[Zawgyi]
Thingyan Festival
HP Pavilion
HP Pavilion
Thingyan Festival
Thingyan Festival
Acer Swift 3
Acer Swift 3
www.akhayar.com
[Unicode]
အလန်းစား ပြည်တွင်းပြည်ပကအနုပညာရှင်တွေနဲ့အတူ သင်္ကြန်လေးရက်လုံးကဲနိုင်စေဖို့…
မြန်မာနိုင်ငံမှာရှိတဲ့ ပွဲတော်တွေထဲကမှ ပြည်သူတွေအပျော်ဆုံးနဲ့ အနုပညာရှင်တွေရော ပရိသတ်ပြည်သူတွေပါ အားလုံးပါဝင်ကာဆင်နွှဲလေ့ရှိတဲ့ သင်္ကြန်ပွဲတော်ကတော့ မကြာခင်မှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ သင်္ကြန်ပိတ်ရက်လေးရက်မှာ ဘယ်မှာကဲကြမလဲ၊ ပြည်တွင်းပြည်ပက အလန်စားအနုပညာရှင်တွေနဲ့အတူ အပြတ်ကဲနိုင်ဖို့ ပြည်လမ်းပေါ်မှာရှိနေမယ့် Thingyan Music Festival – TMF နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Thingyan Festival
သင်္ကြန်လေးရက်လုံးမှာ မတူညီတဲ့အနုပညာရှင်တွေက မတူညီတဲ့ဖျော်ဖြေမှုပုံစံတွေနဲ့အတူ ဖျော်ဖြေပေးသွားမှာဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့နဲ့အတူတူ ပါဝင်ပြီးကဲနိုင်ဖို့ လက်မှတ်များကိုလည်း မတ်လ ၁၀ ရက်နေ့ကတည်းက ရောင်းချပေးနေတာဖြစ်ပါတယ်။
HP Pavilion
HP Pavilion
HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 
ကဲ… ဧပြီ ၁၃ အကြိုနေ့မှာတော့ မြန်မာမိန်းကလေးဒီဂျေတစ်ဦးဖြစ်တဲ့ Talented DJ လို့လည်း အသိများတဲ့ P4၊ Progressive House တွေနဲ့ဖျော်ဖြေမယ့် EMJ၊ Mr.Hypeman တစ်ဦးဖြစ်တဲ့ BIGGY WYNE ရဲ့မနက်ပိုင်းဖျော်ဖြေမှု၊ ညနေပိုင်းမှာတော့ ပြည်တွင်းပွဲတော်တွေမှာ ပရိတ်သတ်အခိုင်အမာရှိထားပြီး ရန်ကုန်မြို့ရဲ့နာမည်ကျော် FUSE ရဲ့ Resident DJs တွေဖြစ်တဲ့ Kitty ၊ HANE၊ မိန်းကလေးပရိသတ်တွေအများအပြားရရှိထားတဲ့ BG ၊ Blacklix ရဲ့ B2B Session အပြင် The Bugbears အဖွဲ့ရဲ့အမိုက်စားဖျော်ဖြေမှု၊ နောက်ဆုံးအကြိုနေ့ရဲ့ အပိတ်မှာတော့ ရုရှားနိုင်ငံမှကမ္ဘာ့ကျော် Shapov ရဲ့ဖျော်ဖြေမှုနဲ့အတူ ပြီးဆုံးမှာဖြစ်ပါတယ်။
Thingyan Festival
ဧပြီ ၁၄ အကျနေ့ရဲ့မနက်ပိုင်းမှာတော့ တက်သစ်စလူငယ် Y3LLO ရဲ့ဂီတဖျော်ဖြေမှုနဲ့အတူ စတင်မှာဖြစ်ပြီး ပြည်တွင်းစတားတွေဖြစ်ကြတဲ့ HANE နဲ့ S Logic တို့က ဆက်လက်ဖျော်ဖြေသွားမှာဖြစ်ကာ၊ ညနေပိုင်းမှာတော့ EMJ ဖျော်ဖြေမှုအပြင် DJ ရဲ့ဆရာတစ်ဆူဖြစ်တဲ့ Icez လည်းပါဝင်ပြီး၊ Terror Bass ကလည်း ထပ်မံအားဖြည့်ကာ ဖျော်ဖြေသွားမှာပါ။ အကျနေ့အပိတ်မှာတော့ ကမ္ဘာ့ထိပ်တန်း TOP 10 Hardstyle DJs စာရင်းဝင် Atmozfears အပါအဝင် EDM Fans တွေတောင့်တာနေကြတဲ့ ကမ္ဘာကျော် DJ/Producer ညီအစ်မ ၂ယောက်ဖြစ်တဲ့ Krewella တို့ပဲဖြစ်ပါတယ်။
ဧပြီ၁၅ အကြတ်နေ့မှာတော့ ပြည်တွင်းကစူပါစတားတော်တော်များများပါဝင်မှာဖြစ်ပါတယ်။ မနက်ပိုင်းဖျော်ဖြေမှုမှာပါဝင်မယ့် BEASTS ၊ past12 နဲ့ The Kendrick ဖြစ်ကာ၊ ညနေပိုင်းမှာတော့ Hip Hop Beat အလန်းတွေနဲ့ ဖျော်ဖြေမယ့် Mr.Y၊ Raw Trap နဲ့အမုန်းကျဲမယ့် OUJ အပြင် DJ လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Double U တို့က အားဖြည့်ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ညနေအပိတ်မှာတော့ ပြည်ပကစူပါစတားတွေဖြစ်တဲ့ LNY TNZ၊ Sophie Francis နဲ့ မြန်မာ Ravers တွေ အများဆုံးမျှော်လင့်နေကြတဲ့ Yellow Claw တို့က ပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။
Thingyan Festival
ကဲ…နောက်ဆုံးဧပြီ ၁၆ ရက်အတက်နေ့မှာတော့ အလန်းဆုံးနဲ့အကြမ်းဆုံးကဲနိုင်ဖို့ ပါဝင်မယ့်သူတွေကတော့ FUSE ရဲ့ Resident Lady DJ တစ်ယောက်ဖြစ်တဲ့ Kitty၊ Trap Music အလန်းတွေနဲ့ SKIMM၊ Special B2B Performance အနေနဲ့ BG နဲ့ Blacklix တို့က ပူးပေါင်းဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ Fred၊ Progressive Groove Beats တွေနဲ့ The Bugbears အပါအဝင်အမိုက်စားဖျော်ဖြေမှုတွေနဲ့ Dynamite တို့က ဖျော်ဖြေသွားမှာဖြစ်ကာ၊ နောက်ဆုံးအပိတ်အနေနဲ့ကတော့ Ummet Ozcan နဲ့ Brennan Heart တို့ရဲ့ ထူးထူးခြားခြားတင်ဆက်မှုတွေနဲ့ ပိတ်သိမ်းမှာဖြစ်ပါတယ်။
Acer Swift 3
Acer Swift 3
Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်
မနှစ်ကနဲ့မတူတဲ့ တကယ်ကိုအလန်းစားဖျော်ဖြေမှုတွေနဲ့ ကဲနိုင်ဖို့ လက်မှတ်ဈေးနှုန်းတွေနဲ့ လက်မှတ်ဝယ်ယူရမယ့်နေရာတွေကို အသေးစိတ်သိလိုပါက Thingyan Music Festival – TMF ပေ့ချ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ပိတ်ရက်သင်္ကြန်လေးရက်မှာ အလန်းဆုံးကဲနိုင်ကြပါစေနော်….
Photo Credit:Thingyan Music Festival – TMF
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။