျဖစ္ခ်င္ျဖစ္ေနမွာေပါ့။ ဒါ ဘာဆန္းသလဲ။ လက္ခံေပးရမွာပဲ။

ေနာက္ျပီး ကုိယ့္ရဲ႕အျမင္တစ္ခုဟာ အဲ့လုိသူတစ္ပါးရဲ႕ ရီအက္ရွင္ေပၚမွာ မူတည္ေနတာလားလို႕လည္း ျပန္ေမးၾကည္႕သင့္တယ္။ ကုိယ္ကုိယ္တုိင္ ယံုၾကည္လို႕ပဲ ပုိ႕စ္တင္ထားျပီးျပီပဲ။ ဖတ္သူ အေယာက္တစ္ေထာင္မွာ ၉၉၉ ေယာက္က Ha Ha လုပ္သြားဦးေတာ့၊ အဲဒါ ဘာအေရးလဲ။ ဒီလိုလူေတြရဲ႕ တံု႕ျပန္မႈကို သိပ္အေလးထားေနတယ္ဆိုရင္ေတာ့ ကုိယ့္ကုိယ္ကုိယ္ ျပန္ေမးၾကည္႕သင့္တယ္။ ကုိယ္ေရးတာ တကယ္ေရာ ကုိယ္ကုိယ္တုိင္ ယံုၾကည္ရဲ႕လားလို႕။

ေနာက္တစ္ခု ဆက္စပ္လုိ႕ေျပာျပမယ္။ ကၽြန္ေတာ့္ကို ေျပာၾကတာရွိတယ္၊ ဘာလဲဆုိေတာ့ ဆရာ့စာေတြက အစြန္းလြတ္တယ္၊ အေရးအသား ႏူးညံ႕တယ္၊ ဘယ္လိုေလ့က်င့္သလဲတဲ့။

ကၽြန္ေတာ္ ေျဖလုိက္တယ္။ ဘယ္လုိမွ မေလ့က်င့္ဘူးလို႕။ လွ်ိဳ႕၀ွက္ခ်က္ကေတာ့ အဆဲခံ၊ အေ၀ဖန္ခံရရင္း ခုလိုျဖစ္လာတာပဲ။

နမူနာေပးမယ္။ “အဆုိေတာ္ျဖစ္ခ်င္ရင္ ေရသန္႕ဗူးဒဏ္ ခံႏုိင္ရမယ္” လုိ႕ ေရးလိုက္ေတာ့ လူေတြက အားေပးၾကတယ္။ ပရုိပီသမႈကို ေရးထားတာကိုး။ တစ္ေယာက္ကက် ၀င္ေျပာတယ္၊ “အ့ဲေတာ့ အဆုိေတာ္ကုိ ေရသန္႕ဗူးနဲ႕ ေပါက္တဲ့လုပ္ရပ္က မွန္တယ္ထင္တယ္ေပါ့” တဲ့။ ဟာ ဟုတ္သား၊ တစ္ခုကို ရင္ထဲထိသြားေအာင္ ေရးလိုက္တာ၊ ဆုိလုိရင္းက အဲ့လိုျဖစ္သြားတယ္။ အဲဒါနဲ႕ “အဆုိေတာ္ျဖစ္ခ်င္ရင္ အေ၀ဖန္ခံႏုိင္ရမယ္” ဆိုတာမ်ိဳးေတြ ေရးတတ္လာတယ္။

ေျပာခ်င္တာက ကုိယ္တစ္ခုခု လုပ္လုိက္တဲ့အခါမွာ ခ်ီးက်ဴးသံေတြက ကုိယ့္ကို ဆက္လုပ္ဖုိ႕ ခြန္အားေပးလိမ့္မယ္၊ ဒါေပမယ့္ ေလွာင္ေျပာင္သံေတြ၊ ေ၀ဖန္ျပစ္တင္သံေတြကပဲ ကုိယ့္ကို ပုိေကာင္းတဲ့ လူတစ္ေယာက္ ျဖစ္လာေစမွာ ျဖစ္တယ္ ဆုိတာပဲ။

