[ZawGyi]

သၾကၤန္ရာသီစာ မုန္႔လံုးေရေပၚ စတုဒီသာလုပ္စားၾကမလား?

သၾကၤန္နဲ႔ မုန္႔လံုးေရေပၚ၊ မုန္႔လံုးေရေပၚနဲ႔ သၾကၤန္ဆိုတာ ခြဲမရတဲ့ အရာေတြပဲမဟုတ္လား။ သၾကၤန္ေရာက္တိုင္းလည္း အျပင္လည္လည္၊မလည္လည္ သၾကၤန္ရာသီစာေလးျဖစ္တဲ့ မုန္႔လံုးေရေပၚေလးစားလိုက္ရမွကို သၾကၤန္ရဲ႕ အႏွစ္သာရျပည့္ဝတယ္ ခံစားရတာကိုး။ ဒီေတာ့ အခရာကေနၿပီး မုန္႔လံုးေရေပၚ ဘယ္လို အရသာရွိရွိ လံုးစားလို႔ရမလဲ၊ စတုဒီသာ ေကြ်းလို႔ရမလဲ ဆိုတာ သတင္းစာလႊာပါးလိုက္ၿပီေနာ့။

မုန္႔လံုးေရေပၚနူးအိအိေလး

မုန္႔လံုးေရေပၚလံုးဖို႔အတြက္ လိုအပ္တဲ့ပစၥည္းေတြကလည္း မမ်ားပါဘူး။ လုပ္စားလိုတဲ့ပမာဏေပၚမူတည္ၿပီး-

(၁) ယိုးဒယားေကာက္ညင္းမုန္႔ -(၃) ခ်ိဳး
(၂) ဆန္မႈန္႔ – (၁) ခ်ိဳး
(၃) ေရၾကက္သီးေႏြး- (၂) ခ်ိဳး
(၄) ထန္းလ်က္ (သို႔) ၾကံသကာ
(၅) အုန္းသီး ျခစ္ၿပီးသား အုန္းသီးဖတ္ႏုႏုေလးေတြ
(၆) ဆီအနည္းငယ္
(၇) င႐ုတ္သီးစိမ္း ၄,၅ ေတာင့္

(၁) ပထမဦးစြာ ေကာက္ညင္းမႈန္႔ (၃) ခ်ိဳးနဲ႔ ဆန္မႈန္႔ (၁) ခ်ိဳးကို ေရၾကက္သီးေႏြး (၂) ခ်ိဳးနဲ႔ ေရာသမေမႊၿပီး ညက္ေနေအာင္နယ္ေပးပါ။

(၂) ထန္းလ်က္ (သို႔) ၾကံသကာကို အေနေတာ္အတံုးေလးေတြ တံုးထားပါ။ င႐ုတ္သီးစိမ္းေလးေတြကိုလည္း အၫွာခ်ိဳးထားပါ။

ထန္းလ်က္ခဲေလးေတြ

(၃) အေပၚက နယ္ထားတဲ့ ဆန္မႈန္႔ထဲကို ထန္းလ်က္(သို႔) ၾကံသကာတံုးေလးေတြ၊င႐ုတ္သီးစိမ္းေလးေတြ ထည့္လံုးေပးပါ။ လက္မကပ္ေအာင္ လက္ကို ဆီသန္႔သန္႔ေလး ဆြတ္နယ္ၿပီး လံုးလို႔ရပါတယ္။ ဒီေနရာမွာ ထန္းလ်က္ကို လံုေနေအာင္ အစာသြပ္ဖို႔ကေတာ့ အဓိကပါပဲ။

(၄) ပြက္ပြက္ဆူေနတဲ့ ေရေႏြးဦးထဲကို မုန္႔လံုးေလးေတြ ထည့္ပါ။ အခ်ိန္အနည္းငယ္အၾကာ မုန္႔လံုးေလးေတြ ေရေပၚဆူလာရင္ေတာ့ ဆယ္ၿပီး ပန္းကန္တစ္ခ်ပ္ထဲသို႔ အေအးခံထားပါ။

စားခ်င္စရာေလးပဲေနာ္ ( ငရုတ္သီးေလးနဲ႔ )

ေနာက္ဆံုးမွ အရသာရွိတဲ့ မုန္႔လံုးေရေပၚေလးေတြကိုအေပၚက အုန္းသီးဖတ္ႏုႏုေလးေတြျဖဴးၿပီး တလံုးၿပီးတလံုးအားရပါးရစားျပီး၊ အရပ္ထဲသို႔လည္း ေဝႏိုင္ပါၿပီ။ ကံထူးသူေမာင္ရွင္ကေတာ့ င႐ုတ္သီးေလးကိုက္ေၾကးဆိုေတာ့ ေပ်ာ္စရာလည္းေကာင္း၊ အရသာလည္းရွိ၊ သၾကၤန္႐ိုးရာေလးလည္းျဖစ္တဲ့ မုန္႔လံုးေရေပၚေတြ အလႈလုပ္ရင္း၊ စားရင္း ဒီႏွစ္သၾကၤန္ကို ေပ်ာ္ေပ်ာ္ပါးပါး အႏၲရာယ္ကင္းကင္းျဖတ္သန္းႏိုင္ၾကပါေစ။

photo credit

EiEiKhineMinn (Akhayar)

[Unicode]

သင်္ကြန်ရာသီစာစတုဒီသာ မုန့်လုံးရေပေါ် လုပ်စားကြမလား?