ေနာက္ဆံုးတစ္ခု။ “၀က္ျဖစ္မွေတာ့ မစင္ မေၾကာက္နဲ႕” တဲ့။ ဒါကေတာ့ မထူးဇာတ္ခင္းလိုက္ေတာ့ ဆုိတာမ်ိဳးေပါ့။ ကၽြန္ေတာ္ကေတာ့ ေနာက္တစ္မ်ိဳးနဲ႕ ေျပာၾကည္႕မယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ေရးဖူးတယ္၊ အမ်ိဳးသမီးေတြ ဘုရားေပၚမတက္ရတဲ့ကိစၥနဲ႕ ပတ္သက္လုိ႕။ အဲဒီပို႕စ္ကုိ ေရးေတာ့ ကၽြန္ေတာ္ အလုပ္ကိစၥနဲ႕ ခ်င္းျပည္နယ္ထဲ ေရာက္ေနတဲ့အခ်ိန္။ ပို႕စ္ကိုက ရြာမဆင္းခင္ တင္သြားတာ၊ တင္ျပီးသိပ္မၾကာဘူး၊ Celebrity တစ္ေယာက္က ရွယ္တာ ေတြ႕လိုက္ရတယ္။ စိတ္ထဲေတာင္ ထင္လုိက္ေသး၊ သူေတာ့ အဆဲခံရေတာ့မယ္ေပါ့။ အဲဒါနဲ႕ ရြာဆင္း၊ အင္တာနက္က မမိ၊ ညေန ဒီဘက္ျပန္ေရာက္လုိ႕ ပို႕စ္ကုိ ၾကည္႕လုိက္ေတာ့ ပြဲျဖစ္ေနျပီ။ Like ေတြေရာ Comment ေတြေရာ အမ်ားၾကီး။ ဆဲထားတာေတြလည္း အလွဴလုိပဲ၊ Ha Ha ေပးတာေလာက္ေတာ့ သနားတယ္။ အဲဒါနဲ႕ ခုနက Celebrity ဆီကုိ ၀င္ၾကည္႕ေတာ့ ပို႕စ္ကိုမေတြ႕ရေတာ့ဘူး။ ဖ်က္လုိက္ျပီ။

အဲဒါနဲ႕ ေတြးမိတယ္။ သူက ဖ်က္လိုက္ေတာ့ ကၽြန္ေတာ္ေရာ ဖ်က္ရမလား။ မရဘူး။ ဘာလို႕ဆိုေတာ့ သူက ျပည္သူခ်စ္တဲ့ အႏုပညာရွင္၊ Entertainer ျဖစ္ျပီး ကၽြန္ေတာ္ကေတာ့ လူ႕အသုိင္းအ၀ုိင္းၾကားမွာ နက္နက္ရိႈင္းရိႈင္း တြယ္ျငိေနတဲ့ အယူအဆေတြကို ေျပာင္းလဲေစခ်င္တဲ့သူ ျဖစ္လုိ႕ပဲ။ ဒီလိုအေျခအေန၊ ဒီလိုကြန္မန္႕၊ ဒီလိုေ၀ဖန္မႈေတြက ကၽြန္ေတာ္ မလြဲမေသြ ရင္ဆုိင္ရမွာပဲ။ ေရွာင္ေနလို႕ မရဘူး။

တကယ္ေတာ့ ေတြးၾကည္႕ရင္ အလုပ္တုိင္း အလုပ္တုိင္းမွာ အေကာင္းရွိသလို အဆုိးလည္း ရွိတယ္။ စစ္သားဟာ တုိင္းျပည္ကုိ ကာကြယ္ေပးရလို႕ ျပည္သူေတြက ခ်စ္ၾကတယ္၊ တစ္ဖက္မွာလည္း တုိက္ပြဲက်တာ၊ ထိခုိ္က္ဒဏ္ရာရတာေတြက လက္တစ္ကမ္းပဲ။ ဆရာ၀န္ဘ၀ သိပ္ေပ်ာ္စရာေကာင္းတယ္။ ကုသုိလ္လည္း ရ၊ ၀မ္းလည္း၀။ တစ္ဖက္မွာလည္း အလုပ္ခ်ိန္ အတည္တက်မရွိတာ၊ လူ႕အသက္နဲ႕ အလုပ္လုပ္ေနရတာ၊ စိတ္ဖိစီးမႈမ်ားတာ၊ အျမဲမျပတ္ စာေလ့လာေနရတာ ဒါေတြက ကပ္ပါလာတာပဲ။ အဆိုေတာ္၊ မင္းသားမင္းသမီးဘ၀။ လူတကာလိုခ်င္ၾကတယ္။ ဒါေပမယ့္ အေ၀ဖန္ခံရတာ၊ ေကာလဟာလထြက္တာ၊ ဒါေတြကလည္း တစ္ဖက္မွာ ရွိေနျပန္တာပဲ။

ဒါေၾကာင့္ ကၽြန္ေတာ္တို႕ဟာ ၀က္ျဖစ္ခ်င္ရင္ မစင္ေၾကာက္ေနလုိ႕ေတာ့ မရဘူး။ တကယ္လို႕ ေၾကာက္ေနရင္လည္း ၀က္မလုပ္ေနသင့္ဘူး။ အေကာင္းေတြအတြက္ ေက်နပ္ေပ်ာ္ရႊင္ေနတဲ့ တစ္ခ်ိန္တည္းမွာ သူ႕ရဲ႕ အဆုိးေတြအားလံုးကုိလည္း သိမ္းၾကံဳးလက္ခံႏုိင္စြမ္း ရွိရတယ္။ ဒါကိုပဲ ပရုိပီသတယ္လို႕ ေခၚတာပဲျဖစ္တယ္။

www.akhayar.com

[Unicode]

Akhayar Media ကနေ စာဖတ်ပရိတ်သတ်တွေ သုတ၊ ရသနဲ့ ဗဟုသုတပိုပြီးစုံစုံလင်လင်ရနိုင်ဖို့အတွက် လက်ရှိ Akhayar အဖွဲ့သားတွေတင်ဆက်နေတဲ့ ဆောင်းပါးတွေအပြင် ဒီတစ်ပတ်ကစပြီး ပြင်ပကစာရေးဆရာတွေရဲ့ဆောင်းပါးလက်ရာကောင်းတွေကိုပါ အလျဉ်းသင့်သလိုဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အွန်လိုင်းမှာရော လူသိများတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ဒေါက်တာဖြိုးသီဟရဲ့ဆောင်းပါးကောင်းတစ်ပုဒ်ကို စတင်တင်ဆက်ပေးလိုက်ပါတယ်။ ဆရာဝန်တစ်ဖြစ်လည်း စာအရေးအသားကောင်းပြီး လူငယ်တွေအတွက် ဗဟုသုတရဖွယ် ပညာပေးဆောင်းပါးတွေရေးသားတင်ဆက်လေ့ရှိတဲ့ ဒေါက်တာဖြိုးသီဟရဲ့ ဆောင်းပါးကောင်းတွေကို အခရာမှာစောင့်မျှော်ဖတ်ရှုျနိုင်ပါတယ်။

“Ha Ha ကပေးတဲ့ အတွေးစများ”