သင်္ကြန်နဲ့ မုန့်လုံးရေပေါ်၊ မုန့်လုံးရေပေါ်နဲ့ သင်္ကြန်ဆိုတာ ခွဲမရတဲ့ အရာတွေပဲမဟုတ်လား။ သင်္ကြန်ရောက်တိုင်းလည်း အပြင်လည်လည်၊မလည်လည် သင်္ကြန်ရာသီစာလေးဖြစ်တဲ့ မုန့်လုံးရေပေါ်လေးစားလိုက်ရမှကို သင်္ကြန်ရဲ့ အနှစ်သာရပြည့်ဝတယ် ခံစားရတာကိုး။ ဒီတော့ အခရာကနေပြီး မုန့်လုံးရေပေါ် ဘယ်လို အရသာရှိရှိ လုံးစားလို့ရမလဲ၊ စတုဒီသာ ကျွေးလို့ရမလဲ ဆိုတာ သတင်းစာလွှာပါးလိုက်ပြီနော့။

မုန့်လုံးရေပေါ်နူးအိအိလေး

မုန့်လုံးရေပေါ်လုံးဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကလည်း မများပါဘူး။ လုပ်စားလိုတဲ့ပမာဏပေါ်မူတည်ပြီး-

(၁) ယိုးဒယားကောက်ညင်းမုန့် -(၃) ချိုး
(၂) ဆန်မှုန့် – (၁) ချိုး
(၃) ရေကြက်သီးနွေး- (၂) ချိုး
(၄) ထန်းလျက် (သို့) ကြံသကာ
(၅) အုန်းသီး ခြစ်ပြီးသား အုန်းသီးဖတ်နုနုလေးများ။
(၆) ဆီအနည်းငယ်
(၇) ငရုတ်သီးစိမ်း ၄,၅ တောင့်

(၁) ပထမဦးစွာ ကောက်ညင်းမှုန့် (၃) ချိုးနဲ့ ဆန်မှုန့် (၁) ချိုးကို ရေကြက်သီးနွေး (၂) ချိုးနဲ့ ရောသမမွှေပြီး ညက်နေအောင်နယ်ပေးပါ။

(၂) ထန်းလျက် (သို့) ကြံသကာကို အနေတော်အတုံးလေးတွေ တုံးထားပါ။ ငရုတ်သီးစိမ်းလေးတွေကိုလည်း အညှာချိုးထားပါ။

ထန်းလျက်ခဲလေးတွေ

(၃) အပေါ်က နယ်ထားတဲ့ ဆန်မှုန့်ထဲကို ထန်းလျက်(သို့) ကြံသကာတုံးလေးတွေ၊ငရုတ်သီးစိမ်းလေးတွေ ထည့်လုံးပေးပါ။ လက်မကပ်အောင် လက်ကို ဆီသန့်သန့်လေး ဆွတ်နယ်ပြီး လုံးလို့ရပါတယ်။ ဒီနေရာမှာ ထန်းလျက်ကို လုံနေအောင် အစာသွပ်ဖို့ကတော့ အဓိကပါပဲ။

(၄) ပွက်ပွက်ဆူနေတဲ့ ရေနွေးဦးထဲကို မုန့်လုံးလေးတွေ ထည့်ပါ။ အချိန်အနည်းငယ်အကြာ မုန့်လုံးလေးတွေ ရေပေါ်ဆူလာရင်တော့ ဆယ်ပြီး ပန်းကန်တစ်ချပ်ထဲသို့ အအေးခံထားပါ။

စားချင်စရာလေးပဲနော် ( ငရုတ်သီးလေးနဲ့ )

နောက်ဆုံးမှ အရသာရှိတဲ့ မုန့်လုံးရေပေါ်လေးတွေကိုအပေါ်က အုန်းသီးဖတ်နုနုလေးတွေဖြူးပြီး တလုံးပြီးတလုံးအားရပါးရစားပြီး၊ အရပ်ထဲသို့လည်း ဝေနိုင်ပါပြီ။ ကံထူးသူမောင်ရှင်ကတော့ ငရုတ်သီးလေးကိုက်ကြေးဆိုတော့ ပျော်စရာလည်းကောင်း၊ အရသာလည်းရှိ၊ သင်္ကြန်ရိုးရာလေးလည်းဖြစ်တဲ့ မုန့်လုံးရေပေါ်တွေ အလှုလုပ်ရင်း၊ စားရင်း ဒီနှစ်သင်္ကြန်ကို ပျော်ပျော်ပါးပါး အန္တရာယ်ကင်းကင်းဖြတ်သန်းနိုင်ကြပါစေ။

photo credit

EiEiKhineMinn (Akhayar)