ပထမဆုံးပြောချင်တာက ရယ်စရာအဖြစ် တင်ထားတဲ့ပို့စ်ကို Ha Ha ပေးတာဟာ ရင်းနှီးမှုကို ပြတယ် ဆိုတာပဲ။ တစ်ခါတစ်လေ ကိုယ်လေးစားရပြီး သိပ်လည်းမရင်းနှီးတဲ့သူတွေက ဟာသတင်ထားတာတွေ့ရင် တခြားလူတွေ Ha Ha ပေးနေပေမယ့် ကိုယ်ကတော့ မပေးရဲဘူး။ အားနာလို့လေ။ မရင်းနှီးဘဲ ပေးလိုက်ရင် စိတ်များဆိုးသွားမလားပေါ့။ အဲ့လိုမဟုတ်ဘဲ စိတ်ထဲရင်းနှီးနေတဲ့သူတွေကျ ပေးရဲတယ်။ ဒါကြောင့်ပြောတာ၊ ရယ်စရာပြောလို့ ရယ်သွားတာက ရင်းနှီးမှုကို ပြတယ်လို့။

ဟုတ်ပြီ၊ ဒါဆို ရယ်စရာမဟုတ်တဲ့ ပို့စ်မှာ လာပေးရင်ရော။

နံပါတ်တစ် ဖြည့်တွေးပေးလိုက်ပါ။

ကျွန်တော် ရုပ်ရှင်ဇာတ်ကားနဲ့ နမူနာပေးမယ်။ ဆိုပါစို့၊ ဇာတ်ကားထဲမှာ မင်းသမီးက မင်းသားနောက်ကို ခိုးရာလိုက်ဖို့ ချိန်းလိုက်တယ်။ မင်းသားက မင်းသမီးဆီ လာတဲ့လမ်းမှာ အရေးပေါ်လူနာတစ်ယောက်နဲ့ တွေ့ပြီး ဆေးရုံလိုက်ပို့ပေးနေရတော့ လာတာ နည်းနည်းနောက်ကျသွားတယ်။ အဲဒီမှာပဲ မင်းသမီးကို သူ့အိမ်ကမိပြီး ပြန်လာခေါ်သွားတယ်။ မင်းသားရောက်လာတော့ သူမရှိတော့ဘူး။
မင်းသမီးကလည်း စိတ်တွေနာတယ်၊ သူ့ကို လာမခိုးလို့။ မင်းသားကလည်း စိတ်ဆိုးတယ်၊ သူ့ကို မစောင့်ဘဲ မိဘပေးစားတဲ့သူနဲ့ ယူလိုက်လို့။

ဒါပေမယ့် ဘေးကနေ ကြည့်နေတော့ ကျွန်တော်တို့ကတော့ သိတယ်၊ မင်းသား ဘာကြောင့် စိတ်ဆိုးတယ်၊ မင်းသမီး ဘာကြောင့် စိတ်ဆိုးတယ်။ ဒီတော့ နှစ်ယောက်လုံးရဲ့ ခံစားချက်ကို နားလည်တယ်။

အိုခေ လက်တွေ့ဘဝမှာကျတော့ရော။

လောကဇာတ်ခုံပေါ်မှာကျတော့ ကျွန်တော်တို့ဟာ မင်းသားဆို မင်းသား၊ မင်းသမီးဆို မင်းသမီး၊ ဇာတ်ကောင်စရိုက်တစ်ခုကိုပဲ သရုပ်ဆောင်ကြရတယ်။ ဒီတော့ ကိုယ့်ဇာတ်ကောင်အကြောင်းပဲ ကိုယ်သိတယ်။ တစ်ဖက်လူရဲ့ အနေအထားကို ဘယ်တော့မှ ထည့်မတွက်မိကြဘူး။ ဒီအခါ နားလည်မှုတွေ လွဲတယ်၊ ဆက်ဆံရေးတွေ အဆင်မပြေဘူး၊ တစ်ယောက်နဲ့တစ်ယောက် ပြဿနာတွေဖြစ်တယ်။

တစ်ချက်ပြန်ကြည့်ကြည့်ပါ၊ Ha Ha နဲ့ Love နဲ့က ကပ်ရက်ပဲ။ ကိုယ်တွေလည်း မှားပြီး နှိပ်ဖူးတာပဲ။ ဒီတော့ သူတို့လည်း မှားနှိပ်သွားတာနေမယ်လို့ ဖြည့်တွေးပေးလို့ရတယ်။

အဲ့လိုဖြည့်တွေးတော့ ကိုယ်လည်း စိတ်ချမ်းသာရတယ်။ နောက်ပြီး ဖြည့်တွေးတတ်တဲ့ အလေ့အထဟာ အလုပ်မှာလည်း အောင်မြင်စေတယ်။

လူငယ်တွေနဲ့ နမူနာပေးမယ်။ ကိုယ်က အလုပ်နဲ့ပတ်သက်တဲ့ Report တစ်စောင်ကို သေချာအားထုတ်ပြီး ရေးလိုက်တယ်ဆိုပါတော့၊ လူကြီးက ဘာမှမတုံ့ပြန်ဘူး။ ဘာလို့လဲ။ လူကြီး ဆိုကတည်းက အလုပ်များမယ်၊ ကိုယ့်အတွက်က တစ်စောင်တည်းပေမယ့် သူက အစောင်ပေါင်းများစွာ ဖတ်နေရတာ။ ဒီတော့ သူလိုတာ ကွန့်ညွှန့်ထားတာတွေ မဟုတ်ဘူး။ Short to the point information ပဲ။ ငါသာ ဒီလိုလူကြီးနေရာသာဆိုရင်လို့ ဖြည့်တွေးတတ်မယ်ဆိုရင် ကိုယ်ပြောချင်တဲ့စကားကို သူ့နားပေါက်အောင် ပြောလို့ရမယ်၊ ကိုယ်အလုပ်လုပ်ကြောင်း သိမယ်၊ ကိုယ့်ပြဿနာအတွက် အဖြေကို သူ့ဆီကနေ ရမယ်။ ဒါကြောင့် ဖြည့်တွေးတတ်ဖို့ လိုတယ်လို့ ပြောတာ။

စဉ်းစားကြည့်၊ ဟိုဘက်ဒီဘက်ကပ်ရက် ခလုတ်လေးအတွက်တောင် ဖြည့်မတွေးပေးတတ်ဘဲ ကိုယ့်ဆီ အမေနေမကောင်းလို့ ခွင့်လာတင်တဲ့ ဝန်ထမ်းကို ဘယ်လိုနားလည်မှု ပေးမလဲ၊ အလုပ်မှာ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေအောင် ဘယ်လိုညှိနှိုင်းမလဲ။

နောက်တစ်ခု၊ ဒါဆို မှားနှိပ်တာ မဟုတ်ဘဲ တမင်တကာ ပေးသွားတယ်ဆိုရင်ရော။

လူတွေရဲ့အမြင်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ သူ့ဟာသူလည်း မှန်နေနိုင်ကြတယ်။ အဖြေမှန်ရယ်လို့ တစ်ခုတည်းရှိရအောင် ဘဝဆိုတာ Money Drop ကစားနေတာလည်း မဟုတ်ဘူး။ ကိုယ့်အတွက် မှန်ပါတယ်လို့ ထင်ထားတဲ့ အကြောင်းအရာတစ်ခုဟာ သူများအတွက် ရယ်စရာဖြစ်ချင်ဖြစ်နေမှာပေါ့။ ဒါ ဘာဆန်းသလဲ။ လက်ခံပေးရမှာပဲ။

နောက်ပြီး ကိုယ့်ရဲ့အမြင်တစ်ခုဟာ အဲ့လိုသူတစ်ပါးရဲ့ ရီအက်ရှင်ပေါ်မှာ မူတည်နေတာလားလို့လည်း ပြန်မေးကြည့်သင့်တယ်။ ကိုယ်ကိုယ်တိုင် ယုံကြည်လို့ပဲ ပို့စ်တင်ထားပြီးပြီပဲ။ ဖတ်သူ အယောက်တစ်ထောင်မှာ ၉၉၉ ယောက်က Ha Ha လုပ်သွားဦးတော့၊ အဲဒါ ဘာအရေးလဲ။ ဒီလိုလူတွေရဲ့ တုံ့ပြန်မှုကို သိပ်အလေးထားနေတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်တယ်။ ကိုယ်ရေးတာ တကယ်ရော ကိုယ်ကိုယ်တိုင် ယုံကြည်ရဲ့လားလို့။

နောက်တစ်ခု ဆက်စပ်လို့ပြောပြမယ်။ ကျွန်တော့်ကို ပြောကြတာရှိတယ်၊ ဘာလဲဆိုတော့ ဆရာ့စာတွေက အစွန်းလွတ်တယ်၊ အရေးအသား နူးညံ့တယ်၊ ဘယ်လိုလေ့ကျင့်သလဲတဲ့။

ကျွန်တော် ဖြေလိုက်တယ်။ ဘယ်လိုမှ မလေ့ကျင့်ဘူးလို့။ လျှို့ဝှက်ချက်ကတော့ အဆဲခံ၊ အဝေဖန်ခံရရင်း ခုလိုဖြစ်လာတာပဲ။

နမူနာပေးမယ်။ “အဆိုတော်ဖြစ်ချင်ရင် ရေသန့်ဗူးဒဏ် ခံနိုင်ရမယ်” လို့ ရေးလိုက်တော့ လူတွေက အားပေးကြတယ်။ ပရိုပီသမှုကို ရေးထားတာကိုး။ တစ်ယောက်ကကျ ဝင်ပြောတယ်၊ “အဲ့တော့ အဆိုတော်ကို ရေသန့်ဗူးနဲ့ ပေါက်တဲ့လုပ်ရပ်က မှန်တယ်ထင်တယ်ပေါ့” တဲ့။ ဟာ ဟုတ်သား၊ တစ်ခုကို ရင်ထဲထိသွားအောင် ရေးလိုက်တာ၊ ဆိုလိုရင်းက အဲ့လိုဖြစ်သွားတယ်။ အဲဒါနဲ့ “အဆိုတော်ဖြစ်ချင်ရင် အဝေဖန်ခံနိုင်ရမယ်” ဆိုတာမျိုးတွေ ရေးတတ်လာတယ်။

ပြောချင်တာက ကိုယ်တစ်ခုခု လုပ်လိုက်တဲ့အခါမှာ ချီးကျူးသံတွေက ကိုယ့်ကို ဆက်လုပ်ဖို့ ခွန်အားပေးလိမ့်မယ်၊ ဒါပေမယ့် လှောင်ပြောင်သံတွေ၊ ဝေဖန်ပြစ်တင်သံတွေကပဲ ကိုယ့်ကို ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာစေမှာ ဖြစ်တယ် ဆိုတာပဲ။

နောက်ဆုံးတစ်ခု။ “ဝက်ဖြစ်မှတော့ မစင် မကြောက်နဲ့” တဲ့။ ဒါကတော့ မထူးဇာတ်ခင်းလိုက်တော့ ဆိုတာမျိုးပေါ့။ ကျွန်တော်ကတော့ နောက်တစ်မျိုးနဲ့ ပြောကြည့်မယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရေးဖူးတယ်၊ အမျိုးသမီးတွေ ဘုရားပေါ်မတက်ရတဲ့ကိစ္စနဲ့ ပတ်သက်လို့။ အဲဒီပို့စ်ကို ရေးတော့ ကျွန်တော် အလုပ်ကိစ္စနဲ့ ချင်းပြည်နယ်ထဲ ရောက်နေတဲ့အချိန်။ ပို့စ်ကိုက ရွာမဆင်းခင် တင်သွားတာ၊ တင်ပြီးသိပ်မကြာဘူး၊ Celebrity တစ်ယောက်က ရှယ်တာ တွေ့လိုက်ရတယ်။ စိတ်ထဲတောင် ထင်လိုက်သေး၊ သူတော့ အဆဲခံရတော့မယ်ပေါ့။ အဲဒါနဲ့ ရွာဆင်း၊ အင်တာနက်က မမိ၊ ညနေ ဒီဘက်ပြန်ရောက်လို့ ပို့စ်ကို ကြည့်လိုက်တော့ ပွဲဖြစ်နေပြီ။ Like တွေရော Comment တွေရော အများကြီး။ ဆဲထားတာတွေလည်း အလှူလိုပဲ၊ Ha Ha ပေးတာလောက်တော့ သနားတယ်။ အဲဒါနဲ့ ခုနက Celebrity ဆီကို ဝင်ကြည့်တော့ ပို့စ်ကိုမတွေ့ရတော့ဘူး။ ဖျက်လိုက်ပြီ။

အဲဒါနဲ့ တွေးမိတယ်။ သူက ဖျက်လိုက်တော့ ကျွန်တော်ရော ဖျက်ရမလား။ မရဘူး။ ဘာလို့ဆိုတော့ သူက ပြည်သူချစ်တဲ့ အနုပညာရှင်၊ Entertainer ဖြစ်ပြီး ကျွန်တော်ကတော့ လူ့အသိုင်းအဝိုင်းကြားမှာ နက်နက်ရှိုင်းရှိုင်း တွယ်ငြိနေတဲ့ အယူအဆတွေကို ပြောင်းလဲစေချင်တဲ့သူ ဖြစ်လို့ပဲ။ ဒီလိုအခြေအနေ၊ ဒီလိုကွန်မန့်၊ ဒီလိုဝေဖန်မှုတွေက ကျွန်တော် မလွဲမသွေ ရင်ဆိုင်ရမှာပဲ။ ရှောင်နေလို့ မရဘူး။

တကယ်တော့ တွေးကြည့်ရင် အလုပ်တိုင်း အလုပ်တိုင်းမှာ အကောင်းရှိသလို အဆိုးလည်း ရှိတယ်။ စစ်သားဟာ တိုင်းပြည်ကို ကာကွယ်ပေးရလို့ ပြည်သူတွေက ချစ်ကြတယ်၊ တစ်ဖက်မှာလည်း တိုက်ပွဲကျတာ၊ ထိခိုက်ဒဏ်ရာရတာတွေက လက်တစ်ကမ်းပဲ။ ဆရာဝန်ဘ၀ သိပ်ပျော်စရာကောင်းတယ်။ ကုသိုလ်လည်း ရ၊ ဝမ်းလည်းဝ။ တစ်ဖက်မှာလည်း အလုပ်ချိန် အတည်တကျမရှိတာ၊ လူ့အသက်နဲ့ အလုပ်လုပ်နေရတာ၊ စိတ်ဖိစီးမှုများတာ၊ အမြဲမပြတ် စာလေ့လာနေရတာ ဒါတွေက ကပ်ပါလာတာပဲ။ အဆိုတော်၊ မင်းသားမင်းသမီးဘဝ။ လူတကာလိုချင်ကြတယ်။ ဒါပေမယ့် အဝေဖန်ခံရတာ၊ ကောလဟာလထွက်တာ၊ ဒါတွေကလည်း တစ်ဖက်မှာ ရှိနေပြန်တာပဲ။

ဒါကြောင့် ကျွန်တော်တို့ဟာ ဝက်ဖြစ်ချင်ရင် မစင်ကြောက်နေလို့တော့ မရဘူး။ တကယ်လို့ ကြောက်နေရင်လည်း ဝက်မလုပ်နေသင့်ဘူး။ အကောင်းတွေအတွက် ကျေနပ်ပျော်ရွှင်နေတဲ့ တစ်ချိန်တည်းမှာ သူ့ရဲ့ အဆိုးတွေအားလုံးကိုလည်း သိမ်းကြုံးလက်ခံနိုင်စွမ်း ရှိရတယ်။ ဒါကိုပဲ ပရိုပီသတယ်လို့ ခေါ်တာပဲဖြစ်တယ်။

www.akhayar.com